ရှမ်းပြည်နယ်သတင်းများ

ေလာက္ကိုင္စစ္ေဘးေရွာင္ျပည္သူမ်ားအား ေထာက္ပံ့ျခင္း

ေတာင္ႀကီး    မတ္ - ၁၄

2144
   ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စည္ပင္ သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းတို႔သည့္ (၁၄.၃.၂၀၁၇)ရက္ေန႔ နံနက္(၈)နာရီခ်ိန္တြင္ လားရွိုးၿမိဳ႕ မန္ဆူဘုန္းေတာ္ႀကီးေက်ာင္းရွိ ေလာက္ကိုင္ၿမိဳ႕မွ စစ္ေဘးေရွာင္မိသားစုမ်ားအား စားေရရိကၡာ ေထာက္ပံ့ ေပးအပ္ျခင္းႏွင့္ ေနရပ္ျပန္ရန္ စီစဥ္ေပးေနမွုမ်ားအား သြားေရာက္အားေပးျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ေထာက္ပံ့သည့္ စစ္ေဘးေရွာင္မိသားစုမ်ားအတြက္ ဆန္အိတ္(၅၀)ႏွင့္ တိုက္ပြဲ အတြင္း ေသဆုံးခဲ့ေသာ ပညာေရးဝန္ထမ္းဆရာမ၏ မိသားစုအား ေထာက္ပံ့ေငြက်ပ္(၁၀)သိန္းအား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

2145
   ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမွုေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူ တို႔သည္ သီေပါၿမိဳ႕၊ အထက စာစစ္ဌာနမွ တကၠသိုလ္ဝင္တန္းေျဖဆို ေက်ာင္းသား၊ ေက်ာင္းသူ စာရင္းရွိ (၇၆၁)ဦးအနက္၊ (၆၇၅)ဦးေျဖဆိုေနမွုမ်ားအား သြားေရာက္ၾကည့္ရွုစစ္ေဆး အားေပးကာ ေအးခ်မ္းစြာ ေျဖဆိုနိုင္ေရးအတြက္ လိုအပ္သည္မ်ားကို မွာၾကားခဲ့ပါသည္။
   ဆက္လက္၍ ေက်ာက္မဲၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္း(၁)(၂)(၄)စာစစ္ဌာနမွ တကၠသိုလ္ ဝင္တန္းေျဖဆို ေက်ာင္းသား၊ ေက်ာင္းသူ စာရင္းရွိ (၁၃၄၈)ဦးအနက္၊ (၁၂၇၆)ဦးေျဖဆိုေနမွုမ်ားအား သြားေရာက္ၾကည့္ရွုစစ္ေဆး အားေပးကာ ေအးခ်မ္းစြာ ေျဖဆိုနိုင္ေရးအတြက္ လိုအပ္သည္မ်ားကို မွာၾကား ခဲ့ေၾကာင္းသိရွိရပါသည္။
အစရ(ရွမ္း)
-------------------------------------------------------------------------------------------------------------------------------------------------------------------


လောက်ကိုင်စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
တောင်ကြီး    မတ် - ၁၄
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့သည့် (၁၄.၃.၂၀၁၇)ရက်နေ့ နံနက်(၈)နာရီချိန်တွင် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းရှိ လောက်ကိုင်မြို့မှ စစ်ဘေးရှောင်မိသားစုများအား စားရေရိက္ခာ ထောက်ပံ့ ပေးအပ်ခြင်းနှင့် နေရပ်ပြန်ရန် စီစဉ်ပေးနေမှုများအား သွားရောက်အားပေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စစ်ဘေးရှောင်မိသားစုများအတွက် ဆန်အိတ်(၅၀)နှင့် တိုက်ပွဲ အတွင်း သေဆုံးခဲ့သော ပညာရေးဝန်ထမ်းဆရာမ၏ မိသားစုအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူ တို့သည် သီပေါမြို့၊ အထက စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၇၆၁)ဦးအနက်၊ (၆၇၅)ဦးဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး အားပေးကာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
   ဆက်လက်၍ ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း(၁)(၂)(၄)စာစစ်ဌာနမှ တက္ကသိုလ် ဝင်တန်းဖြေဆို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၃၄၈)ဦးအနက်၊ (၁၂၇၆)ဦးဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး အားပေးကာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြား ခဲ့ကြောင်းသိရှိရပါသည်။
အစရ(ရှမ်း)

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 88 guests and no members online