ရှမ်းပြည်နယ်သတင်းများ

လူသားချင်းစာနာထောက်ထားမှုဖြင့်ညောင်ရွှေမြို့တွင် နိုင်ငံသားအကျဉ်းသား(၁၅၃)ဦးအားလွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းသားများအားထောက်ပံ့ငွေပေးအပ်

တောင်ကြီး  ဧပြီ  ၁၇

56

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်သည့် နိုင်ငံသားအကျဉ်းသားများကို ဧပြီလ ၁၇ ရက်နေ့ မွန်းလွှဲ ၁ နာရီက ညောင်ရွှေမြို့အကျဉ်းထောင်တို့ သွားရောက်၍ထောက်ပံ့ငွေ များပေးအပ် ခဲ့ သည်။

မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းအားဖြင့်လည်းကောင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ညောင်ရွှေမြို့ရှိအကျဉ်းထောင်တွင်ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်မြောက်ခွင့်အကျဉ်းသား/သူများအား၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ပြည်နယ်လုံခြုံရေး နှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူကြီး နိုင်ဝင်းအောင်၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံ၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ပြည်နယ်ဥပဒေချုပ်ဦးမောင်မောင်၊ပြည် နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့က အကျဉ်း ထောင်တို့သွားရောက်၍အကျဉ်းသား/သူများအတွက် ခရီးစရိတ်သက်သာရေးအတွက်  ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ်အကျဉ်းထောင်တွင်လွတ်ငြိမ်းချမ်းသားခွင့်ရရှိမည့် အကျဉ်းသား(၁၃၂)ဦး၊အကျဉ်းသူ(၂၁) ဦးစုစုပေါင်း(၁၅၃)ဦးအားသွားထောက်ပံ့ငွေပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။ 

စိုင်းသန်းကျော်(တောင်ကြီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တောင်ကြီး  ဧပြီ  ၁၇





မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 33 guests and no members online