ရှမ်းပြည်နယ်သတင်းများ

၂၀၁၈ ခုႏွစ္ အင္းေလး-ေခါင္တိုင္ လူရည္ခၽြန္အပန္းေျဖစခန္းသိမ္းပြဲႏွင့္ ဂုဏ္ျပဳညစာစားပြဲ က်င္းပ

ေတာင္ႀကီး ေမ - ၅

67

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ဂုဏ္ျပဳညစာစားပြဲႏွင့္ ၂၀၁၈ ခုႏွစ္ အင္းေလး-ေခါင္တိုင္ လူရည္ခၽြန္ အပန္းေျဖစခန္းသိမ္းပြဲကို ေမ ၄ ရက္ ည ၆ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံး ျမက္ခင္းျပင္၌ က်င္းပေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလုံးမွ နမဝတန္းလူရည္ခၽြန္ ေက်ာင္းသား/သူ လူငယ္ေမာင္မယ္မ်ားကို ဂုဏ္ျပဳညစာ စားပြဲျဖင့္ ဂုဏ္ျပဳႏိုင္ေရးႏွင့္ စခန္းသိမ္းပြဲအတြက္ အဘက္ဘက္က ဝိုင္းဝန္းကူညီေပးခဲ့ၾကသူမ်ားအားလုံး ကို ေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္ အင္းေလး-ေခါင္တိုင္စခန္းကို လာေရာက္ၾကသည့္ လူရည္ခၽြန္ ေမာင္မယ္မ်ား၊ ႀကီးၾကပ္ဆရာ/ဆရာမမ်ားကို ႀကိဳဆိုျခင္းႏွင့္အစျပဳ၍ ယေန႔ဂုဏ္ျပဳညစာစားပြဲႏွင့္ စခန္းသိမ္းပြဲတိုင္ေအာင္ ၾကားကာလ၏လုပ္ငန္းအသီးသီးမွာ ေစတနာထားၿပီး အဘက္ဘက္ကျပည့္စုံ ေအာင္ ေဆာင္႐ြက္ေပးခဲ့ၾကေသာ တာဝန္ရွိသူအားလုံးကို ျပည္နယ္အစိုးရအဖြဲ႕၏ကိုယ္စား အထူေက်းဇူး တင္ရွိပါေၾကာင္း၊ ယခုလိုလူရည္ခၽြန္ေမာင္မယ္မ်ားကို ဂုဏ္ျပဳသည့္ညစာစားပြဲတြင္ ဘက္စုံဉာဏ္ရည္ ဖြံ႕ၿဖိဳးမႈႏွင့္ပတ္သက္ၿပီး အနည္းငယ္ေျပာၾကားလိုေၾကာင္း၊ လူ၏ဦးေႏွာက္ဖြဲ႕စည္းပုံ၊ ခႏၶာေဗဒဖြဲ႕စည္းပုံ၊ မ်ိဳး႐ိုးဗီဇမ်ားသာမက နီးစပ္မႈပတ္ဝန္းက်င္၊ အစားအေသာက္၊ အေနအထိုင္စသည့္ ေမာင္မယ္တို႔၏ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳေစမွာျဖစ္၍ေလ့က်င့္ျပဳစုပ်ိဳးေထာင္ရသည္လည္း ရွိတတ္ပါေၾကာင္း ဘက္စုံဉာဏ္ရည္ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ပတ္သက္ၿပီး Theory of Multiple Intelligences ဆိုတာရွိ၍ ျမန္မာလိုမွာ ဘက္စုံဉာဏ္ရည္မ်ားႏွင့္ပတ္သက္ေသာ အယူအဆမ်ား သီအိုရီဟုဆိုရမွာျဖစ္ေၾကာင္း၊ ယုတၱိေဗဒႏွင့္ သခ်ၤာဉာဏ္ရည္ထူးခၽြန္သူသည္ အခက္အခဲျပႆနာမ်ားကို ခြဲျခမ္းစိတ္ျဖာေလ့လာတတ္ၾက ၿပီး အေၾကာင္းအရာတစ္ခုကို စူးစူးစိုက္စိုက္ေလ့လာတတ္ၾကကာ သိပၸံပညာ သခ်ၤာပညာရပ္မ်ားႏွင့္ ဆက္စပ္ေနေသာ နိယာမသေဘာတရားမ်ားကို ေၾကာင္းက်ိဳးဆက္စပ္ပုံကိုလည္း နားလည္ႏိုင္စြမ္းရွိၾက ေၾကာင္း၊ လူရည္ခၽြန္ေမာင္မယ္မ်ားအေနျဖင့္ အင္းေလး-ေခါင္တိုင္စခန္းကအစျပဳ၍ ပတ္ဝန္းက်င္ကို ေလ့လာတတ္မႈ၊ ၾကည့္ျမင္တတ္မႈ၊ နက္နဲစြာျပန္လည္စဥ္းစားေတြးေခၚႀကံစည္တတ္မႈ၊ ျပန္လည္အသုံးခ် တတ္မႈဆိုသည့္ အေလ့အက်င့္ေကာင္းမ်ားကို အေလးအထားျဖစ္သည္အထိ ေဆာင္႐ြက္ႏိုင္ၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဂုဏ္ျပဳအမွာစကားေျပာၾကားသြားသည္။

. ဆက္လက္၍ လူရည္ခၽြန္ေမာင္မယ္မ်ားအား အမွတ္တရလက္ေဆာင္မ်ားကို ရွမ္းျပည္နယ္အစိုးရ အဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေပးအပ္ရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ အ.ထ.က (လား႐ႈိး)မွ ေမာင္ေကာင္းဆက္လင္းႏွင့္ မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ အ.ထ.က (ဧကရာဇ္)မွ မဆုျမတ္ႏွင္းတို႔က လူရည္ခၽြန္ေမာင္မယ္မ်ားကိုယ္စား လက္ခံရယူၿပီး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ မွတ္သားမႈစြမ္းရည္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၊ အ.ထ.က (၁)မွ မေမစြမ္းဆင့္ရည္၊ ဒုတိယဆုရရွိေသာ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ စာပန္းအိမ္ (က.ပ.က)မွ ေမာင္ေဇာ္ရဲထက္၊ တတိယဆုရရွိေသာ တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္၊ အ.ထ.က မွ ေမာင္ခန္႔ထည္မ်ိဳးတို႔အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္က ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ စခန္းခ်ကာလအတြင္း ေလ့လာမွတ္သားမႈစြမ္းရည္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ အ.ထ.က(၂) မဂၤလာဒုံမွ မခ်ိဳခ်ိဳႏွင္းေအာင္၊ ဒုတိယဆုရရွိေသာ ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ေလ့က်င့္ေရးအထက္တန္းေက်ာင္းမွ မဝင္းျပည့္ျပည့္ေဇာ္၊ တတိယဆုရရွိေသာ တနသၤာရီတိုင္းေဒသႀကီး၊ အ.ထ.က (တနသၤာရီ)မွ ေမာင္ခန္႔ထည္မ်ိဳးတို႔အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ဆုမ်ားခ်ီးျမႇင့္ေပးခဲ့ၿပီး၊ တနသၤာရီတိုင္းေဒသႀကီး၊ အ.ထ.က (၁)ၿမိတ္မွ ေမာင္လွဘုန္းဟန္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၏ တည့္ခင္းဧည့္ခံေသာ ညစာစားပြဲကို ေပ်ာ္႐ႊင္ဝမ္းေျမာက္စြာ သုံးေဆာင္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၈ ခုနှစ် အင်းလေး-ခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းသိမ်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

တောင်ကြီး မေ - ၅

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် ၂၀၁၈ ခုနှစ် အင်းလေး-ခေါင်တိုင် လူရည်ချွန် အပန်းဖြေစခန်းသိမ်းပွဲကို မေ ၄ ရက် ည ၆ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး မြက်ခင်းပြင်၌ ကျင်းပကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ နမဝတန်းလူရည်ချွန် ကျောင်းသား/သူ လူငယ်မောင်မယ်များကို ဂုဏ်ပြုညစာ စားပွဲဖြင့် ဂုဏ်ပြုနိုင်ရေးနှင့် စခန်းသိမ်းပွဲအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံး ကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အင်းလေး-ခေါင်တိုင်စခန်းကို လာရောက်ကြသည့် လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများကို ကြိုဆိုခြင်းနှင့်အစပြု၍ ယနေ့ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလ၏လုပ်ငန်းအသီးသီးမှာ စေတနာထားပြီး အဘက်ဘက်ကပြည့်စုံ အောင် ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိသူအားလုံးကို ပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား အထူကျေးဇူး တင်ရှိပါကြောင်း၊ ယခုလိုလူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုသည့်ညစာစားပွဲတွင် ဘက်စုံဉာဏ်ရည် ဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လူ၏ဦးနှောက်ဖွဲ့စည်းပုံ၊ ခန္ဓာဗေဒဖွဲ့စည်းပုံ၊ မျိုးရိုးဗီဇများသာမက နီးစပ်မှုပတ်ဝန်းကျင်၊ အစားအသောက်၊ အနေအထိုင်စသည့် မောင်မယ်တို့၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမှာဖြစ်၍လေ့ကျင့်ပြုစုပျိုးထောင်ရသည်လည်း ရှိတတ်ပါကြောင်း ဘက်စုံဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး Theory of Multiple Intelligences ဆိုတာရှိ၍ မြန်မာလိုမှာ ဘက်စုံဉာဏ်ရည်များနှင့်ပတ်သက်သော အယူအဆများ သီအိုရီဟုဆိုရမှာဖြစ်ကြောင်း၊ ယုတ္တိဗေဒနှင့် သင်္ချာဉာဏ်ရည်ထူးချွန်သူသည် အခက်အခဲပြဿနာများကို ခွဲခြမ်းစိတ်ဖြာလေ့လာတတ်ကြ ပြီး အကြောင်းအရာတစ်ခုကို စူးစူးစိုက်စိုက်လေ့လာတတ်ကြကာ သိပ္ပံပညာ သင်္ချာပညာရပ်များနှင့် ဆက်စပ်နေသော နိယာမသဘောတရားများကို ကြောင်းကျိုးဆက်စပ်ပုံကိုလည်း နားလည်နိုင်စွမ်းရှိကြ ကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် အင်းလေး-ခေါင်တိုင်စခန်းကအစပြု၍ ပတ်ဝန်းကျင်ကို လေ့လာတတ်မှု၊ ကြည့်မြင်တတ်မှု၊ နက်နဲစွာပြန်လည်စဉ်းစားတွေးခေါ်ကြံစည်တတ်မှု၊ ပြန်လည်အသုံးချ တတ်မှုဆိုသည့် အလေ့အကျင့်ကောင်းများကို အလေးအထားဖြစ်သည်အထိ ဆောင်ရွက်နိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဂုဏ်ပြုအမှာစကားပြောကြားသွားသည်။

. ဆက်လက်၍ လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်များကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အ.ထ.က (လားရှိုး)မှ မောင်ကောင်းဆက်လင်းနှင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အ.ထ.က (ဧကရာဇ်)မှ မဆုမြတ်နှင်းတို့က လူရည်ချွန်မောင်မယ်များကိုယ်စား လက်ခံရယူပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မှတ်သားမှုစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အ.ထ.က (၁)မှ မမေစွမ်းဆင့်ရည်၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စာပန်းအိမ် (က.ပ.က)မှ မောင်ဇော်ရဲထက်၊ တတိယဆုရရှိသော တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အ.ထ.က မှ မောင်ခန့်ထည်မျိုးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စခန်းချကာလအတွင်း လေ့လာမှတ်သားမှုစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၂) မင်္ဂလာဒုံမှ မချိုချိုနှင်းအောင်၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ မဝင်းပြည့်ပြည့်ဇော်၊ တတိယဆုရရှိသော တနင်္သာရီတိုင်းဒေသကြီး၊ အ.ထ.က (တနင်္သာရီ)မှ မောင်ခန့်ထည်မျိုးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုများချီးမြှင့်ပေးခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ အ.ထ.က (၁)မြိတ်မှ မောင်လှဘုန်းဟန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်၏ တည့်ခင်းဧည့်ခံသော ညစာစားပွဲကို ပျော်ရွှင်ဝမ်းမြောက်စွာ သုံးဆောင်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 28 guests and no members online