ရှမ်းပြည်နယ်သတင်းများ

လိြဳင္လင္ခရိုင္မိုးလံုေလလံုအားကစားရံု တည္ေဆာက္ေရးတင္ဒါဖြင့္ေဖာက္စစ္ေဆး ပဲြက်င္းပ

ေတာင္ႀကီး ဇြန္ - ၈

101

၂၀၁၈ခုႏွစ္၊ ဧၿပီလမွ စက္တင္ဘာလအထိ ႐ွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီး ဌာန၏ ျပည္ေထာင္စု ဘတ္ဂ်က္ ခြင့္ျပဳ ရန္ပုံေငြျဖင့္ တည္ေဆာက္မည့္ လြိဳင္လင္ခ႐ုိင္ မိုးလုံေလလုံအားကစား႐ုံတည္ေဆာက္ေရးလုပ္ငန္း Open Tender တင္ဒါဖြင့္လွစ္ ျခင္းအခမ္းအနားကို ဇြန္လ ၆ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕သစ္ေတာရပ္ကြက္ရွိ ႐ွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

အခမ္းအနားသို႔ ႐ွမ္းျပည္နယ္အစုိးရအဖြဲ႔ ျပည္နယ္လူမွဳေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တင္ဒါစည္းမ်ဥ္း စည္းကမ္းမ်ား အား႐ွင္းလင္းေျပာၾကားၿပီး ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးေဒါက္တာ ညီညီေအာင္က သစ္မ်ားကုိ ဝယ္ယူသုံးစြဲေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍႐ွင္းလင္းေျပာၾကားပါသည္။

ဆက္လက္၍ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစုိင္း႐ွဲန္တစ္လုံက ဘ႑ာေရးဆိုင္ရာ ကိစၥရပ္မ်ားအား ႐ွင္းလင္း ေျပာၾကားသည္။ ထို႔ေနာက္ ၂၀၁၈ခုႏွစ္၊ ဧၿပီလမွ စက္တင္ဘာလအထိ ျပည္ေထာင္စု ဘတ္ဂ်က္ခြင့္ျပဳေငြျဖင့္ တည္ေဆာက္မည့္ Open Tender လြိဳင္လင္ခ႐ုိင္ မိုးလုံေလလုံအားကစား႐ုံ တည္ေဆာက္ေရးလုပ္ငန္းအတြက္တင္ဒါ တင္သြင္းထားေသာ ကုမၸဏီ (၁၁)ခုမွတာဝန္ရွိသူမ်ားႏွင့္ ႐ွမ္းျပည္နယ္အစုိးရအဖြဲ႔ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစုိင္း ႐ွဲန္တစ္လုံ၊ ျပည္နယ္အားကစာႏွင့္ကာယ ပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးထန္ အိတ္၊ ျပည္နယ္တည္ေဆာက္ေရး ေကာ္မ တီအဖြဲ႔ဝင္မ်ားေရွ႕တြင္ ပြင့္လင္းျမင္သာစြာျဖင့္ တည္ေဆာက္ေရးလုပ္ငန္း တင္ဒါ ဖြင့္ေဖာက္စစ္ေဆးျခင္းမ်ားေဆာင္ ရြက္ခဲ႔ ေၾကာင္းသိရသည္။

ဦးထြန္းလြင္(ျမ၀တီ)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

လွိုင်လင်ခရိုင်မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေးတင်ဒါဖွင့်ဖောက်စစ်ဆေး ပွဲကျင်းပ

တောင်ကြီး ဇွန် - ၈

၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၏ ပြည်ထောင်စု ဘတ်ဂျက် ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်မည့် လွိုင်လင်ခရိုင် မိုးလုံလေလုံအားကစားရုံတည်ဆောက်ရေးလုပ်ငန်း Open Tender တင်ဒါဖွင့်လှစ် ခြင်းအခမ်းအနားကို ဇွန်လ ၆ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တင်ဒါစည်းမျဉ်း စည်းကမ်းများ အားရှင်းလင်းပြောကြားပြီး ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင်က သစ်များကို ဝယ်ယူသုံးစွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေဖြင့် တည်ဆောက်မည့် Open Tender လွိုင်လင်ခရိုင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေးလုပ်ငန်းအတွက်တင်ဒါ တင်သွင်းထားသော ကုမ္ပဏီ (၁၁)ခုမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်း ရှဲန်တစ်လုံ၊ ပြည်နယ်အားကစာနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန် အိတ်၊ ပြည်နယ်တည်ဆောက်ရေး ကော်မ တီအဖွဲ့ဝင်များရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် တည်ဆောက်ရေးလုပ်ငန်း တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ ကြောင်းသိရသည်။

ဦးထွန်းလွင်(မြဝတီ)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 50 guests and no members online