ရှမ်းပြည်နယ်သတင်းများ

ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ ႀကီးၾကပ္မႈေကာ္မတီ (၂/၂၀၁၈) လုပ္ငန္းၫွိႏႈိင္း

ေတာင္ႀကီး ဧၿပီ - ၅

52

ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ ႀကီးၾကပ္မႈေကာ္မတီ (၂/၂၀၁၈) လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ဧၿပီ ၅ရက္ နံနက္ ၉နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဦးစီးဌာန အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းသည္ လက္ရွိတင္မက အနာဂတ္မ်ိဳးဆက္အတြက္ ေကာင္းမြန္သန္႔ရွင္း ေသာ ပတ္ဝန္းက်င္အေျခအေနေကာင္းမ်ား လက္ဆင့္ကမ္းေပးႏိုင္ရန္ ေဆာင္႐ြက္သည့္ အင္မတန္မြန္ျမတ္လွေသာ လုပ္ငန္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္ေရရွည္စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ရရွိရန္အတြက္ ပတ္ဝန္းက်င္ထိန္းသိမ္း ေရးဆိုင္ရာ လုပ္ငန္းတာဝန္မ်ားအား ျပဌာန္းၿပီးျဖစ္သည့္ အမ်ိဳးသားပတ္ဝန္းက်င္ေရးရာမူဝါဒ၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဥပေဒႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနည္းဥပေဒမ်ား၊ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား၊ အမ်ိဳးသားပတ္ဝန္းက်င္ဆိုင္ရာအရည္အေသြး(ထုတ္လႊတ္မႈ) လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ စနစ္တက်ထိေရာက္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားၾကရမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္သာမက ကမၻာ့ ႏိုင္ငံမ်ားတြင္ ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္သာ အဓိကထားေဆာင္႐ြက္ခဲ့ၾကၿပီး ပတ္ဝန္းက်င္ထိန္းသိမ္း ကာကြယ္ေရးလုပ္ငန္းမ်ားကို ထည့္သြင္းေပါင္းစပ္ေဆာင္႐ြက္ျခင္း မရွိခဲ့သည့္အတြက္ ယေန႔အခ်ိန္တြင္ မိမိတို႔ ျမန္မာ ႏိုင္ငံ အပါအဝင္ ကမၻာ့ႏိုင္ငံမ်ားမွာပါ ပတ္ဝန္းက်င္ပ်က္ယြင္းမႈ၊ ညစ္ညမ္းမႈႏွင့္အတူ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ ျပႆနာမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ သာဓကမ်ားစြာကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ဆိုးက်ိဳးမ်ားကို ရင္ဆိုင္ေျဖရွင္းႏိုင္ရန္ ေဂဟစနစ္အပါအဝင္ ၎တို႔၏ဝန္ေဆာင္မႈမ်ားႏွင့္ ျပည္သူတို႔၏ လူမႈစီးပြားဘဝ လုံၿခဳံရန္အတြက္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ပတ္ဝန္းက်င္စီမံအုပ္ခ်ဳပ္မႈဆိုင္ရာ ပင္မလုပ္ငန္းအစီအစဥ္မူၾကမ္း (ပထမအႀကိမ္)ကို ထည့္သြင္းေဆြးေႏြးရန္ ျဖစ္ပါေၾကာင္း ျပည္နယ္သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က အဖြင့္အမွာစကား၌ ေျပာၾကားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္ေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာႀကီးၾကပ္မႈေကာ္မတီ အတြင္းေရးမႉး၊ ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚစိန္မမက ဗဟိုေကာ္မတီ၏ ဆုံးျဖတ္ခ်က္မ်ားႏွင့္ ေဆာင္႐ြက္ထားရွိမႈအား ရွင္းလင္းတင္ျပၿပီး၊ အစိမ္းေရာင္စီးပြားေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ လုပ္ငန္းအဖြဲ႕ ဥကၠဌ၊ ျပည္နယ္စီမံကိန္းေရးဆြဲေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉး ေဒါက္တာ စိန္စိန္သိန္း (အၿမဲစိမ္းလန္း ျခင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအသင္း)မွ လုပ္ငန္းအဖြဲ႕၏ ေဆာင္႐ြက္ခ်က္မ်ား ရွင္းလင္းတင္ျပ၍ အခမ္း အနား တက္ေရာက္လာၾကသူမ်ားမွ ရွင္းလင္းခ်က္မ်ားအေပၚ အေထြေထြျပန္လည္ေဆြးေႏြးၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်း

တောင်ကြီး ဧပြီ - ၅

ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ရက် နံနက် ၉နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းသည် လက်ရှိတင်မက အနာဂတ်မျိုးဆက်အတွက် ကောင်းမွန်သန့်ရှင်း သော ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန် ဆောင်ရွက်သည့် အင်မတန်မွန်မြတ်လှသော လုပ်ငန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းတာဝန်များအား ပြဌာန်းပြီးဖြစ်သည့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာ အဓိကထားဆောင်ရွက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း မရှိခဲ့သည့်အတွက် ယနေ့အချိန်တွင် မိမိတို့ မြန်မာ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှာပါ ပတ်ဝန်းကျင်ပျက်ယွင်းမှု၊ ညစ်ညမ်းမှုနှင့်အတူ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရသော သာဓကများစွာကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဂေဟစနစ်အပါအဝင် ၎င်းတို့၏ဝန်ဆောင်မှုများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်မူကြမ်း (ပထမအကြိမ်)ကို ထည့်သွင်းဆွေးနွေးရန် ဖြစ်ပါကြောင်း ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဖွင့်အမှာစကား၌ ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမက ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး၊ အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ စိန်စိန်သိန်း (အမြဲစိမ်းလန်း ခြင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)မှ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြ၍ အခမ်း အနား တက်ရောက်လာကြသူများမှ ရှင်းလင်းချက်များအပေါ် အထွေထွေပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates