ရှမ်းပြည်နယ်သတင်းများ

ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲကျင်းပ

တောင်ကြီး ဧပြီ - ၂၉

60

ကဆုန်လပြည့်နေ့သည် ဘုရားရှင်၏ သုမေဓာရသေ့ဘဝဖြင့် ဒီပကင်္ရာ ဘုရားရှင်ထံ ခရီးလမ်းတွင် ခန္ဓာကိုယ် တံတားခင်းပေးလှူ၍ ဘုရားအဖြစ် ဗျာဒိတ်ခံယူသည့် ဗုဒ္ဓအခါတော်နေ့ကိုအကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို ညောင်ရေ သွန်းပွဲနေ့အဖြစ်သတ်မှတ်၍ ဧပြီ ၂၉  ရက်ညနေ ၄ နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိ ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်၌ ကျင်းပကြောင်းသိရှိရသည်။

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသော တာဝန်ရှိသူ နှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နဂါး၊ ဂဠုန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက် ကြည်နူး ချီးကျူးကြွေးကြော်သံ ကဗျာများကို ဝတ်အသင်းများမှ သံပြိုင်ညီညာပူဇော်ကြ၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်တို့က ဗောဓိညောင်ခြေပလ္လင်ဗွေ၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော် ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

Zawgyi ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ပရိေဘာဂေစတီေခၚ မဟာေဗာဓိေညာင္ပင္၌ ကဆုန္လျပည့္ေန႔ ေညာင္ေရသြန္းပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ - ၂၉

 

ကဆုန္လျပည့္ေန႔သည္ ဘုရားရွင္၏ သုေမဓာရေသ့ဘဝျဖင့္ ဒီပကရၤာ ဘုရားရွင္ထံ ခရီးလမ္းတြင္ ခႏၶာကိုယ္ တံတားခင္းေပးလႉ၍ ဘုရားအျဖစ္ ဗ်ာဒိတ္ခံယူသည့္ ဗုဒၶအခါေတာ္ေန႔ကိုအေၾကာင္းျပဳ၍ ကဆုန္လျပည့္ေန႔ကို ေညာင္ေရ သြန္းပြဲေန႔အျဖစ္သတ္မွတ္၍ ဧၿပီ ၂၉  ရက္ညေန ၄ နာရီက ေတာင္ႀကီးၿမိဳ႕ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ျမတ္ႀကီးရွိ ပရိေဘာဂေစတီေခၚ မဟာေဗာဓိေညာင္ပင္၌ က်င္းပေၾကာင္းသိရွိရသည္။

ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္သည့္ မဂၤလာအခမ္းအနားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္အမႉးျပဳေသာ တာဝန္ရွိသူ ႏွင့္ ဧည့္ပရိတ္သတ္တို႔က နေမာတႆ သုံးႀကိမ္ ႐ြတ္ဆို ဘုရားကန္ေတာ့၍ဖြင့္လွစ္ၿပီး နဂါး၊ ဂဠဳန္၊ နတ္ျဗဟၼာအေပါင္းတို႔၏ ဝမ္းေျမာက္ ၾကည္ႏူး ခ်ီးက်ဴးေႂကြးေၾကာ္သံ ကဗ်ာမ်ားကို ဝတ္အသင္းမ်ားမွ သံၿပိဳင္ညီညာပူေဇာ္ၾက၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္ဇနီး၊  ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္း စစ္ခ်ဳပ္၊ ျပည္နယ္အတြင္းေရးမႉး၊ ျပည္နယ္/ခ႐ိုင္ /ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္ ဧည့္ပရိတ္သတ္တို႔က ေဗာဓိေညာင္ေျခပလႅင္ေဗြ၌ ကဆုန္ေညာင္ေရသြန္းေလာင္းလႉပူေဇာ္ ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 94 guests and no members online

Latest Updates