ရှမ်းပြည်နယ်သတင်းများ

ေမြးဖြားမႈမွတ္ပုံတင္ျခင္း ရက္သတၱပတ္လႈပ္ရွားမႈဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၁၈

106

ေမြးဖြားမႈမွတ္ပုံတင္ျခင္း ရက္သတၱပတ္လႈပ္ရွားမႈဖြင့္ပြဲကို ဇြန္ ၁၈ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္၊ ေတာင္ႀကီးရွိ ၿမိဳ႕နယ္ (၂၁)ၿမိဳ႕နယ္လုံးတြင္ ေမြးဖြားမႈမွတ္ပုံတင္မျပဳလုပ္ရေသးသည့္ အသက္ (၁၀)ႏွစ္ေအာက္ ကေလးမ်ားကို ဇြန္လ ၁၈ ရက္ေန႔မွ ၂၂ ရက္ေန႔ထိ ေမြးဖြားမႈမွတ္ပုံတင္ေပးၿပီး ေမြးစာရင္း လက္မွတ္ (Birth Certificate)ထုတ္ေပးမည့္ ေမြးဖြားမႈမွတ္ပုံတင္ျခင္း ရက္သတၱပတ္လႈပ္ရွားမႈ ဖြင့္ပြဲအထိမ္း အမွတ္အခမ္းအနားျဖစ္ပါေၾကာင္း၊ ေမြးဖြားမႈမွတ္ပုံတင္ျခင္းသည္ ကေလးသူငယ္အခြင့္အေရး Birth Registration as a child right ျဖစ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ သေဘာတူစာခ်ဳပ္ Convention of thf Rights of the Child (CRC) ကို ၁၉၉၁ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး စာခ်ဳပ္အပိုဒ္- ၇ တြင္ ေမြးဖြားခ်ိန္မွစ၍ အမည္ရွိရန္ အခြင့္အေရးႏွင့္ သီးျခားလူမ်ိဳးျဖစ္ရန္ အခြင့္အေရးေပးရမည္ႏွင့္ အပိုဒ္ - ၈ တြင္ ကေလးသူငယ္၏ သီးျခားဂုဏ္အဂၤါရပ္ (အမည္၊ လူမ်ိဳးႏွင့္ မိသားစု စပ္ဆိုင္မႈမ်ား)မွ အေျခခံလကၡဏာမ်ားကို အကာအကြယ္ေပး၍လိုအပ္ပါကျပန္လည္တည္ေဆာက္ေပးရန္ ႏိုင္ငံေတာ္တာဝန္ျဖစ္သည္ဟု ေဖာ္ျပထားပါေၾကာင္း ေမြးဖြားမႈမွတ္ပုံတင္ျခင္းဆိုင္ရာ ဂုဏ္အဂၤါရပ္မ်ားမွာ တစ္ကမၻာလုံးအတြက္ အႀကဳံးဝင္ျခင္း၊ ခြဲျခားမႈမရွိဘဲ ကေလး တိုင္းအတြက္ျဖစ္ျခင္း၊ မိဘႏွင့္အစိုးရဘက္မွ မျပဳမေနရျဖစ္ျခင္း၊ ရရွိရန္လြယ္ကူျခင္း၊ ေငြေၾကးကုန္က်မႈမရွိျခင္းတို႔ ျဖစ္ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး (၃)ခုျဖစ္ေသာ ရွမ္းျပည္နယ္ (ေတာင္ႀကီး)၊ တနသၤာရီ တိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတို႔တြင္ တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္၍ ေနရာအသီးသီးတြင္ ေမြးဖြားမႈမွတ္ပုံတင္ျခင္း အႀကိဳၫွိႏႈိင္းေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ၿပီး အေျခခံက်န္းမာေရးဝန္ထမ္းမ်ားကလည္း ေမြးဖြားမႈမွတ္ပုံတင္စုရပ္မ်ားတြင္ ေမြးမွတ္ပုံမတင္ရေသးေသာ (၁၀)ႏွစ္ေအာက္ကေလးမ်ားကို ေမြးမွတ္ပုံတင္ေပး ျခင္းႏွင့္ ခက္ခဲေဒသမ်ားတြင္ Mobile Team မ်ားဖြဲ႕၍ အိမ္တိုင္ရာေရာက္ေဆာင္႐ြက္ေပးျခင္း၊ ၿမိဳ႕နယ္ က်န္းမာေရးဌာနမ်ားကလည္း ေမြးလက္မွတ္ထုတ္ေပးျခင္း၊ ျပည္နယ္ဗဟိုစာရင္းအင္းအဖြဲ႕ တာဝန္ခံမ်ားကလည္း ျဖည့္စြက္ၿပီး ေမြးဖြားမႈပုံစံမ်ားကို စုစည္းရယူကာ ဖြားေသ e-platform တြင္ ထည့္သြင္းေဆာင္႐ြက္သြားၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား၌ ထည့္သြင္းေျပာၾကားသြားသည္။

ဆက္လက္၍ UNICEF Myanamr လူမႈေရးမူဝါဒဆိုင္ရာႏွင့္ ကေလးသူငယ္အခြင့္အေရးမ်ား ေစာင့္ၾကည့္ ေလ့လာေရးဌာနမွ ဌာနႀကီးမႉး Mr. Samman Thapa က ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ေမြးဖြားမႈ မွတ္ပုံတင္ဗီဒီယိုျပသကာ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လူမႈေရး ဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ က်န္းမာေရး ဌာနမွ တာဝန္ရွိသူမ်ား၊ သူနာျပဳ သားဖြားသင္တန္းေက်ာင္းမွ သင္တန္းသူမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၁၈

မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲကို ဇွန် ၁၈ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးရှိ မြို့နယ် (၂၁)မြို့နယ်လုံးတွင် မွေးဖွားမှုမှတ်ပုံတင်မပြုလုပ်ရသေးသည့် အသက် (၁၀)နှစ်အောက် ကလေးများကို ဇွန်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ မွေးဖွားမှုမှတ်ပုံတင်ပေးပြီး မွေးစာရင်း လက်မှတ် (Birth Certificate)ထုတ်ပေးမည့် မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအထိမ်း အမှတ်အခမ်းအနားဖြစ်ပါကြောင်း၊ မွေးဖွားမှုမှတ်ပုံတင်ခြင်းသည် ကလေးသူငယ်အခွင့်အရေး Birth Registration as a child right ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် Convention of thf Rights of the Child (CRC) ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အပိုဒ်- ၇ တွင် မွေးဖွားချိန်မှစ၍ အမည်ရှိရန် အခွင့်အရေးနှင့် သီးခြားလူမျိုးဖြစ်ရန် အခွင့်အရေးပေးရမည်နှင့် အပိုဒ် - ၈ တွင် ကလေးသူငယ်၏ သီးခြားဂုဏ်အင်္ဂါရပ် (အမည်၊ လူမျိုးနှင့် မိသားစု စပ်ဆိုင်မှုများ)မှ အခြေခံလက္ခဏာများကို အကာအကွယ်ပေး၍လိုအပ်ပါကပြန်လည်တည်ဆောက်ပေးရန် နိုင်ငံတော်တာဝန်ဖြစ်သည်ဟု ဖော်ပြထားပါကြောင်း မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ ဂုဏ်အင်္ဂါရပ်များမှာ တစ်ကမ္ဘာလုံးအတွက် အကြုံးဝင်ခြင်း၊ ခွဲခြားမှုမရှိဘဲ ကလေး တိုင်းအတွက်ဖြစ်ခြင်း၊ မိဘနှင့်အစိုးရဘက်မှ မပြုမနေရဖြစ်ခြင်း၊ ရရှိရန်လွယ်ကူခြင်း၊ ငွေကြေးကုန်ကျမှုမရှိခြင်းတို့ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၃)ခုဖြစ်သော ရှမ်းပြည်နယ် (တောင်ကြီး)၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်၍ နေရာအသီးသီးတွင် မွေးဖွားမှုမှတ်ပုံတင်ခြင်း အကြိုညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများကလည်း မွေးဖွားမှုမှတ်ပုံတင်စုရပ်များတွင် မွေးမှတ်ပုံမတင်ရသေးသော (၁၀)နှစ်အောက်ကလေးများကို မွေးမှတ်ပုံတင်ပေး ခြင်းနှင့် ခက်ခဲဒေသများတွင် Mobile Team များဖွဲ့၍ အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးခြင်း၊ မြို့နယ် ကျန်းမာရေးဌာနများကလည်း မွေးလက်မှတ်ထုတ်ပေးခြင်း၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ တာဝန်ခံများကလည်း ဖြည့်စွက်ပြီး မွေးဖွားမှုပုံစံများကို စုစည်းရယူကာ ဖွားသေ e-platform တွင် ထည့်သွင်းဆောင်ရွက်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

ဆက်လက်၍ UNICEF Myanamr လူမှုရေးမူဝါဒဆိုင်ရာနှင့် ကလေးသူငယ်အခွင့်အရေးများ စောင့်ကြည့် လေ့လာရေးဌာနမှ ဌာနကြီးမှူး Mr. Samman Thapa က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မွေးဖွားမှု မှတ်ပုံတင်ဗီဒီယိုပြသကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ၊ သူနာပြု သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 45 guests and no members online