ရှမ်းပြည်နယ်သတင်းများ

ရပ္ေစာက္ၿမိဳ႕နယ္လုံးဆိုင္ရာ ပရိယတၱိသာသနာႏုဂၢဟ စာျပန္/ေျဖပြဲေတာ္ႀကီး ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၁၅

105

(၇၃)ႀကိမ္ေျမာက္ စာေလၽွာက္ေမးပြဲေတာ္ႀကီး၊ (၅၇)ႀကိမ္ေျမာက္ စာျပန္ေျဖပြဲေတာ္ႀကီးကို ဇြန္ ၁၅ ရက္ နံနက္ ၁၀ နာရီက ရပ္ေစာက္ၿမိဳ႕၊ စူဠာမုနိကုသိုလ္ေတာ္ ဘုရားႀကီးေရွ႕မုဒ္၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းၾကၿပီး အခမ္းအနားက်င္းပရာ ဆရာေတာ္၊ သံဃာေတာ္ႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆ သုံးႀကိမ္ ႐ြတ္ဆို ဘုရားကန္ေတာ့၍ ရပ္ေစာက္ၿမိဳ႕နယ္လုံးဆိုင္ရာ စာျပန္/စာေျဖပြဲေတာ္သံဃာ့ဦးစီးအဖြဲ႕ဥကၠဌ ရပ္ေစာက္ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ဥကၠဌဆရာေတာ္ ဘဒၵႏၲဝိလာသအရွင္သူျမတ္ထံမွ (၅)ပါးသီလခံယူေဆာက္တည္ၾကသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က သာသနာေရးဆိုင္ရာမ်ား ေလၽွာက္ထားရာ စာျပန္ပြဲေတာ္ႀကီး က်င္းပႏိုင္ေအာင္ ဦးေဆာင္ေတာ္မူၾကသည့္ ဆရာေတာ္ႀကီးမ်ားအဖြဲ႕၊ စာျပန္ ပြဲေတာ္ျဖစ္ေျမာက္ေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ႏွင့္ ဆြမ္း၊ ကြမ္း၊ ေဝယ်ာဝစၥလိုေလေသးမရွိေအာင္ ႏွစ္ေပါင္းမ်ားစြာ လႉဒါန္းၾကသည့္ ခုႏွစ္ရက္သားသမီး ဗုဒၶဘာသာဝင္ ျပည္နယ္သူ/ ျပည္နယ္သား၊ ရပ္ေစာက္ၿမိဳ႕နယ္သူ/ ၿမိဳ႕နယ္ သား အားလုံးတို႔အား အထူးေက်းဇူးတင္ဝမ္းေျမာက္ရပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား ႐ိုေသစြာ ေလၽွာက္ထားအပ္ပါေၾကာင္း၊ စာျပန္ပြဲေတာ္ႀကီးႏွင့္ ပတ္သက္၍ အဘက္ဘက္ကျပည့္စုံေအာင္ ေဆာင္႐ြက္ထား ေသာ္လည္း အားနည္းခ်ိဳ႕ယြင္းမႈမ်ားရွိပါက သည္းခံခြင့္လႊတ္ေတာ္မူပါရန္ ေလၽွာက္ထားလိုပါေၾကာင္း၊ လႉဒါန္းခဲ့ သမၽွ အရပ္ရပ္ေသာ ကုသိုလ္ေကာင္းမႈတို႔အား ဘုရားတပည့္ေတာ္တို႔ ကုသိုလ္ရွင္မ်ားနည္းတူ လူနတ္ျဗဟၼာ သတၱဝါ အားလုံးတို႔အား ရရွိႏိုင္ပါေစျခင္းအက်ိဳးငွာ အႏုေမာဒနာတရား ေဟာၾကားခ်ီးျမႇင့္ေပးေတာ္မူပါရန္ ေလၽွာက္ထား အပ္ပါသည္။

၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ အလႉေငြမ်ား ေပးအပ္လႉဒါန္းရာ သံဃဩဝါဒခံ သာသနာ႔ရကၡိတအဖြဲ႕ ဥကၠဌ ဦးေက်ာ္ျမင့္က အလႉေတာ္ေငြ လက္ခံရယူၿပီး အႏုေမာဒနာမွတ္တမ္းလႊာျပန္လည္ ေပးအပ္ေၾကာင္းႏွင့္ အဆိုပါ စာျပန္/စာေျဖပြဲေတာ္တြင္ ေရးေျဖ (၁၈၁)ပါး၊ အာဂုံေျဖ (၁၃၂)ပါး ဝင္ေရာက္ေျဖဆိုၾက ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရပ်စောက်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်/ဖြေပွဲတော်ကြီး ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၁၅

(၇၃)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီး၊ (၅၇)ကြိမ်မြောက် စာပြန်ဖြေပွဲတော်ကြီးကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ရပ်စောက်မြို့၊ စူဠာမုနိကုသိုလ်တော် ဘုရားကြီးရှေ့မုဒ်၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကျင်းပရာ ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ရပ်စောက်မြို့နယ်လုံးဆိုင်ရာ စာပြန်/စာဖြေပွဲတော်သံဃာ့ဦးစီးအဖွဲ့ဥက္ကဌ ရပ်စောက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တဝိလာသအရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာ စာပြန်ပွဲတော်ကြီး ကျင်းပနိုင်အောင် ဦးဆောင်တော်မူကြသည့် ဆရာတော်ကြီးများအဖွဲ့၊ စာပြန် ပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့် ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စလိုလေသေးမရှိအောင် နှစ်ပေါင်းများစွာ လှူဒါန်းကြသည့် ခုနှစ်ရက်သားသမီး ဗုဒ္ဓဘာသာဝင် ပြည်နယ်သူ/ ပြည်နယ်သား၊ ရပ်စောက်မြို့နယ်သူ/ မြို့နယ် သား အားလုံးတို့အား အထူးကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရိုသေစွာ လျှောက်ထားအပ်ပါကြောင်း၊ စာပြန်ပွဲတော်ကြီးနှင့် ပတ်သက်၍ အဘက်ဘက်ကပြည့်စုံအောင် ဆောင်ရွက်ထား သော်လည်း အားနည်းချို့ယွင်းမှုများရှိပါက သည်းခံခွင့်လွှတ်တော်မူပါရန် လျှောက်ထားလိုပါကြောင်း၊ လှူဒါန်းခဲ့ သမျှ အရပ်ရပ်သော ကုသိုလ်ကောင်းမှုတို့အား ဘုရားတပည့်တော်တို့ ကုသိုလ်ရှင်များနည်းတူ လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးတို့အား ရရှိနိုင်ပါစေခြင်းအကျိုးငှာ အနုမောဒနာတရား ဟောကြားချီးမြှင့်ပေးတော်မူပါရန် လျှောက်ထား အပ်ပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ သံဃဩဝါဒခံ သာသနာ့ရက္ခိတအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်က အလှူတော်ငွေ လက်ခံရယူပြီး အနုမောဒနာမှတ်တမ်းလွှာပြန်လည် ပေးအပ်ကြောင်းနှင့် အဆိုပါ စာပြန်/စာဖြေပွဲတော်တွင် ရေးဖြေ (၁၈၁)ပါး၊ အာဂုံဖြေ (၁၃၂)ပါး ဝင်ရောက်ဖြေဆိုကြ ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 47 guests and no members online