ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ နှစ်သစ်မင်္ဂလာဖြင့်စားသောက်ဖွယ်ရာနှင့် အသုံးအဆောင် ပစ္စည်းများ အကျဉ်းထောင်စခန်းတို့လှူဒါန်းပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၈

57

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက နှစ်သစ်ကူးအလှူမင်္ဂလာပွဲ ကို ညောင်ရွှေ အကျဉ်းထောင်စခန်းတို့ အကျဉ်းသား၊အကျဉ်းသူများအား စားသောက်ဖွယ်ရာနှင့်အသုံးအဆောင် ပစ္စည်းများကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးခရိုင်၊ညောင်ရွှေအကျဉ်းထောင်စခန်း၌ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က နှစ်သစ်ကူးမင်္ဂလာနှုတ်ခွင့်ဆက်အားပေးစကားပြောကြားပေးခဲ့သည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီးဒေါ်နန်းရွှေမြင့်တို့က ငါးနီခြောက်ကြော်အထုပ်အားအကျဉ်းသား/သူ များပေအပ်၍လည်ကောင်း၊ပြည်နယ်လုံခြုံရေး နှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူကြီး နိုင်ဝင်းအောင်က ငါးပိထောင် ဗူးအားအကျဉ်းသား/သူများပေအပ်၍လည်ကောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့က သွားတိုက်ဆေး၊သွားတိုက်တံ၊ဆပ်ပြာများကိုလည်ကောင်း၊ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းက သွားတိုက် ဆေး၊သွားတိုက်တံ၊ဆပ်ပြာများကိုလည်ကောင်း၊ပြည်နယ်ဝန်ကြီးများက စားသောက်ဖွယ်ရာနှင့်အသုံးအဆောင် ပစ္စည်းများကို တစ်ဦးစီပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

စားသောက်ဖွယ်ရာနှင့်အသုံးအဆောင် ပစ္စည်းများကိုထောက်ပံ့ပေးပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်အတူဝန်ကြီးများတို့က အကျဉ်းထောင်အတွင်းလှည့်လည်ကြည့်ရှု့အားပေးခဲ့ကြ သည်။ညောင်ရွှေအကျဉ်းထောင်တွင်လိုအပ်လျက်ရှိသော စက်ပစ္စည်းများ၊လက်သမား(ပန်းရံပစ္စည်းများ)၊ဆံသ ပစ္စည်းများ၊အပ်ချုပ်စက်နှင့်အနားလိုက်စက်၊စာထိုး ပန်းထိုးစက်၊စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့်က လေးကစားစရာ ပစ္စည်းများလိုအပ်လျက်ရှိကြောင်းသိရသည်။ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံ၊ပြည်နယ်စည်ပင်သာယာဝန်ကြီး ဦးစိုင်းစွံဆိုင်နှင့် ပြည်နယ် ဥပဒေချုပ်ဦးမောင်မောင်တို့က လိုအပ်လျက်ရှိသော အပ်ချုပ်စက်(၄)လုံးကိုထောက်ပံ့ ပေးခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိတောင်လေးလုံးအကျဉ်းထောင်၊ညောင်ရွှေအကျဉ်းထောင်၊ထီးခန်းအကျဉ်းထောင်၊ဘန်းကန်အကျဉ်းထောင်၊ လားရှိုးအကျဉ်းထောင်၊ သီပေါအကျဉ်းထောင်၊ဟိုခိုအကျဉ်းထောင်၊ကုန်စံအကျဉ်းထောင်၊ကြူအင်း အကျဉ်းထောင်၊လွင်ကြီးအကျဉ်းထောင်၊ဂယ်လောင်းအကျဉ်းထောင်၊ကျိုင်းတုံအကျဉ်းထောင်၊မိုင်းဆက်အကျဉ်း ထောင်တို့တွင်လိုအပ်ချက်များရှိနေသည်အတွက် အလှူရှင်များပါဝင်လှူဒါန်းထောက်ပံ့နိုင်ပါကြောင်းနှင့်အကျဉ်း ထောင်အသီးသီး တွင်ကူညီပေးနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါသည်ဟုသိရှိရပါသည်။

စိုင်းသန်းကျော်(တောင်ကြီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တောင်ကြီး  ဧပြီ  ၁၈





မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 41 guests and no members online