ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ် - ၂၁

2149





--------------------------

ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြ

တောင်ကြီး မတ် - ၂၁

   ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြခြင်းကို မတ်(၂၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်အတွင်း ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပတ်ဝန်းကျင်းထိန်းသိမ်းရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံနှင့် ဌာနအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များဖြင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးက ဥက္ကဌ အဖြစ်ဆောင်ရွက်သော ပြည်နယ်အဆင့်ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဌာနဆိုင်ရာများ ပညာရှင်များ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ဖွဲ့စည်းပြီး၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (၆)ဖွဲ့နှင့် အကောင်အထည်ဖော်ရေးအဖွဲ့ (၃)ဖွဲ့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများကို ပတ်ဝန်းကျင်း ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပြောကြားသွားသည်။

   ဆက်လက်၍ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပေါင်းစပ် ဆောင်ရွက်မှု အခြေအနေများအား ပတ်ဝန်းကျင်း ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ တင်ပြ ချက်များအပေါ် ဆွေးနွေးကြ၍ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 92 guests and no members online