ရှမ်းပြည်နယ်သတင်းများ

ႏွစ္(၇၀)ေျမာက္ ကမၻာ့ၾကက္ေျခနီေန႔အထိမ္းအမွတ္အခမ္းအနားက်င္းပ

ေတာင္ႀကီး ေမ -၁၅

72

၂၀၁၈ ခုႏွစ္ ႏွစ္(၇၀)ေျမာက္ ကမၻာ့ၾကက္ေျခနီေန႔အထိမ္းအမွတ္အခမ္းအနားကို ေမ ၁၅ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျမန္မာႏိုင္ငံဆရာဝန္အသင္း႐ုံး၌က်င္းပေၾကာင္းသိရသည္။

ၾကက္ေျခနီလူမႈဂ႐ုဏာလုပ္ငန္းမ်ားကို စတင္မ်ိဳးေစ့ခ်ေပးခဲ့သည့္ ဟင္နရီဒူးနန္႔ကို ဂုဏ္ျပဳေသာ အားျဖင့္ ၎ေမြးေန႔ ျဖစ္ေသာ ေမလ ၈ ရက္ေန႔ကို ကမၻာ့ၾကက္ေျခနီေန႔အျဖစ္သတ္မွတ္ခဲ့ၾကၿပီး၊ ၁၉၄၈ ခုႏွစ္မွ စတင္ကာ ႏွစ္စဥ္ေမလ ၈ ရက္ေန႔ ေရာက္တိုင္း ကမၻာ့ၾကက္ေျခနီေန႔အခမ္းအနားကို ကမၻာတစ္ဝန္း လုံးရွိ အမ်ိဳးသားၾကက္ေျခနီအသင္းမ်ားမွ က်င္းပခဲ့ေၾကာင္း၊ ၾကက္ေျခနီလူမႈဂ႐ုဏာလႈပ္ရွားမႈမ်ားကို မြန္ျမတ္ေသာစိတ္ဓါတ္ႏွင့္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့ၾကေသာ ၾကက္ေျခနီေစတနာ လုပ္အားရွင္မ်ားကို ဂုဏ္ျပဳမွတ္တမ္းတင္ျခင္း၊ ထူးခၽြန္ဆုမ်ား အပ္ႏွင့္ျခင္းမ်ားကို ျပဳလုပ္ေလ့ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္ ၾကက္ေျခနီ တပ္ဖြဲ႕ဝင္မ်ားသည္ လူထုအေျချပဳ ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအပါအဝင္ ျပည္သူ႕က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ကေလးသူငယ္ႏွင့္ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရး လုပ္ငန္းမ်ား၊ ေဘးဒုကၡႀကိဳတင္ျပင္ဆင္ေရးႏွင့္ တုံ႔ျပန္ေရးလုပ္ငန္းမ်ား၊ ေရွးဦးျပဳစုျခင္းလုပ္ငန္းမ်ားႏွင့္ ဘာသာေရး၊ လူမႈေရးလုပ္ငန္းမ်ားတြင္ ပါဝင္ကူညီေဆာင္႐ြက္ေပးေနသည္ကို ဂုဏ္ယူေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား၌ ေျပာၾကား သြားသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းဥကၠဌ ပါေမာကၡေဒါက္တာျမသူမွ ေပးအပ္ေသာ သဝဏ္လႊာအား ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီဥကၠဌ ေဒါက္တာလွေအးမွ ဖတ္ၾကားၿပီး၊ ၂၀၁၇ ခုႏွစ္တြင္ ၾကက္ေျခနီထူးခၽြန္ဆုရရွိသူမ်ားႏွင့္ ရခိုင္ျပည္နယ္သို႔သြားေရာက္၍ လူမႈဂ႐ုဏာ လုပ္ငန္း မ်ားကိုထမ္းေဆာင္ခဲ့ေသာ တပ္ဖြဲ႕ဝင္ (၁၀)ဦးတို႔အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ဆုခ်ီးျမႇင့္ ေပး၍လည္းေကာင္း၊ ရာသက္ပန္ၾကက္ေျခနီအသင္းဝင္ ဂုဏ္ျပဳလႊာမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ခ်ီးျမႇင့္ေပးကာ၊ ရွမ္းျပည္နယ္ၾကက္ေျခနီအသင္းအတြက္ အလႉေငြေပးအပ္ေသာ ကေမၻာဇဘိလပ္ေျမစက္႐ုံမွ တာဝန္ရွိသူတစ္ဦးအား ဂုဏ္ျပဳမွတ္တမ္းလႊာကို ရွမ္းျပည္နယ္ၾကက္ေျခနီ ႀကီးၾကပ္မႈေကာ္မတီဥကၠဌ ေဒါက္တာလွေအးမွ ေပးအပ္၍  ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ခန္းမအတြင္း ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Zawgyi+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှစ်(၇၀)မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

တောင်ကြီး မေ -၁၅

၂၀၁၈ ခုနှစ် နှစ်(၇၀)မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို မေ ၁၅ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းရုံး၌ကျင်းပကြောင်းသိရသည်။

ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများကို စတင်မျိုးစေ့ချပေးခဲ့သည့် ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသော အားဖြင့် ၎င်းမွေးနေ့ ဖြစ်သော မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး၊ ၁၉၄၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်မေလ ၈ ရက်နေ့ ရောက်တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ကမ္ဘာတစ်ဝန်း လုံးရှိ အမျိုးသားကြက်ခြေနီအသင်းများမှ ကျင်းပခဲ့ကြောင်း၊ ကြက်ခြေနီလူမှုဂရုဏာလှုပ်ရှားမှုများကို မွန်မြတ်သောစိတ်ဓါတ်နှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာ လုပ်အားရှင်များကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ ထူးချွန်ဆုများ အပ်နှင့်ခြင်းများကို ပြုလုပ်လေ့ရှိပါကြောင်း၊ ရှမ်းပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် လူထုအခြေပြု ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအပါအဝင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးဒုက္ခကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများနှင့် ဘာသာရေး၊ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည်ကို ဂုဏ်ယူကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ပြောကြား သွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမြသူမှ ပေးအပ်သော သဝဏ်လွှာအား ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာလှအေးမှ ဖတ်ကြားပြီး၊ ၂၀၁၇ ခုနှစ်တွင် ကြက်ခြေနီထူးချွန်ဆုရရှိသူများနှင့် ရခိုင်ပြည်နယ်သို့သွားရောက်၍ လူမှုဂရုဏာ လုပ်ငန်း များကိုထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင် (၁၀)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆုချီးမြှင့် ပေး၍လည်းကောင်း၊ ရာသက်ပန်ကြက်ခြေနီအသင်းဝင် ဂုဏ်ပြုလွှာများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ချီးမြှင့်ပေးကာ၊ ရှမ်းပြည်နယ်ကြက်ခြေနီအသင်းအတွက် အလှူငွေပေးအပ်သော ကမ္ဘောဇဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာလှအေးမှ ပေးအပ်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်က​ြီး)

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 52 guests and no members online