

 2128





------------------------------------------------------------------------------------------------------------------------------------------------------

ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချို လမ်းပိုင်း BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ဆောင်မည့်အစီအစဉ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ရှင်းလင်း

တောင်ကြီး ဖေဖော်ဝါရီ - ၂၃

AXIOM MANDALAY HIGHWAY CONSTRUCTION CO.,LTD အနေဖြင့် ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချို လမ်းပိုင်း BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်ဆောင်မည့်အစီအစဉ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ရှင်းလင်းခြင်းအား ဖေဖော်ဝါရီ (၂၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

ဆက်လက်၍ လမ်းအထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရဇော်မှ ကျောက်ဂူ-နောင်ချိုလမ်းကို BOT စနစ်ဖြင့် ဖောက်လုပ်မည့်လမ်းအပိုင်းဖြစ်ပြီး လမ်းအမျိုးအစားမှာ ကတ္တရာ လမ်းခင်းခြင်း၊ မြေညှိခြင်း၊ လမ်းအကျယ်မှာ(၁၈)ပေအထိခင်းကျင်းသွားမည်ဖြစ်၍ ဒုတိယ၊ တတိယ၊ စတုတ္ထ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် BOT ၃နှစ်တာကာလအတွင်း ကတ္တရာလမ်း ၁၈ ပေအကျယ် တိုးချဲ့ဆောင်ရွက်ပေးရန်ရှိကြောင်း ပြောကြားသွားသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 56 guests and no members online

Latest Updates