ရှမ်းပြည်နယ်သတင်းများ

သက္တမ္းျပည့္တာဝန္ထမ္းေဆာင္ခဲ့သည့္ ရပ္ကြက္ေက်းရြာအုပ္စု၊ အုပ္ခ်ဳပ္ေရးမွူးမ်ားအား စရိတ္ခ်ီးျမႇင့္ေငြေပးအပ္

ေတာင္ႀကီး မတ္ - ၆

2132

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္မွ သက္တမ္းျပည့္တာဝန္ထမ္းေဆာင္ခဲ့သည့္ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ အုပ္ခ်ဳပ္ေရးမွူးမ်ားအား တစ္လုံးတစ္ခဲတည္း စရိတ္ခ်ီးျမႇင့္ေငြေပးအပ္ပြဲကို မတ္ (၆) ရက္နံနက္ (၉)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ခရိုင္/ၿမိဳ႕နယ္စုေပါင္း႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ေတာင္ႀကီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးမင္းစိုးမွ အဖြင့္အမွာစကား ေျပာၾကားရာတြင္ ေတာင္ႀကီးၿမိဳ႕ေပၚရပ္ကြက္ႏွင့္ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွူးမ်ားအား သက္တမ္းျပည့္တာဝန္ထမ္းေဆာင္ခဲ့သူမ်ားကို နိုင္ငံေတာ္မွ တစ္လုံးတစ္ခဲတည္း စရိတ္ခ်ီးျမႇင့္ေငြ ေပးအပ္ျခင္းျဖစ္ေၾကာင္း၊ ဒုတိယသက္တမ္းတြင္ တာဝန္ထမ္းေဆာင္သူမ်ားကိုလည္း ဒုတိယ သက္တမ္းကာလတြင္ တစ္လုံးတစ္ခဲတည္း ခ်ီးျမႇင့္ေပးၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုတိယ သက္တမ္းတြင္ တာဝန္မထမ္းေဆာင္နိုင္ပါက ပထမသက္တမ္းကို တစ္လုံးတစ္ခဲတည္းခ်ီးျမႇင့္ေပး သြားမည္ျဖစ္ေၾကာင္း၊ ေနာင္ႏွစ္မ်ားတြင္လည္း နိုင္ငံေတာ္မွ ယခုလိုေဆာင္ရြက္ေပးသြားမည္ ျဖစ္သည့္အတြက္ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးမ်ားအေနျဖင့္ ဌာနဆိုင္ရာမ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ သက္တမ္းျပည့္တာဝန္ထမ္းေဆာင္ခဲ့သည့္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္၊ ေက်းရြာအုပ္စု (၄၀)မွအုပ္ခ်ဳပ္ ေရးမွူးမ်ားအား တစ္လုံးတစ္ခဲတည္း စရိတ္ခ်ီးျမႇင့္ေငြ မ်ားကို တစ္ဦးလၽွင္ေငြက်ပ္ (၂၄၅၀၀၀)က်ပ္ကို ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ႏွင့္ တာဝန္ရွိ သူတို႔က ေပးအပ္ရာ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးတို႔က လက္ခံရယူၾကၿပီး ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွူးတို႔၏ကိုယ္စား ေအာင္သေျပရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူး ဦးေဇာ္ဝင္းမွ ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားရာတြင္ နိုင္ငံေတာ္မွ ယခုလိုမိမိတို႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူးမ်ားအား အသိအမွတ္ျပဳ ဂုဏ္ျပဳခ်ီးျမႇင့္ေပးသည့္အတြက္ ဝမ္းသာပါေၾကာင္းႏွင့္ ေရွ႕ဆက္ဌာနဆိုင္ရာမ်ားႏွင့္ လုပ္ငန္းမ်ားကို ပူးေပါင္းပါဝင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------------------------------------------------------------------------------------

 

သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား စရိတ်ချီးမြှင့်ငွေပေးအပ်

တောင်ကြီး မတ် - ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား တစ်လုံးတစ်ခဲတည်း စရိတ်ချီးမြှင့်ငွေပေးအပ်ပွဲကို မတ် (၆) ရက်နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့သူများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း စရိတ်ချီးမြှင့်ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒုတိယသက်တမ်းတွင် တာဝန်ထမ်းဆောင်သူများကိုလည်း ဒုတိယ သက်တမ်းကာလတွင် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယ သက်တမ်းတွင် တာဝန်မထမ်းဆောင်နိုင်ပါက ပထမသက်တမ်းကို တစ်လုံးတစ်ခဲတည်းချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း နိုင်ငံတော်မှ ယခုလိုဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀)မှအုပ်ချုပ် ရေးမှူးများအား တစ်လုံးတစ်ခဲတည်း စရိတ်ချီးမြှင့်ငွေ များကို တစ်ဦးလျှင်ငွေကျပ် (၂၄၅၀၀၀)ကျပ်ကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ သူတို့က ပေးအပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ကိုယ်စား အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားရာတွင် နိုင်ငံတော်မှ ယခုလိုမိမိတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးသည့်အတွက် ဝမ်းသာပါကြောင်းနှင့် ရှေ့ဆက်ဌာနဆိုင်ရာများနှင့် လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 85 guests and no members online