ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့ကျက်သရေဆောင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌နှစ်သစ်မင်္ဂလာအန္တ ရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၇

55

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌နှစ်သစ်မင်္ဂလာအန္တရာယ် ကင်းပရိတ်တရားတော်နာယူပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ က ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဓမ္မရုံ အတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင်လှစ်ခဲ့သည်။ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဧည့်သည်တော်များက ရတနာမြတ်သုံးပါးကို ကန်တော့ကြသည်။ စွန်းလွန်းဂူကျောင်းဆရာတောဘုရားကြီးနိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒ န္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးသီလ ဆောက်တည်ကြသည်။ဆရာတော်သံဃာတော်များက အ န္တရာယ်ကင်းပရိတ် တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးတို့ က ဆရာတော်များအား လှူဖွယ်ဝတ္တုများဆက်ကပ်ခြင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ဆရာ တော်သံဃာတော်များအား အသီးသီးလှူဖွယ်ဝတ္တုများကိုဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။မူလမင်းကွန်းကျောင်း ဆရာတော်ဘုရားကြီးရှမ်းပြည်နယ်သံဃနာယက ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တပညာသိရီထံမှ အနုမောဒနာ တရားတော်နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ဆရာတော်ကြီးများမှ ဥပသကာများထံသို့ ပရိတ်အသုံးအဆောင်များ စွန့်ကြဲခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။အခမ်းအနားအပြီးတွင် ဆရာတော်သံဃာ တော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး နိုင်ဝင်းအောင်၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံ၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ပြည်နယ်ဥပဒေချုပ်ဦးမောင်မောင်၊ပြည် နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အလှူရှင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ေတာင္ႀကီးျမိဳ႕က်က္သေရေဆာင္ေရႊဘုန္းပြင့္ေစတီေတာ္ျမတ္ႀကီး၌ႏွစ္သစ္မဂၤလာအႏၱ ရာယ္ကင္းပရိတ္တရားေတာ္နာယူပြဲက်င္းပ

ေတာင္ႀကီး  ဧျပီ  ၁၇

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွႀကီးမွဴးက်င္းပေသာ ေရႊဘုန္းပြင့္ေစတီေတာ္ျမတ္ႀကီး၌ႏွစ္သစ္မဂၤလာအႏၱရာယ္ ကင္းပရိတ္တရားေတာ္နာယူပြဲကို ဧျပီလ ၁၇ ရက္ေန႔ နံနက္ ၁၀ နာရီ က ေရႊဘုန္းပြင့္ေစတီေတာ္ျမတ္ႀကီးဓမၼရံု အတြင္း၌က်င္းပျပဳလုပ္ခဲ့သည္။

ေရွ႕ဦးစြာ နေမာတႆ သံုးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍အခမ္းအနားဖြင္လွစ္ခဲ့သည္။ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဧည့္သည္ေတာ္မ်ားက ရတနာျမတ္သံုးပါးကို ကန္ေတာ့ၾကသည္။ စြန္းလြန္းဂူေက်ာင္းဆရာေတာဘုရားႀကီးနိုင္ငံေတာ္ၾသဝါဒါစရိယ အဂၢမဟာပ႑ိတ၊မဟာကမၼ႒ာနာစရိယဘဒၵ ႏၱအဂၢဓမၼာဘိဝံသ ထံမွ ငါးသီလ ေဆာက္တည္ၾကသည္။ဆရာေတာ္သံဃာေတာ္မ်ားက အ ႏၱရာယ္ကင္းပရိတ္ တရားေတာ္ ရြတ္ဖတ္သရဇၩာယ္ၾကျပီး၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ဇနီးတို႔ က ဆရာေတာ္မ်ားအား လွဴဖြယ္ဝတၱဳမ်ားဆက္ကပ္ျခင္း၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးမ်ားက ဆရာ ေတာ္သံဃာေတာ္မ်ားအား အသီးသီးလွဴဖြယ္ဝတၱဳမ်ားကိုဆက္ကပ္လွဴဒါန္းေပးခဲ့ၾကသည္။မူလမင္းကြန္းေက်ာင္း ဆရာေတာ္ဘုရားႀကီးရွမ္းျပည္နယ္သံဃနာယက ဥကၠ႒ အဂၢမဟာပ႑ိတ ဘဒၵ ႏၱပညာသိရီထံမွ အႏုေမာဒနာ တရားေတာ္နာယူျပီး လွဴဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝခဲ့ၾကသည္။ဆရာေတာ္ႀကီးမ်ားမွ ဥပသကာမ်ားထံသို႔ ပရိတ္အသံုးအေဆာင္မ်ား စြန္႔ႀကဲခဲ့ၾကျပီး အခမ္းအနားကို ဗုဒၶသာသနံ စိရံ တိ႒တု သံုးႀကိမ္ ရြတ္ဆိုဆုေတာင္း၍အခမ္းအနားကိုေအာင္ျမင္စြာ ရုပ္သိမ္းလိုက္သည္။အခမ္းအနားအျပီးတြင္ ဆရာေတာ္သံဃာ ေတာ္မ်ားကို ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းခဲ့ၾကေၾကာင္းသိရသည္။

အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး၊ျပည္နယ္လံုျခံဳေရး ႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴႀကီး နိုင္ဝင္းေအာင္၊ျပည္နယ္စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္း လံုေက်ာ္၊ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာညီညီေအာင္၊ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္ တစ္လံု၊ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးေဒါက္တာေအာင္သန္းေမာင္၊ျပည္နယ္ဥပေဒခ်ဳပ္ဦးေမာင္ေမာင္၊ျပည္ နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝုိဟိန္း၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ျပည္နယ္/ခရိုင္/ျမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ားႏွင့္အလွဴရွင္မ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 24 guests and no members online