ရှမ်းပြည်နယ်သတင်းများ

သမိုင္းဝင္ေရွးေဟာင္းေမြေတာ္ကကၠဴ ဆုေတာင္းျပည့္ အာေသာကေစတီေတာ္ျမတ္ႀကီး ထီးေတာ္တင္ပြဲက်င္းပ

ေတာင္ႀကီး မတ္ - ၁၃

2141

   ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခရိုင္၊ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္၊ ကကၠဴေက်းရြာအုပ္စု၊ သမိုင္းဝင္ေရွးေဟာင္း ေမြေတာ္ကကၠဴ ဆုေတာင္းျပည့္ အာေသာကေစတီေတာ္ျမတ္ႀကီးထီးေတာ္တင္ပြဲကို မတ္(၁၂)ရက္ နံနက္(၁၀)နာရီက ကကၠဴဘုရား ပရဝဏ္အတြင္း၌က်င္းပေၾကာင္းသိရသည္။

   အခမ္းအနားကို ဆရာေတာ္၊ သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ပအိုဝ္းအမ်ိဳးသား ေခါင္းေဆာင္နာယကႀကီး ဦးေအာင္ခမ္းထီအမွူးျပဳေသာ ဘုရားဒါယကာ/ဒါယိကာ တရားနာပရိတ္သတ္အားလုံးတို႔က နေမာတႆသုံးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး၊ ရွမ္းျပည္နယ္သံဃာ့နာယကအဖြဲ႕ ဥကၠဌဆရာေတာ္ အဂၢမဟာပ႑ိတ မူလမင္းကြန္း တပ္ဦးဥတၱရာ႐ုံေက်ာင္းဆရာေတာ္ထံတြင္ ၾသကာသကန္ေတာ့္က်ိဳးျဖင့္ ကန္ေတာ့၍ ကိုးပါးသီလခံယူ ေဆာက္တည္ကာ ဆရာေတာ္သံဃာေတာ္မ်ားက ပရိတ္ေမတၱာတရားေတာ္မ်ားရြတ္ဖတ္ သရဇၨ်ာယ္ေပးၾကသည္။

   ဆက္လက္၍ စိန္ဖူးေတာ္၊ ဌက္မ်က္နားေတာ္တို႔ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က ဆရာေတာ္သံဃာေတာ္ မ်ားထံ ဆက္ကပ္လွူဒါန္းၾကၿပီး၊ ျပည္လည္အပ္ႏွံေသာ ဘုံဆင့္ထီးေတာ္မ်ားကို လွည္းယာဥ္ေပၚသို႔ ပင့္ေဆာင္ကာ ပန္းရထားျဖင့္ စိန္ဖူးေတာ္၊ ဌက္မ်က္နားေတာ္တို႔ကို ထီးေတာ္တင္ေပးၾက၍ ရတနာေရႊမိုး၊ ေငြမိုးမ်ား ရြာသြန္းေပးၾကသည္။

   ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ားတို႔သည္ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစု ရပ္ကြက္ရွိ ဒဲဥ္သီးေဗြကြင္း၌ က်င္းပေသာ(၆၈)ႀကိမ္ေျမာက္ ပအိုဝ္းအမ်ိဳးသားေန႔ အခမ္းအနားသို႔ တက္ေရာက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွူးႏွင့္ တာဝန္ရွိသူတို႔သည္ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ အမွာစကားေျပာၾကားကာ ယဥ္ေက်းမွုအကအဖြဲ႕မ်ားမွ ကျပေဖ်ာ္ေျဖတင္ဆက္ၾက၍ ပအိုဝ္းစာေပႏွင့္ ယဥ္ေက်းမွုအဖြဲ႕ ဥကၠဌ ဦးခြန္ဝင္းကိုမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

   ၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ယဥ္ေက်းမွုအကအဖြဲ႕မ်ားကိုအလွူေငြက်ပ္(၅)သိန္းေပးအပ္လွူဒါန္းကာ  တာဝန္ရွိသူတစ္ဦးမွ ဂုဏ္ျပဳပန္းျခင္းလက္ေဆာင္ေပးအပ္ၿပီး၊  ပအိုဝ္းစာေပႏွင့္ ယဥ္ေက်းမွုအဖြဲ႕ ဥကၠဌ ဦးခြန္ဝင္းကိုမွ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွူးႏွင့္ တာဝန္ရွိသူတို႔ကို အမွတ္တရဂုဏ္ျပဳလက္ေဆာင္ေပးအပ္ ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

---------------------------------------

သမိုင်းဝင်ရှေးဟောင်းမွေတော်ကက္ကူ ဆုတောင်းပြည့် အာသောကစေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကျင်းပ

တောင်ကြီး မတ် - ၁၃

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ သမိုင်းဝင်ရှေးဟောင်း မွေတော်ကက္ကူ ဆုတောင်းပြည့် အာသောကစေတီတော်မြတ်ကြီးထီးတော်တင်ပွဲကို မတ်(၁၂)ရက် နံနက်(၁၀)နာရီက ကက္ကူဘုရား ပရဝဏ်အတွင်း၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင်နာယကကြီး ဦးအောင်ခမ်းထီအမှူးပြုသော ဘုရားဒါယကာ/ဒါယိကာ တရားနာပရိတ်သတ်အားလုံးတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ မူလမင်းကွန်း တပ်ဦးဥတ္တရာရုံကျောင်းဆရာတော်ထံတွင် သြကာသကန်တော့်ကျိုးဖြင့် ကန်တော့၍ ကိုးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များက ပရိတ်မေတ္တာတရားတော်များရွတ်ဖတ် သရဇ္ဇျာယ်ပေးကြသည်။

   ဆက်လက်၍ စိန်ဖူးတော်၊ ဌက်မျက်နားတော်တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် များထံ ဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်လည်အပ်နှံသော ဘုံဆင့်ထီးတော်များကို လှည်းယာဉ်ပေါ်သို့ ပင့်ဆောင်ကာ ပန်းရထားဖြင့် စိန်ဖူးတော်၊ ဌက်မျက်နားတော်တို့ကို ထီးတော်တင်ပေးကြ၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်ရှိ ဒဲဉ်သီးဗွေကွင်း၌ ကျင်းပသော(၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားကာ ယဉ်ကျေးမှုအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ကြ၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်ဝင်းကိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယဉ်ကျေးမှုအကအဖွဲ့များကိုအလှူငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်းကာ  တာဝန်ရှိသူတစ်ဦးမှ ဂုဏ်ပြုပန်းခြင်းလက်ဆောင်ပေးအပ်ပြီး၊  ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်ဝင်းကိုမှ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 78 guests and no members online