ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့၌သက်ကြီးပူဇော်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၇

54

ရှမ်းပြည်နယ်အစိုးရအဖွဲမှ ကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့ မွန်းလွှဲ ၃ နာရီ ကသစ်တောရပ်ကွက်၊မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။ 

ရှေ့ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင်လှစ်ခဲ့သည်။ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ ဦးဆောင်၍ အဘိုး/အဘွားများအား ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး က အဘိုးများအား ပူဇော် ကန်တော့ငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်း၊ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ က အဘိုး/အဘွားများအား ပူဇော် ကန်တော့ငွေနှင့်လှူဖွယ်ပစ္စည်းများအသီးသီးလှူဒါန်းပေးခဲ့ကြသည်။အဘိုး/အဘွားများ ကိုယ်စားအဘွား တစ်ဦးက ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။

ယနေ့တွင် အသက်(၈၅)နှစ်အထက် အဘ်ိုး(၅၆)ဦး၊အဘွား(၉၂)ဦး၊စုစုပေါင်း(၁၄၈)ဦးအတွက် မျက်နှာ သုတ်ပုဝါ၊ခြင်ထောင်၊ဆေးဝါးများနှင့်အခြားအသုံးအဆောင်ပစ္စည်းများလှူဒါန်းပေးခဲ့ကြသည်။ထိုနောက် တောင်ကြီး ခရိုင်၊ညောင်ရွှေမြို့တို့သွားရောက်၍ ဇီဝိတဒါနငါးလွှတ်ပွဲသို့တက်ရောက်ခဲ့ကြပြီး၊ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊နှင့်ဇနီးများ၊ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး နိုင်ဝင်း အောင်၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့်ဇနီးများ၊ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့်ဇနီးများ၊ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်၊ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ဗမာတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ပြည်နယ်ဥပဒေချုပ်ဦးမောင်မောင်၊ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင်ဇနီး၊ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ က ကန်တောကန်တွင် ငါးဖိန်းအကောင်ရေ (၃၀၀၀၀) အားဇီဝိတဒါနအဖြင့် ငါးများကိုလွတ်ပေးခဲ့ကြ ကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ေတာင္ႀကီးျမိဳ႕၌သက္ႀကီးပူေဇာ္ပြဲက်င္းပ

ေတာင္ႀကီး  ဧျပီ  ၁၇

ရွမ္းျပည္နယ္အစိုးရအဖြဲမွ ႀကီးမွဴးက်င္းပသည့္ သက္ႀကီးပူေဇာ္ပြဲကုိ ဧျပီလ ၁၇ ရက္ေန႔ မြန္းလႊဲ ၃ နာရီ ကသစ္ေတာရပ္ကြက္၊ျမိဳ႕ေတာ္ခန္းမ၌က်င္းပခဲ့သည္။ 

ေရွ႕ဦးစြာ နေမာတႆ သံုးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍အခမ္းအနားဖြင္လွစ္ခဲ့သည္။ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္မွ ဦးေဆာင္၍ အဘိုး/အဘြားမ်ားအား ပူေဇာ္ကန္ေတာ့ၾကသည္။ ဆက္လက္၍ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး က အဘိုးမ်ားအား ပူေဇာ္ ကန္ေတာ့ေငြႏွင့္လွဴဖြယ္ပစၥည္းမ်ားလွဴဒါန္း၊ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား က အဘိုး/အဘြားမ်ားအား ပူေဇာ္ ကန္ေတာ့ေငြႏွင့္လွဴဖြယ္ပစၥည္းမ်ားအသီးသီးလွဴဒါန္းေပးခဲ့ၾကသည္။အဘိုး/အဘြားမ်ား ကိုယ္စားအဘြား တစ္ဦးက ဆုေတာင္းေမတၱာပို႔သေပးခဲ့သည္။

ယေန႔တြင္ အသက္(၈၅)ႏွစ္အထက္ အဘိ္ုး(၅၆)ဦး၊အဘြား(၉၂)ဦး၊စုစုေပါင္း(၁၄၈)ဦးအတြက္ မ်က္ႏွာ သုတ္ပုဝါ၊ျခင္ေထာင္၊ေဆးဝါးမ်ားႏွင့္အျခားအသံုးအေဆာင္ပစၥည္းမ်ားလွဴဒါန္းေပးခဲ့ၾကသည္။ထိုေနာက္ ေတာင္ႀကီး ခရိုင္၊ေညာင္ေရႊျမိဳ႕တို႔သြားေရာက္၍ ဇီဝိတဒါနငါးလႊတ္ပြဲသို႔တက္ေရာက္ခဲ့ၾကျပီး၊ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး၊ႏွင့္ဇနီးမ်ား၊ျပည္နယ္လံုျခံဳေရး ႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴႀကီး နိုင္ဝင္း ေအာင္၊ျပည္နယ္စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္ႏွင့္ဇနီးမ်ား၊ျပည္နယ္လမ္းပန္းဆက္ သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးႏွင့္ဇနီးမ်ား၊ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ဗမာတိုင္း ရင္းသားလူမ်ိဳးေရးရာဝန္ႀကီးေဒါက္တာေအာင္သန္းေမာင္၊ျပည္နယ္ဥပေဒခ်ဳပ္ဦးေမာင္ေမာင္၊ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝုိဟိန္း၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ႏွင္ဇနီး၊ျပည္နယ္/ခရိုင္/ျမိဳ႕နယ္ အဆင့္ဌာန ဆိုင္ရာမ်ား က ကန္ေတာကန္တြင္ ငါးဖိန္းအေကာင္ေရ (၃၀၀၀၀) အားဇီဝိတဒါနအျဖင့္ ငါးမ်ားကိုလြတ္ေပးခဲ့ၾက ေၾကာင္းသိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 28 guests and no members online