ရှမ်းပြည်နယ်သတင်းများ

လေကြောင်းသူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)(တောင်ကြီးစခန်း)ဖွင့်ပွဲ

တောင်ကြီး  ဧပြီ  ၂၃

58

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊နမ့်စန်လေတပ်စခန်းဌာနချုပ်တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော လေကြောင်းသူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)(တောင်ကြီးစခန်း) ဖွင့်ပွဲကို ဧပြီလ ၂၂၃ ရက်နေ့ နံနက် ၉ နာရီ က အရှေ့ပိုင်းစစ်ဌာနချုပ်၊သံလွင်အစည်းအဝေးခန်းမ၌ကျင်းပရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုုင်ဝင်းအောင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ နမ့်စန်လေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊သင်တန်းသား၊သင်တန်းသူ (၄၀)ဦးတက်ရောက်ခဲ့သည်။

အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံတစ်ဝှမ်း လေတပ်စခန်းရှိရာ နေရာဒေသတွေအပြင် မိမိတို့ဒေသဖြစ်တဲ့ တောင်ကြီးအပါအဝင် မန္တလေး၊ မုံရွာ၊ လွိုင်ကော်မြို့ များမှာလည်း ဒီနေ့ဒီအချိန်မှာတစ်ပြိုင်တည်း ဖွင့်လှစ်သွားကြမှာဖြစ်တဲ့အတွက် မောင်တို့/မယ်တို့ လိုပဲ လေကြောင်း ပညာရပ် တွေကို စိတ်ပါဝင်စားကြတဲ့မျိုးဆက်သစ်လူငယ်မောင်မယ်များဟာလည်း လေကြောင်းလူငယ်သင်တန်းကို  တက်ရောက် ကြရလို့ ဝမ်းသာဂုဏ်ယူပါသည်။

ဒီသင်တန်းတက်ရောက်ကြမယ့် မောင်တို့/မယ်တို့ဟာ လေကြောင်းသိပ္ပံပညာရပ်ကို ကိုယ်တိုင်ဆည်းပူး လေ့လာ သင်ယူ ကြရမှာဖြစ်သလို လေယာဉ်လိုက်ပါစီးနင်းခြင်း၊ ရဟတ်ယာဉ် သရုပ်ပြပျံသန်းခြင်းနဲ့ Remote Control လေယာဉ် ငယ်ကိုသရုပ်ပြပျံသန်းခြင်း၊ Radio Control/Remote Control လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်မှု ပြိုင်ပွဲအပြင် ရန်ကုန်မြို့ များရှိတဲ့ ဗဟုသုတရ စေမယ့် နေရာများကို လေ့လာရေးသွားရောက်ခွင့်ရကြမှာဖြစ်သည်။

ဒီသင်တန်းမျာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသား/ကျောင်းသူ(၄)ဦးကို ၂၀၁၉ ခုနှစ်၊ မင်္ဂလာဒုံလေတပ်စခန်း မှာ ဖွင့်လှစ်မယ့်လေကြောင်းလူငယ် တန်းမြင့်သင်တန်းကိုတက်ရောက်ခွင့်ရမှာဖြစ်သည်။ ဒီအခြေခံသင်တန်းတက်ရောက်ပြီး ထူးချွန် ထက်မြက်သူများအနေဖြင့် အခြေခံသင်တန်းထက်မြင့့်မားတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချ ခွင့်ရမှာဖြစ်တဲ့အပြင် တကယ့်လေယာဉ်တွေပေါ်မှာ ကိုယ်တိုင်ပါဝင်မောင်းနှင်ပျံသန်းရမှာပဲဖြစ်တယ်။ ဒါကြောင့် သင်တန်းသားများအနေနဲ့ ထူးချွန် တတ်မြောက်အောင် သင်တန်းတက်ရောက်စဉ်သင်တန်းစည်းကမ်းကို လေးလေးစားစားလိုက်နာကြပါ၊ သင်ကြားပေးတဲ့ ဘာသာရပ်ကိုစိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပါ။ နောင်တစ်ချိန်မှာလေ ကြောင်းပျံသန်းမှုဆိုင်ရာပညာရှင်များဖြစ်အောင် မျှော်မှန်းပြီး ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်ရာမှာပညာ၊ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တကောာင်းမွန်မြင့်မားတဲ့ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားကြပါလို့တိုက်တွန်းပြောကြားပေးခဲ့သည်။သင်တန်းနည်းပြအရာရှိ ဗိုလ်ကြီးမျိုးသူ က လေကြောင်းသူငယ်အခြေခံသင်တန်းတွင်သင်ကြားပို့ချမည့် အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့သည်။

လေကြောင်းသူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၇) မှသင်တန်းသား၊ သင်တန်းသူများပြုလုပ်ခဲ့သည့် လေယာဉ်ပုံစံငယ်များကို နမ့်စန်လေတပ်စခန်းဌာနချုပ်၊အုပ်စုမှူးဗိုလ်မှူးကြီးမင်းထင်က  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အမှတ်တရပေးအပ်ခဲ့သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သင်တန်းသား၊ သင်တန်းသူ များကို ငွေကျပ်သိန်းသုံးဆယ် အားလှူဒါန်းရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နမ့်စန်လေတပ်စခန်းဌာနချုပ်၊ အုပ်စုမှူးဗိုလ်မှူးကြီးမင်းထင်ထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးတက်ရောက်လာသူများနှင့်အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 (Zawgyi)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ေလေၾကာင္းသူငယ္အေျခခံသင္တန္းအမွတ္စဥ္(၁/၂၀၁၈)(ေတာင္ႀကီးစခန္း)ဖြင့္ပြဲ

ေတာင္ႀကီး  ဧျပီ  ၂၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ေလ)၊နမ့္စန္ေလတပ္စခန္းဌာနခ်ဳပ္တို႔ ပူးေပါင္းစီစဥ္ဖြင့္လွစ္ေသာ ေလေၾကာင္းသူငယ္အေျခခံသင္တန္းအမွတ္စဥ္(၁/၂၀၁၈)(ေတာင္ႀကီးစခန္း) ဖြင့္ပြဲကုိ ဧျပီလ ၂၂၃ ရက္ေန႔ နံနက္ ၉ နာရီ က အေရွ႕ပိုင္းစစ္ဌာနခ်ဳပ္၊သံလြင္အစည္းအေဝးခန္းမ၌က်င္းပရာတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ၊ျပည္နယ္လံုျခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီး နုိုင္ဝင္းေအာင္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴးေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္၊ ျပည္နယ္ လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ဗမာတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ နမ့္စန္ေလတပ္စခန္း ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ား၊သင္တန္းသား၊သင္တန္းသူ (၄၀)ဦးတက္ေရာက္ခဲ့သည္။

အစီအစဥ္အရ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာနိုင္ငံတစ္ဝွမ္း ေလတပ္စခန္းရွိရာ ေနရာေဒသေတြအျပင္ မိမိတို႔ေဒသျဖစ္တ့ဲ ေတာင္ႀကီးအပါအဝင္ မႏၱေလး၊ မံုရြာ၊ လိြဳင္ေကာ္ျမိဳ႕ မ်ားမွာလည္း ဒီေန႔ဒီအခ်ိန္မွာတစ္ျပိဳင္တည္း ဖြင့္လွစ္သြားၾကမွာျဖစ္တဲ့အတြက္ ေမာင္တို႔/မယ္တို႔ လိုပဲ ေလေၾကာင္း ပညာရပ္ ေတြကို စိတ္ပါဝင္စားၾကတဲ့မ်ိုးဆက္သစ္လူငယ္ေမာင္မယ္မ်ားဟာလည္း ေလေၾကာင္းလူငယ္သင္တန္းကို  တက္ေရာက္ ၾကရလို႔ ဝမ္းသာဂုဏ္ယူပါသည္။

ဒီသင္တန္းတက္ေရာက္ၾကမယ့္ ေမာင္တို႔/မယ္တို႔ဟာ ေလေၾကာင္းသိပံၸပညာရပ္ကို ကိုယ္တိုင္ဆည္းပူး ေလ့လာ သင္ယူ ၾကရမွာျဖစ္သလို ေလယာဥ္လိုက္ပါစီးနင္းျခင္း၊ ရဟတ္ယာဥ္ သရုပ္ျပပ်ံသန္းျခင္းနဲ႔ Remote Control ေလယာဥ္ ငယ္ကိုသရုပ္ျပပ်ံသန္းျခင္း၊ Radio Control/Remote Control ေလယာဥ္/ရဟတ္ယာဥ္ေမာင္းႏွင္မႈ ျပိဳင္ပြဲအျပင္ ရန္ကုန္ျမိဳ႕ မ်ားရွိတဲ့ ဗဟုသုတရ ေစမယ့္ ေနရာမ်ားကို ေလ့လာေရးသြားေရာက္ခြင့္ရၾကမွာျဖစ္သည္။

ဒီသင္တန္းမ်ာ ထူးခၽြန္ထက္ျမက္တဲ့ ေက်ာင္းသား/ေက်ာင္းသူ(၄)ဦးကို ၂၀၁၉ ခုႏွစ္၊ မဂၤလာဒံုေလတပ္စခန္း မွာ ဖြင့္လွစ္မယ့္ေလေၾကာင္းလူငယ္ တန္းျမင့္သင္တန္းကိုတက္ေရာက္ခြင့္ရမွာျဖစ္သည္။ ဒီအေျခခံသင္တန္းတက္ေရာက္ျပီး ထူးခၽြန္ ထက္ျမက္သူမ်ားအေနျဖင့္ အေျခခံသင္တန္းထက္ျမင့့္မားတဲ့ ဘာသာရပ္ေတြကို သင္ၾကားပို႔ခ် ခြင့္ရမွာျဖစ္တဲ့အျပင္ တကယ့္ေလယာဥ္ေတြေပၚမွာ ကိုယ္တိုင္ပါဝင္ေမာင္းႏွင္ပ်ံသန္းရမွာပဲျဖစ္တယ္။ ဒါေၾကာင့္ သင္တန္းသားမ်ားအေနနဲ႔ ထူးခၽြန္ တတ္ေျမာက္ေအာင္ သင္တန္းတက္ေရာက္စဥ္သင္တန္းစည္းကမ္းကို ေလးေလးစားစားလိုက္နာၾကပါ၊ သင္ၾကားေပးတဲ့ ဘာသာရပ္ကိုစိတ္ပါဝင္စားစြာ ေလ့လာသင္ယူၾကပါ။ ေနာင္တစ္ခ်ိန္မွာေလ ေၾကာင္းပ်ံသန္းမႈဆုိင္ရာပညာရွင္မ်ားျဖစ္ေအာင္ ေမွ်ာ္မွန္းျပီး ေခတ္မီနိုင္ငံေတာ္ႀကီးတည္ေဆာက္ရာမွာပညာ၊ စိတ္ဓာတ္ႏွင့္အက်င့္စာရိတၱေကာာင္းမြန္ျမင့္မားတဲ့ နိုင္ငံသားေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကပါလို႔တိုက္တြန္းေျပာၾကားေပးခဲ့သည္။သင္တန္းနည္းျပအရာရွိ ဗိုလ္ႀကီးမ်ိဳးသူ က ေလေၾကာင္းသူငယ္အေျခခံသင္တန္းတြင္သင္ၾကားပို႔ခ်မည့္ အစီအစဥ္မ်ားအားရွင္းလင္းတင္ျပခဲ့သည္။

ေလေၾကာင္းသူငယ္အေျခခံသင္တန္းအမွတ္စဥ္ (၁/၂၀၁၇) မွသင္တန္းသား၊ သင္တန္းသူမ်ားျပဳလုပ္ခဲ့သည့္ ေလယာဥ္ပံုစံငယ္မ်ားကုိ နမ့္စန္ေလတပ္စခန္းဌာနခ်ဳပ္၊အုပ္စုမွဴးဗိုလ္မွဴးႀကီးမင္းထင္က  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္အား အမွတ္တရေပးအပ္ခဲ့သည္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သင္တန္းသား၊ သင္တန္းသူ မ်ားကို ေငြက်ပ္သိန္းသံုးဆယ္ အားလွဴဒါန္းရာတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က နမ့္စန္ေလတပ္စခန္းဌာနခ်ဳပ္၊ အုပ္စုမွဴးဗိုလ္မွဴးႀကီးမင္းထင္ထံသို႕ ေပးအပ္လွဴဒါန္းေပးခဲ့ၾကသည္။ အခမ္းအနားကို ေအာင္ျမင္စြာက်င္းပနုိင္ခဲ့ျပီးတက္ေရာက္လာသူမ်ားႏွင့္အမွတ္တရ မွတ္တမ္းတင္ဓါတ္ပံု စုေပါင္းရိုက္ကူးခဲ့ၾကေၾကာင္း သိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 21 guests and no members online