ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး မတ် - ၂၈

2150


ေ  ညာင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး၊ အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ညောင်ပင်သာ ကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်းမှာ ရေထွက်ဦးနှင့် ကျေးရွာအကွာအဝေး ၄.၀၇မိုင်အား ပင်မရေသွယ် ပိုက်လိုင်းဖြင့် သွယ်တန်းထားပြီး အနိမ့်အမြင့် ကွာခြားမှု ၁၃၀ပေရှိ၍ ကျေးရွာအတွင်း ရေဖြန့်ဝေပိုက်လိုင်း စုစုပေါင်းအရှည် (၂၂၉၆၀)ပေ ရေဂါလံ(၂၅၀၀၀)ဆံ ရေလှောင်ကန်တစ်လုံးရေဖမ်းကန်တစ်ခု ဖိအားလျော့ ကန်တစ်ခု၊ လေချူဗားကန်(၂)ခု၊ အနည်ထုတ်ကန်(၂)ခုနှင့် ရေဝေတိုင်(၄၆)ခုနှင့် တည်ဆောက်ထားပြီး၊ ဒေသခံကျေးလက်လူဦးရေး(၂၇၅၀)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိ၍ အကျိုးခံစား နိုင်မည်ဖြစ် ကြောင်းပြောကြားသွားသည်။





-----------------------------------------------------

မားသဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး မတ် - ၂၈

   ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကို မတ်(၂၅)ရက် နံနက်(၉)နာရီက ညောင်ပင်သာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပကြောင်းသိရသည်။

   ညောင်ပင်သာကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး၊ အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ညောင်ပင်သာ ကျေးရွာ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်းမှာ ရေထွက်ဦးနှင့် ကျေးရွာအကွာအဝေး ၄.၀၇မိုင်အား ပင်မရေသွယ် ပိုက်လိုင်းဖြင့် သွယ်တန်းထားပြီး အနိမ့်အမြင့် ကွာခြားမှု ၁၃၀ပေရှိ၍ ကျေးရွာအတွင်း ရေဖြန့်ဝေပိုက်လိုင်း စုစုပေါင်းအရှည် (၂၂၉၆၀)ပေ ရေဂါလံ(၂၅၀၀၀)ဆံ ရေလှောင်ကန်တစ်လုံးရေဖမ်းကန်တစ်ခု ဖိအားလျော့ ကန်တစ်ခု၊ လေချူဗားကန်(၂)ခု၊ အနည်ထုတ်ကန်(၂)ခုနှင့် ရေဝေတိုင်(၄၆)ခုနှင့် တည်ဆောက်ထားပြီး၊ ဒေသခံကျေးလက်လူဦးရေး(၂၇၅၀)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိ၍ အကျိုးခံစား နိုင်မည်ဖြစ် ကြောင်းပြောကြားသွားသည်။

   ဆက်လက်၍ ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရေအရင်းအမြစ် ပြည်နယ်တာဝန်ခံ ဦးမောင်မောင်လွင်မှ စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ စိမ့်စမ်းရေသွယ်အထိမ်းအမှတ်ကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့အား ပေးအပ်ပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ အထိမ်းအမှတ်များကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ပေးအပ်သည်။

   ထို့နောက် ညောင်ပင်သာကျေးရွာ စိမ့်စိမ်းရေသွယ်လုပ်ငန်းတာဝန်ခံ ဦးဇော်နိုင်ထွန်းမှ ကျေးရွာရေ ကော်မတီတို့ လွှဲပြောင်းမှတ်တမ်းပေးအပ်ပြီး၊ ကျေးရွာလူထုကိုယ်စားရပ်မရပ်ဖတစ်ဦးဖြစ်သူ ဦးစိုးတင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းသိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူ များတို့သည် ညောင်ပင်သာကျေးရွာမှ ကျိုင်းခမ်းတမံအသစ်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများကရှင်းလင်းပြီး ထိုမှတဆင့်ဇော်ဂျီတမံသို့ သွားရောက်ကြည့်ရှုကာ ရှင်းလင်းဆောင်ခန်းမ၌ ဇော်ဂျီတမံနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ရှင်းလင်းကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 86 guests and no members online