ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အေမရိကန္သံ႐ုံးမွ သံအမတ္ႀကီးႏွင့္ ေတြ႕ဆုံ

ေတာင္ႀကီး ေမ- ၁၅

75

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉးတို႔ႏွင့္အတူ ေမ ၁၅ ရက္ မြန္းလႊဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံး၊ ဧည့္ခန္းမ၌ အေမရိကန္သံ႐ုံးမွ သံအမတ္ႀကီး H. E. Mr. Scot Marciel ႏွင့္ ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ခ်က္မ်ား၊ စီးပြားေရး လုပ္ငန္းမ်ား ရပ္တန္႔မသြားေအာင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကိဳးစားေဆာင္႐ြက္ေနေၾကာင္း၊ ရွမ္းျပည္နယ္တြင္ စီးပြားေရး ႏွင့္ပတ္သက္၍ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးက ေျဖၾကားသြားမည္ျဖစ္ေၾကာင္းႏွင့္ ပညာေရး၊ က်န္းမာေရးကိစၥရပ္ မ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီးက ေျဖၾကားသြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုလို အေမရိကန္သံအမတ္ႀကီးမွ လာေရာက္ေတြ႕ဆုံ သည့္အတြက္ အထူးေက်းဇူးတင္ရွိပါေၾကာင္း ေဆြးေႏြးသြားသည္။

ထို႔ေနာက္ အေမရိကန္သံ႐ုံးမွ သံအမတ္ႀကီး H. E. Mr. Scot Marciel က အေျခအေန႐ႈပ္ေထြးသည့္ၾကားတြင္ တစ္ဖက္ႏွင့္တစ္ဖက္ ပစ္ခတ္မႈမ်ားရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ၿငိမ္းခ်မ္းေရး ရရွိေအာင္ ျပည္ေထာင္စုအစိုးရႏွင့္ ျပည္သူမ်ား ပါဝင္ေဆာင္႐ြက္ရန္ လိုအပ္လ်က္ရွိပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ မိမိတို႔အဖြဲ႕မွလည္း ကူညီေပးလ်က္ရွိပါေၾကာင္း၊ NCA လက္မွတ္ေရးထိုးထားေသာအဖြဲ႕သည္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား တိုးတက္ေနမႈကို သိရွိရပါေၾကာင္း၊ လက္မွတ္မထိုးရေသးသည့္အဖြဲ႕မ်ား ပါဝင္ေဆာင္႐ြက္လာႏိုင္ရန္ လိုအပ္ပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ပါဝင္ေဆာင္႐ြက္လုပ္ကိုင္ေနသျဖင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရွိၿပီး စီးပြားေရး လုပ္ငန္းမ်ား ႀကိဳးစားလုပ္ကိုင္ေနသည္ကို ေတြ႕ရွိရပါေၾကာင္းႏွင့္ အေမရိကန္မွ ပညာရွင္မ်ားေခၚလာၿပီး ရွမ္းျပည္နယ္ရွိ လယ္သမားမ်ားႏွင့္ေတြ႕ဆုံ၍ နည္းပညာဖလွယ္ပါက ႀကီးပြားတိုးတက္မႈမ်ား ရွိႏိုင္ပါေၾကာင္း၊ မူးယစ္ေဆးဝါးလုပ္ငန္းႏွင့္ ပတ္သက္၍ ေဆြးေႏြးလိုသည္မွာ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ကာ သတင္းအျပန္အလွန္ေဆာင္႐ြက္ႏိုင္ပါေၾကာင္း၊ ႏွစ္ႏိုင္ငံရွိ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားရွိေသာ္လည္း မူးယစ္ေဆးဝါးအသစ္မ်ားေပၚထြက္ေနသျဖင့္ မိမိတို႔ႏိုင္ငံတြင္လည္း အကိုက္အခဲ ေပ်ာက္ေဆးအေနျဖင့္ ပုံစံအမ်ိဳးမ်ိဳးသုံးစြဲေနပါေၾကာင္း၊ မူးယစ္ေဆးဝါးကိစၥရပ္မ်ားလုပ္ငန္းျခင္း တူေသာ္လည္း ပုံသ႑ာန္ ကြဲျပားမႈရွိေနပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန်သံရုံးမှ သံအမတ်ကြီးနှင့် တွေ့ဆုံ

တောင်ကြီး မေ- ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မေ ၁၅ ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ ဧည့်ခန်းမ၌ အမေရိကန်သံရုံးမှ သံအမတ်ကြီး H. E. Mr. Scot Marciel နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ ရပ်တန့်မသွားအောင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြိုးစားဆောင်ရွက်နေကြောင်း၊ ရှမ်းပြည်နယ်တွင် စီးပွားရေး နှင့်ပတ်သက်၍ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ဖြေကြားသွားမည်ဖြစ်ကြောင်းနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ် များကို ပြည်နယ်လူမှုရေးဝန်ကြီးက ဖြေကြားသွားမည်ဖြစ်ကြောင်းနှင့် ယခုလို အမေရိကန်သံအမတ်ကြီးမှ လာရောက်တွေ့ဆုံ သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် အမေရိကန်သံရုံးမှ သံအမတ်ကြီး H. E. Mr. Scot Marciel က အခြေအနေရှုပ်ထွေးသည့်ကြားတွင် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်မှုများရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ရရှိအောင် ပြည်ထောင်စုအစိုးရနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အဖွဲ့မှလည်း ကူညီပေးလျက်ရှိပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသောအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်နေမှုကို သိရှိရပါကြောင်း၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်ဆောင်ရွက်လာနိုင်ရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်လုပ်ကိုင်နေသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများရှိပြီး စီးပွားရေး လုပ်ငန်းများ ကြိုးစားလုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် အမေရိကန်မှ ပညာရှင်များခေါ်လာပြီး ရှမ်းပြည်နယ်ရှိ လယ်သမားများနှင့်တွေ့ဆုံ၍ နည်းပညာဖလှယ်ပါက ကြီးပွားတိုးတက်မှုများ ရှိနိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကာ သတင်းအပြန်အလှန်ဆောင်ရွက်နိုင်ပါကြောင်း၊ နှစ်နိုင်ငံရှိ မူးယစ်ဆေးဝါးသုံးစွဲသူများရှိသော်လည်း မူးယစ်ဆေးဝါးအသစ်များပေါ်ထွက်နေသဖြင့် မိမိတို့နိုင်ငံတွင်လည်း အကိုက်အခဲ ပျောက်ဆေးအနေဖြင့် ပုံစံအမျိုးမျိုးသုံးစွဲနေပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စရပ်များလုပ်ငန်းခြင်း တူသော်လည်း ပုံသဏ္ဍာန် ကွဲပြားမှုရှိနေပါကြောင်း ဆွေးနွေးသွားသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 42 guests and no members online