ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ကင္းစင္ မီနီမာရသြန္ၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ -၃

51

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္နယ္တစ္ခြင္ မီနီမာရသြန္အေျပးၿပိဳင္ပြဲကို ဧၿပီလ ၁ ရက္ နံနက္ ၆ နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လင္းေခးခ႐ိုင္၊ ဟိုမိန္းၿမိဳ႕၌က်င္းပရာ မီနီမာရသြန္အေျပးၿပိဳင္ပြဲသို႔   ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ အားကစားဝါသနာရွင္မ်ား စုစုေပါင္းအင္အား (၃၀၀)ေက်ာ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရး ဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးႏွင့္ လင္းေခး၊ မိုင္းပန္၊ နမ့္စန္ၿမိဳ႕နယ္မ်ားမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခ႐ိုင္/ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ဌာနဆိုင္ရာ မ်ားႏွင့္ ဟိုမိန္းရပ္မိရပ္ဖ တာဝန္ရွိသူမ်ား တက္ေရာက္အားေပးၾကၿပီး ဆုရရွိသူမ်ားကို ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရး ဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး ႏွင့္ တာဝန္ရွိသူတို႔သည္ ဟိုမိန္းေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ လူထုေတြ႕ဆုံပြဲ က်င္းပၿပီး ျပည္သူမ်ား၏ တင္ျပခ်က္အေပၚ ေဆာင္႐ြက္ေပးမည့္ အဓိကအစီအမံမ်ား ရွင္းလင္းခဲ့သည့္ အျပင္ ပညာေရး၊ က်န္းမာေရး၊ လမ္း၊ တံတား၊ ေဆး႐ုံ၊ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေဒသလိုအပ္ခ်က္ မ်ားကို ကြင္းဆင္း ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္းသိရွိရသည္။

အစရ(ရွမ္း)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် မီနီမာရသွန်ပြိုင်ပွဲကျင်းပ

တောင်ကြီး ဧပြီ -၃

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် မီနီမာရသွန်အပြေးပြိုင်ပွဲကို ဧပြီလ ၁ ရက် နံနက် ၆ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ကျင်းပရာ မီနီမာရသွန်အပြေးပြိုင်ပွဲသို့   ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား (၃၀၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လင်းခေး၊ မိုင်းပန်၊ နမ့်စန်မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ များနှင့် ဟိုမိန်းရပ်မိရပ်ဖ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး နှင့် တာဝန်ရှိသူတို့သည် ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပပြီး ပြည်သူများ၏ တင်ပြချက်အပေါ် ဆောင်ရွက်ပေးမည့် အဓိကအစီအမံများ ရှင်းလင်းခဲ့သည့် အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ ဆေးရုံ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက် များကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 47 guests and no members online