ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးခရိုင္အုပ္ခ်ဳပ္ေရးမွူးဖလား ၿမိဳ႕နယ္ေပါင္းစုံ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး မတ္ - ၈

2134

   ၂၀၁၇ ခုႏွစ္ ေတာင္ႀကီးခရိုင္အုပ္ခ်ဳပ္ေရးမွူးဖလား ၿမိဳ႕နယ္ေပါင္းစုံ အသက္(၂၁)ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို မတ္(၇)ရက္ ညေန(၃)နာရီကေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားကြင္း၌ က်င္းပရာ ဗိုလ္လုပြဲအျဖစ္ ေတာင္ႀကီးၿမိဳ႕နယ္အသင္းႏွင့္ ဖယ္ခုံၿမိဳ႕နယ္ အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ ဖယ္ခုံၿမိဳ႕နယ္အသင္းမွ ၃-၂ ျဖင့္ အနိုင္ရဗိုလ္စြဲသြားေၾကာင္း သိရသည္။

   ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ အသန႔္ရွင္းဆုံးအသင္းရရွိေသာ ဟိုပုံးၿမိဳ႕နယ္အသင္း အား ဆုဖလားႏွင့္ ေငြသားက်ပ္ (၁)သိန္းတို႔ကို ခရိုင္ေဘာလုံး ဆပ္ေကာ္မတီဥကၠဌ ဦးေက်ာ္နိုင္ႏွင့္ ဒုတိယဥကၠဌ ဦးေဇာ္ေဇာ္တို႔မွ  ခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ေနရာလိုက္အေကာင္းဆုံးဆုရ အားကစားသမားမ်ားအား ဆုတံဆိပ္ႏွင့္ေငြသားဆုကို ေတာင္ႀကီးခရိုင္ေဘာလုံး ဆပ္ေကာ္မတီ တာဝန္ရွိသူတို႔မွေပးအပ္၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ ေတာင္ႀကီးၿမိဳ႕နယ္ေဘာလုံး အသင္း အား တစ္ဦးခ်င္းဆုတံဆိပ္ကို ခရိုင္ လဝက မွူး ဦးျမတ္သူႏွင့္ ေငြသားဆုက်ပ္ (၃)သိန္းကို ခရိုင္အား/ကာမွူး ေဒၚနန္းအဲမာတို႔က ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ပထမဆုရရွိေသာ ဖယ္ခုံ ၿမိဳ႕နယ္ ေဘာလုံးအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ကို ကယန္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္ႏွင့္ ေငြသားဆုက်ပ္ (၅)သိန္း၊ တံခြန္စိုက္ဖလားတို႔ကို ေတာင္ႀကီးခရိုင္ အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္အံ့ေမာင္တို႔မွ အသီးသီး ခ်ီးျမႇင့္ေပးၾကသည္။

   အဆိုပါအခမ္းအနားသို႔ ျပည္နယ္လူမွုေရးဝန္ႀကီး၊ ကယန္းတိုင္းရင္းသားေရးရာဝန္ႀကီး၊ ခရိုင္/ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ား၊ ခရိုင္ေဘာလုံးဆပ္ေကာ္မတီဝင္မ်ား၊ အားကစားဝါသနာရွင္ မ်ား ၾကည့္ရွုအားေပး ၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------------------

တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး မတ် - ၈

   ၂၀၁၇ ခုနှစ် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ်(၇)ရက် ညနေ(၃)နာရီကတောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲအဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် ဖယ်ခုံမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖယ်ခုံမြို့နယ်အသင်းမှ ၃-၂ ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

   ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အသန့်ရှင်းဆုံးအသင်းရရှိသော ဟိုပုံးမြို့နယ်အသင်း အား ဆုဖလားနှင့် ငွေသားကျပ် (၁)သိန်းတို့ကို ခရိုင်ဘောလုံး ဆပ်ကော်မတီဥက္ကဌ ဦးကျော်နိုင်နှင့် ဒုတိယဥက္ကဌ ဦးဇော်ဇော်တို့မှ  ချီးမြှင့်ပေး၍လည်းကောင်း၊ နေရာလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုကို တောင်ကြီးခရိုင်ဘောလုံး ဆပ်ကော်မတီ တာဝန်ရှိသူတို့မှပေးအပ်၍လည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးမြို့နယ်ဘောလုံး အသင်း အား တစ်ဦးချင်းဆုတံဆိပ်ကို ခရိုင် လဝက မှူး ဦးမြတ်သူနှင့် ငွေသားဆုကျပ် (၃)သိန်းကို ခရိုင်အား/ကာမှူး ဒေါ်နန်းအဲမာတို့က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ဖယ်ခုံ မြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းအေးမောင်နှင့် ငွေသားဆုကျပ် (၅)သိန်း၊ တံခွန်စိုက်ဖလားတို့ကို တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်တို့မှ အသီးသီး ချီးမြှင့်ပေးကြသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင် များ ကြည့်ရှုအားပေး ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 90 guests and no members online