ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးဇုန္ အဆင့္ တကၠသိုလ္/ဒီဂရီေကာလိပ္/ေကာလိပ္မ်ား(အမ်ိဳးသား/အမ်ိဳးသမီး) ေဘာလံုးျပိဳင္ပြဲဖြင့္ပြဲက်င္းပ

ေတာင္ႀကီး  ေမ  ၈

71

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္၊ေတာင္ႀကီးဇုန္အဆင့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား(အမ်ိဳးသား / အမ်ိဳးသမီး)ေဘာလံုးျပိဳင္ပြဲဖြင့္ပြဲကို ေမလ ၈ ရက္ေန႔ နံနက္ ၁၀ နာရီက ျပည္နယ္အားကစားကြင္း၌က်င္းပရာတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝုိဟိန္း၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တကၠသိုလ္အသီးသီးမွပါေမာကၡခ်ဳပ္မ်ား၊ ဒုတိယပါေမာကၡခ်ဳပ္မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာ/ဆရာမမ်ားႏွင့္ျပိဳင္ပြဲဝင္ အားကစားသမားမ်ား တက္ေရာက္ခဲ့ သည္။

ေရွ႕ဦးစြာ စစ္ေရးျပမွဴးမွ ဦးေဆာင္၍ ျပိဳင္ပြဲဝင္ အားကစားအသင္းမ်ားက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္အား အေလးျပဳခဲ့ျပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ က ယေန႔ျပိဳင္ပြဲမွာ အမ်ိဳးသားေဘာလံုးအသင္း(၄)သင္း၊ အမ်ိဳးသမီးေဘာလံုးအသင္း(၃)သင္း ပါဝင္ယွဥ္ျပိဳင္ၾကမွာျဖစ္ၿပီး၊ အားကစားစိတ္ဓာတ္အျပည့္အဝနဲ႔ယွဥ္ျပိဳင္ၾကကာ မိမိတို႔တကၠသိုလ္ရဲ႕ဂုဏ္ကိုေဆာင္ ၾကရန္၊၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလမွာ အာဆီယံတကၠသိုလ္မ်ား အားကစားျပိဳင္ပြဲက်င္းပဖို႔ရွိၿပီး၊ ျမန္မာနိုင္ငံအေနနဲ႔ အိမ္ရွင္နိုင္ငံအျဖစ္ လက္ခံက်င္းပေပးမွာျဖစ္ျပီး အားကစားအမ်ိဳးေပါင္း(၁၇)မ်ိဳး ပါဝင္မွာျဖစ္ေၾကာင္း၊ ေဘာလံုး အားကစားလဲတစ္မ်ိဳးပါဝင္မွာျဖစ္တဲ့အတြက္ ျပည္နယ္အသီးသီးက လက္ေရြးစင္အားကစားထူးခၽြန္သူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အခြင့္အေရးေကာင္းတစ္ရပ္လို႔ျမင္ပါတယ္၊ ပါဝင္ယွဥ္ျပိဳင္ခြင့္ရေအာင္ ေလ့က်င့္သြား ၾကဖို႔လည္း တိုက္တြန္းေျပာၾကားေပးခဲ့သည္။ ၄င္းေနာက္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ၿပိဳင္ပြဲ၀င္အသင္း (၇)သင္းအား အားကစားေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္းသိရွိရသည္။

ထိုု႕ေနာက္စစ္ေရးျပမွဴးမွ ဦးေဆာင္၍ ျပိဳင္ပြဲဝင္အားကစားအသင္းမ်ားက အားကစားသစၥာအဓိဌာန္ ရြတ္ဆိုျပီး၊ ျပိဳင္ပြဲဝင္အားကစားအသင္းမ်ားမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္အား အေလးျပဳ၍ အားကစားကြင္း အတြင္းမွ ျပန္လည္ထြက္ခြာခဲ့ျပီး၊ ေတာင္ႀကီးေဒသအသင္းႏွင့္လားရႈိးေဒသအသင္း(အမ်ိဳးသား) တို႔ကယွဥ္ျပိဳင္ကစား ၾကေၾကာင္းသိရွိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

Unicode ျဖင့္ဖတ္ရန္+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးဇုန် အဆင့် တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်များ(အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး  မေ  ၈

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊တောင်ကြီးဇုန်အဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ(အမျိုးသား / အမျိုးသမီး)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အားကစားကွင်း၌ကျင်းပရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးမှပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ သည်။

ရှေ့ဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားအသင်းများက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြုခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ယနေ့ပြိုင်ပွဲမှာ အမျိုးသားဘောလုံးအသင်း(၄)သင်း၊ အမျိုးသမီးဘောလုံးအသင်း(၃)သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ယှဉ်ပြိုင်ကြကာ မိမိတို့တက္ကသိုလ်ရဲ့ဂုဏ်ကိုဆောင် ကြရန်၊၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကျင်းပဖို့ရှိပြီး၊ မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးမှာဖြစ်ပြီး အားကစားအမျိုးပေါင်း(၁၇)မျိုး ပါဝင်မှာဖြစ်ကြောင်း၊ ဘောလုံး အားကစားလဲတစ်မျိုးပါဝင်မှာဖြစ်တဲ့အတွက် ပြည်နယ်အသီးသီးက လက်ရွေးစင်အားကစားထူးချွန်သူ ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အရေးကောင်းတစ်ရပ်လို့မြင်ပါတယ်၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် လေ့ကျင့်သွား ကြဖို့လည်း တိုက်တွန်းပြောကြားပေးခဲ့သည်။ ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပြိုင်ပွဲဝင်အသင်း (၇)သင်းအား အားကစားထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ထို့နောက်စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး၊ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြု၍ အားကစားကွင်း အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး၊ တောင်ကြီးဒေသအသင်းနှင့်လားရှိုးဒေသအသင်း(အမျိုးသား) တို့ကယှဉ်ပြိုင်ကစား ကြကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 26 guests and no members online