ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕ ျမန္မာ့ရိုးရာယဥ္ေက်းမွုမဟာသၾကၤန္ပြဲေတာ္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ - ၁၃

2159

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ ျမန္မာ့ရိုးရာယဥ္ေက်းမွုမဟာသၾကၤန္ပြဲေတာ္ဖြင့္ပြဲကို ဧၿပီ(၁၃) ရက္ ညေန(၄)နာရီက ၿမိဳ႕မေစ်းႀကီးေတာင္ဘက္ ဗဟိုမ႑ပ္၌က်င္းပေၾကာင္းသိရသည္။

ျမန္မာ့ရိုးရာယဥ္ေက်းမွုမဟာသၾကၤန္ပြဲေတာ္ကို ျမန္မာနိုင္ငံတစ္ဝန္းလုံးတြင္ ျပည္ေထာင္စုဖြားတိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး ေပ်ာ္ရႊင္စြာ ပါဝင္ဆင္ႏႊဲၾကသည့္ အစည္ကားဆုံး အသိုက္ၿမိဳက္ဆုံးေသာ ျမန္မာ့ ႏွစ္သစ္ကူးကာလ အခါသမယရိုးရာပြဲေတာ္တစ္ရပ္ျဖစ္ပါေၾကာင္း၊ ျမန္မာ့ရိုးရာႏွစ္သစ္ကူးကာလသမယတြင္ ႏွစ္ေဟာင္းမွ အညစ္အေၾကးမ်ားကို ႏွစ္သစ္အတြက္ အတာေရျဖင့္ေဆးေၾကာသန႔္စင္ၿပီး ျဖဴစင္သန႔္ရွင္းေကာင္းမြန္ စြာျဖင့္အနာဂတ္ကို တည္ေဆာက္ၾကမည့္ အခါသမယလည္းျဖစ္ပါေၾကာင္း၊ ျမန္မာ့ရိုးရာအတာသၾကၤန္ ႏွစ္သစ္ကူး ကာလတြင္ မွီတင္းေနထိုင္ၾကေသာ တိုင္းရင္းသားမိဘျပည္သူမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္းႏွင့္ ျပည့္စုံပါေစဟု ဆုေတာင္းေမတၱာပို႔သလိုက္ပါေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။ 

ဆက္လက္၍ ၁၃၇၈ခုႏွစ္ ေတာင္ႀကီးၿမိဳ႕ ျမန္မာ့ရိုးရာယဥ္ေက်းမွုအတာသၾကၤန္ပြဲေတာ္ကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွူး ဗိုလ္ခ်ဳပ္ေအးမင္းထြန္း၊ ျပည္နယ္လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွူးႀကီးစိုးမိုးေအာင္၊ ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္က်င္းပေရး ဦးစီးေကာ္မတီဥကၠဌ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္ဥပေဒခ်ဳပ္ ဦးတင္ဦးတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး၊ မန္းေတာင္ရိပ္ခို (ျမနႏၵာ)သီခ်င္းျဖင့္ယိင္းအဖြဲ႕မ်ားအားလုံး တူညီကကြက္မ်ားျဖင့္ ပါဝင္ကျပၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္ဇနီး၊ တာဝန္ရွိသူတို႔မွ အတာေရမ်ားပက္ျဖန္းေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

--------------------------------------------------------------------------------------------------------------------------------------------------------

 

တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီ(၁၃) ရက် ညနေ(၄)နာရီက မြို့မစျေးကြီးတောင်ဘက် ဗဟိုမဏ္ဍပ်၌ကျင်းပကြောင်းသိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည့် အစည်ကားဆုံး အသိုက်မြိုက်ဆုံးသော မြန်မာ့ နှစ်သစ်ကူးကာလ အခါသမယရိုးရာပွဲတော်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးကာလသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်အတွက် အတာရေဖြင့်ဆေးကြောသန့်စင်ပြီး ဖြူစင်သန့်ရှင်းကောင်းမွန် စွာဖြင့်အနာဂတ်ကို တည်ဆောက်ကြမည့် အခါသမယလည်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူး ကာလတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။ 

ဆက်လက်၍ ၁၃၇၈ခုနှစ် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မန်းတောင်ရိပ်ခို (မြနန္ဒာ)သီချင်းဖြင့်ယိင်းအဖွဲ့များအားလုံး တူညီကကွက်များဖြင့် ပါဝင်ကပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ တာဝန်ရှိသူတို့မှ အတာရေများပက်ဖြန်းပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 8 guests and no members online