ရှမ်းပြည်နယ်သတင်းများ

၂၀၁၇-၂၀၁၈ ခု ဘ႑ာေရးႏွစ္ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးက်င္းပ

ေတာင္ႀကီး ေမ- ၇

 69

ရွမ္းျပည္နယ္ စည္ပင္သာယာေရးဌာန ၂၀၁၇-၂၀၁၈ ခု ဘ႑ာေရးႏွစ္ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ေမ ၇ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌က်င္းပသည္။

စည္ပင္သာယာေရးဌာနသည္ ျပဌာန္းထားေသာ ဥပေဒႏွင့္အညီ ၿမိဳ႕ေနျပည္သူမ်ားထံမွ ထိုက္သင့္ေသာ အခြန္၊ အခ၊ အေကာက္မ်ား ေကာက္ခံၿပီး ရရွိလာေသာဝင္ေငြျဖင့္ ၿမိဳ႕သန္႔ရွင္းသာယာလွပေရး၊ ၿမိဳ႕တြင္း လမ္း၊ တံတားလုပ္ငန္းမ်ား တည္ေဆာက္ျပဳျပင္ထိန္းသိမ္းေရး၊ ၿမိဳ႕ေရေပးေရး၊ ျပည္သူမ်ားက်န္းမာေရးႏွင့္ ညီၫႊတ္စြာေနထိုင္ေရး စသည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရေသာ ဌာနျဖစ္ပါေၾကာင္း၊ စည္ပင္သာယာေရးဌာန၏လုပ္ငန္းတာဝန္မ်ားသည္ မ်ားျပားလွၿပီး ျပည္သူႏွင့္ တိုက္႐ိုက္ထိေတြ႕လုပ္ကိုင္ရေသာ သေဘာသဘာဝရွိသည့္အတြက္ ဌာန၏လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ျပည္သူမ်ားမွ အထင္ လႊဲမွားမႈမရွိေစရန္ သိရွိနားလည္ေစရန္ ပြင့္လင္းျမင္သာစြာေဆာင္႐ြက္ရန္ အလြန္အေရးႀကီးပါေၾကာင္း၊ စည္ပင္သာယာေရး ဌာနမ်ားက ဘ႑ာေရးႏွစ္အလိုက္ ေရးဆြဲထားေသာ ရေငြ/သုံးေငြဆိုင္ရာ ရသုံးခန္႔မွန္းေျခေငြစာရင္းပါ ေဆာင္႐ြက္ေပး ရမည့္ လုပ္ငန္းမ်ားကို ဦးစားေပးအစီအစဥ္မ်ားခြဲျခားၿပီးေဆာင္႐ြက္ေပးေနရေၾကာင္း၊ ျပည္သူမ်ားသိရွိေစရန္ မီဒီယာမ်ားကို အသုံး ျပဳၿပီး သတင္းထုတ္ျပန္ေပးရန္ လိုအပ္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး၊ ျပည္နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိုင္းစြံ႕ဆိုင္းမွ အဖြင့္အမွာစကား၌ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး၊ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာန ၫႊန္ၾကားေရးမႉး ဦးစိုင္းထြန္းထြန္းမွ စည္ပင္သာယာေရးဌာန၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ရွင္းလင္းေျပာၾကားၿပီး၊ ၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲ စည္ပင္သာယာေရးဌာနမ်ားမွ ၂၀၁၇-၂၀၁၈ ခု ဘ႑ာေရးႏွစ္ လုပ္ငန္း ေဆာင္႐ြက္ၿပီးစီးမႈမ်ားအား ရွင္းလင္းတင္ျပကာ အစည္းအေဝးသို႔ တက္ေရာက္လာသူမ်ားမွ အေထြေထြေဆြးေႏြးတင္ျပ၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး၊ ျပည္နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိုင္းစြံ႕ဆိုင္းမွနိဂုံးခ်ဳပ္အမွာစကား ေျပာၾကားေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး၊ ျပည္နယ္စည္ပင္သာယာေရးဌာန ၫႊန္ၾကားေရးမႉး၊ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာနမွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္ /ၿမိဳ႕နယ္ခြဲ စည္ပင္သာယာေရးဌာနမ်ားမွ အရာထမ္း အမႈထမ္းမ်ားတက္ေရာက္ၾကၿပီး၊ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ေမ ၇ ရက္မွ ၁၀ ရက္ထိျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မေ- ၇

ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

စည်ပင်သာယာရေးဌာနသည် ပြဌာန်းထားသော ဥပဒေနှင့်အညီ မြို့နေပြည်သူများထံမှ ထိုက်သင့်သော အခွန်၊ အခ၊ အကောက်များ ကောက်ခံပြီး ရရှိလာသောဝင်ငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ မြို့တွင်း လမ်း၊ တံတားလုပ်ငန်းများ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး၊ မြို့ရေပေးရေး၊ ပြည်သူများကျန်းမာရေးနှင့် ညီညွှတ်စွာနေထိုင်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးရသော ဌာနဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဌာန၏လုပ်ငန်းတာဝန်များသည် များပြားလှပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့လုပ်ကိုင်ရသော သဘောသဘာဝရှိသည့်အတွက် ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများမှ အထင် လွှဲမှားမှုမရှိစေရန် သိရှိနားလည်စေရန် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ စည်ပင်သာယာရေး ဌာနများက ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲထားသော ရငွေ/သုံးငွေဆိုင်ရာ ရသုံးခန့်မှန်းခြေငွေစာရင်းပါ ဆောင်ရွက်ပေး ရမည့် လုပ်ငန်းများကို ဦးစားပေးအစီအစဉ်များခွဲခြားပြီးဆောင်ရွက်ပေးနေရကြောင်း၊ ပြည်သူများသိရှိစေရန် မီဒီယာများကို အသုံး ပြုပြီး သတင်းထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းစွံ့ဆိုင်းမှ အဖွင့်အမှာစကား၌ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်/မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများမှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းစွံ့ဆိုင်းမှနိဂုံးချုပ်အမှာစကား ပြောကြားကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် /မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများမှ အရာထမ်း အမှုထမ်းများတက်ရောက်ကြပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက်မှ ၁၀ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 27 guests and no members online