ရှမ်းပြည်နယ်သတင်းများ



59






+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၂၇

ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား မြို့နယ်အလိုက်အသက် (၂၅)နှစ် အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။

ယနေ့ကျင်းပသည့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲမှတဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သော အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်အသင်း ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ကျင်းပရမည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မား လာရေး၊ လူငယ်မျိုးဆက်သစ်များ မွေးဖွားပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သော လူငယ်အမျိုးသမီးမျိုးဆက်သစ်များမွေးထုတ်ပေးနိုင်ရေး၊ အမျိုးသမီးအားကစားကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ရန်နှင့် အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာ ပြီး ကြံ့ခိုင်သော အမျိုးသမီးငယ်များအပြင် ရှမ်းပြည်နယ်အားကစားကဏ္ဍကို တိုးတက်မြင့်မားစေပြီး မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့်က ပြောကြားသွားကြောင်းနှင့် ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး နာယက ဒေါ်နန်းရွှေမြင့်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲ ပထမ ပွဲစဉ်အဖြစ် လားရှိုးအသင်းနှင့် နမ့်ခမ်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား မြို့နယ်အလိုက်အသက် (၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲဝင် (၂၂)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဧပြီ ၂၇ ရက်နေ့မှ မေ ၂ ရက်နေ့ထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates