ရှမ်းပြည်နယ်သတင်းများ

(၇၂)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ေန႔ ေတာင္ႀကီးၿမိဳ႕၌ က်င္းပ

ေတာင္ႀကီး ေမ - ၅

68

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ (၇၂)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ေန႔ကို ေမ ၅ ရက္ နံနက္ ၈ နာရီက ေတာင္ႀကီးခ႐ိုင္၊ မီးသတ္စခန္း စစ္ေရးျပကြင္း၌ က်င္းပေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ လက္ရွိအေနျဖင့္ ေနာင္အနာဂတ္ကာလတြင္ ျဖစ္တည္လာႏိုင္ေသာအေျခအေနကို ေမၽွာ္မွန္းတြက္ဆၿပီး ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ စြမ္းေဆာင္ရည္အခန္းက႑ကို ဒီထက္ပိုမိုျမႇင့္တင္ ႀကိဳးပမ္းတည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွာ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္အင္အား (၁၁၄၅၂)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၃၀၉၆၁၂)ဦး၊ သီးသန္႔မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၁၈၆၇၂) ဦးရွိၿပီး မီးသတ္ယာဥ္/စက္ယႏၲရားအင္အားမွာ (၃၂၉၅)စီးရွိၿပီး ရွမ္းျပည္နယ္တြင္ မီးသတ္တပ္ဖြဲ႕ဝင္ အင္အား (၁၅၉၁)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၂၄၂၆၁)ဦး၊ သီးသန္႔မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၇၂၀)ဦးရွိၿပီး မီးသတ္ယာဥ္/ စက္ယႏၲရားအင္အားမွာ (၄၅၃)စီးရွိ၍ လူ/စက္ယႏၲရားအင္အားႏွင့္ မီးသတ္လုပ္ငန္းဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား၊ နည္းပညာမ်ားကို ေပါင္းစပ္ၿပီး မီးေဘးအႏၲရာယ္ ကာကြယ္ေရး၊ မီးၿငိမ္းသတ္ေရး၊ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးႏွင့္ ျပည္သူ႕ဝန္ေဆာင္မႈလုပ္ငန္းမ်ား ကို စြမ္းစြမ္းတမံေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မီးေဘးအႏၲရာယ္ႏွင့္ သဘာဝေဘးအႏၲရာယ္ ကာကြယ္ ေရးဆိုင္ရာ လုပ္ငန္းသုံးပစၥည္းမ်ား တိုးတက္ေျပာင္းလဲလာသည္ႏွင့္အတူ နည္းပညာလုပ္နည္းစနစ္မ်ားပါ ယွဥ္တြဲလိုက္ပါ ေျပာင္းလဲလာေသာေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ထိေရာက္ထက္ျမက္ေသာ စြမ္းေဆာင္ရည္ရွိေအာင္ မ်က္ေျခမျပတ္ဆည္းပူးေလ့လာၿပီး ေလ့က်င့္မႈမျပတ္ေဆာင္႐ြက္ၾကရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ဆက္လက္၍ မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးစြမ္းရည္သ႐ုပ္ျပသရာ ပုံစံမတူေသာ မီးေလာင္မႈအား ျပည္သူႏွင့္တပ္ဖြဲ႕ဝင္အမ်ိဳးသမီးမ်ားမွ ၿငိမ္းသတ္သ႐ုပ္ျပျခင္း၊ မီးသတ္တပ္ဖြဲ႕သုံး အသက္ကယ္ႀကိဳးကူး၊ ႀကိဳးဆင္း၊ ႀကိဳးတက္နည္းစနစ္မ်ား ျပသျခင္း၊ အထပ္ျမင့္ေလ့က်င့္ေရးအေဆာက္ အဦပုံစံတူ Simulator တြင္ Brave Heart (အမ်ိဳးသား)စြမ္းရည္ျပသျခင္း၊ အထပ္ျမင့္အေဆာက္အဦ မီးေလာင္မႈအား ရွာေဖြကယ္ဆယ္ေရးႏွင့္ မီးၿငိမ္းသတ္ေရး သ႐ုပ္ျပျခင္း၊ ယာဥ္မေတာ္တဆျဖစ္စဥ္မ်ားတြင္ မီးေလာင္မႈႏွင့္ ယာဥ္အတြင္းပိတ္မိေနသူအား ကယ္ဆယ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား အသုံးျပဳ၍ ကယ္ဆယ္သ႐ုပ္ျပသျခင္း၊ စက္သုံးဆီအေရာင္းဆိုင္/ သိုေလွာင္ကန္မီးေလာင္မႈအား လက္ေတြ႕ၿငိမ္းသတ္ သ႐ုပ္ျပသျခင္း၊ မီးသတ္ေရပက္ပိုက္ျဖင့္ Water Curtain/ Water Fun သ႐ုပ္ျပကြက္ျပသရာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ၾကည့္႐ႈအားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၇၂)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး မေ - ၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် (၇၂)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို မေ ၅ ရက် နံနက် ၈ နာရီက တောင်ကြီးခရိုင်၊ မီးသတ်စခန်း စစ်ရေးပြကွင်း၌ ကျင်းပကြောင်း သိရသည်။

နိုင်ငံတော်၏ လက်ရှိအနေဖြင့် နောင်အနာဂတ်ကာလတွင် ဖြစ်တည်လာနိုင်သောအခြေအနေကို မျှော်မှန်းတွက်ဆပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်ရည်အခန်းကဏ္ဍကို ဒီထက်ပိုမိုမြှင့်တင် ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၅၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၃၀၉၆၁၂)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၈၆၇၂) ဦးရှိပြီး မီးသတ်ယာဉ်/စက်ယန္တရားအင်အားမှာ (၃၂၉၅)စီးရှိပြီး ရှမ်းပြည်နယ်တွင် မီးသတ်တပ်ဖွဲ့ဝင် အင်အား (၁၅၉၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၄၂၆၁)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၇၂၀)ဦးရှိပြီး မီးသတ်ယာဉ်/ စက်ယန္တရားအင်အားမှာ (၄၅၃)စီးရှိ၍ လူ/စက်ယန္တရားအင်အားနှင့် မီးသတ်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ နည်းပညာများကို ပေါင်းစပ်ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကို စွမ်းစွမ်းတမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ် ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ နည်းပညာလုပ်နည်းစနစ်များပါ ယှဉ်တွဲလိုက်ပါ ပြောင်းလဲလာသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ထိရောက်ထက်မြက်သော စွမ်းဆောင်ရည်ရှိအောင် မျက်ခြေမပြတ်ဆည်းပူးလေ့လာပြီး လေ့ကျင့်မှုမပြတ်ဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသရာ ပုံစံမတူသော မီးလောင်မှုအား ပြည်သူနှင့်တပ်ဖွဲ့ဝင်အမျိုးသမီးများမှ ငြိမ်းသတ်သရုပ်ပြခြင်း၊ မီးသတ်တပ်ဖွဲ့သုံး အသက်ကယ်ကြိုးကူး၊ ကြိုးဆင်း၊ ကြိုးတက်နည်းစနစ်များ ပြသခြင်း၊ အထပ်မြင့်လေ့ကျင့်ရေးအဆောက် အဦပုံစံတူ Simulator တွင် Brave Heart (အမျိုးသား)စွမ်းရည်ပြသခြင်း၊ အထပ်မြင့်အဆောက်အဦ မီးလောင်မှုအား ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များတွင် မီးလောင်မှုနှင့် ယာဉ်အတွင်းပိတ်မိနေသူအား ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်သရုပ်ပြသခြင်း၊ စက်သုံးဆီအရောင်းဆိုင်/ သိုလှောင်ကန်မီးလောင်မှုအား လက်တွေ့ငြိမ်းသတ် သရုပ်ပြသခြင်း၊ မီးသတ်ရေပက်ပိုက်ဖြင့် Water Curtain/ Water Fun သရုပ်ပြကွက်ပြသရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 31 guests and no members online