ရှမ်းပြည်နယ်သတင်းများ

ဒုတိယ(၁)ႏွစ္တာကာလအတြင္း ျပဳျပင္ေျပာင္းလဲျခင္းေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သက္၍ သတင္းစာ ရွင္းလင္းပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ၫွိႏႈိင္းအစည္းအေဝး

ေတာင္ႀကီး ေမ - ၁၆

76

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ျပည္သူ႕အတြက္ ဒုတိယ(၁)ႏွစ္တာကာလအတြင္း ျပဳျပင္ေျပာင္းလဲျခင္း ေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သက္၍ သတင္းစာရွင္းလင္းပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ ၫွိႏႈိင္းအစည္းအေဝးကို ေမ ၁၆ ရက္ မြန္းလႊဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝးခန္းမ(၁)တြင္ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က သတင္းစာ ရွင္းလင္းပြဲကိစၥႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားရာ ရွမ္းျပည္နယ္သည္ ျပည္နယ္က်ယ္ျပန္႔သျဖင့္ ျပည္သူမ်ားသိရွိႏိုင္ရန္ အစိုးရအဖြဲ႕မွ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ခ်ျပသြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ အစိုးရဘတ္ဂ်က္ေငြျဖင့္ ျပည္သူမ်ားအတြက္ လမ္းမ်ားကို ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးခဲ့သည္ကို ခ်ျပ ရမည္ျဖစ္ေၾကာင္း၊ မီးရရွိေရးႏွင့္ လမ္းမ်ားေကာင္းမြန္ေရးကို ထိေရာက္ေအာင္ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ ေၾကာင္း၊ က်င္းပမည့္ သတင္းစာရွင္းလင္းပြဲတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးက႑မ်ားကို သုံးပိုင္းခြဲခ် ၿပီး က႑အလိုက္ ေဖာ္ျပေပးသြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္၏ တစ္ႏွစ္တာလုပ္ငန္းေဆာင္႐ြက္မႈမ်ား အား မီဒီယာကို ရွင္းလင္းခ်ျပမည္ျဖစ္သည့္အတြက္ မိမိေဖာ္ျပမည္က႑မ်ားကို စဥ္းစားသုံးသပ္ၿပီး ေဖာ္ျပ ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ားက တင္ျပေဆြးေႏြးၾကၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ျပည္နယ္ ဥပေဒခ်ဳပ္၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားတက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲခြင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး

တောင်ကြီး မေ - ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် ညှိနှိုင်းအစည်းအဝေးကို မေ ၁၆ ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က သတင်းစာ ရှင်းလင်းပွဲကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ရှမ်းပြည်နယ်သည် ပြည်နယ်ကျယ်ပြန့်သဖြင့် ပြည်သူများသိရှိနိုင်ရန် အစိုးရအဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုများကို ချပြသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရဘတ်ဂျက်ငွေဖြင့် ပြည်သူများအတွက် လမ်းများကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့သည်ကို ချပြ ရမည်ဖြစ်ကြောင်း၊ မီးရရှိရေးနှင့် လမ်းများကောင်းမွန်ရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင် ကြောင်း၊ ကျင်းပမည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို သုံးပိုင်းခွဲချ ပြီး ကဏ္ဍအလိုက် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများ အား မီဒီယာကို ရှင်းလင်းချပြမည်ဖြစ်သည့်အတွက် မိမိဖော်ပြမည်ကဏ္ဍများကို စဉ်းစားသုံးသပ်ပြီး ဖော်ပြ ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 49 guests and no members online