ရှမ်းပြည်နယ်သတင်းများ

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အေထာက္အကူျပဳ သစ္ပင္စိုက္ပ်ိဳးပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၁၉

108

၂၀၁၈ ခုႏွစ္ ဇြန္လ (၁၉)ရက္တြင္က်ေရာက္သည့္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ (၇၃)ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အေထာက္အကူျပဳ သစ္ပင္စိုက္ပ်ိဳးပြဲကို နံနက္ ၈ နာရီက ေတာင္ႀကီးၿမိဳ႕၊ ကညနယာဥ္စစ္ကြင္းယာဘက္ရွိ ေတာင္ႀကီးတကၠသိုလ္တိုးခ်ဲ႕ နယ္ေျမ၌ က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ေတာင္ႀကီးတကၠသိုလ္မွ ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္မ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားစုစုေပါင္း ၃၄၉ ဦးတို႔မွ စိန္ပန္းျပာ၊ စိန္ပန္းနီ၊ ခ်ယ္ရီ၊ ေရသင္းဝင္၊ ခါေတာ္မီ၊ စကားဝါ၊ ခေရ စသည့္သစ္မ်ိဳး (၇)မ်ိဳး သင္ပင္ေပါင္း(၄၃၀)ပင္တို႔အား စုေပါင္းစိုက္ပ်ိဳးေပးၾကသည္။

ထို႔ေနာက္သစ္ပင္စိုက္ပြဲကို တက္ေရာက္လာသည့္ ျပည္နယ္အဆင့္ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ေတာင္ႀကီးတကၠသိုလ္မွ ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္မ်ား၊ ဆရာ/ဆရာမမ်ားႏွင့္ တကၠသိုလ္ ေက်ာင္းသား/ေက်ာင္းသူမ်ားမွ သစ္ပင္စိုက္ပ်ိဳးျခင္းႏွင့္ စုေပါင္းသစ္ပင္စိုက္ပ်ိဳးျခင္းအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက လိုက္လံၾကည့္ရွု အားေပးၾကၿပီး၊ သစ္ပင္စိုက္ပ်ိဳးပြဲအမွတ္တရ မွတ္တမ္းတင္ဓါတ္ပုံရိုက္ကူးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တောင်ကြီး ဇွန် - ၁၉

၂၀၁၈ ခုနှစ် ဇွန်လ (၁၉)ရက်တွင်ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု သစ်ပင်စိုက်ပျိုးပွဲကို နံနက် ၈ နာရီက တောင်ကြီးမြို့၊ ကညနယာဉ်စစ်ကွင်းယာဘက်ရှိ တောင်ကြီးတက္ကသိုလ်တိုးချဲ့ နယ်မြေ၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းသား/ ကျောင်းသူများစုစုပေါင်း ၃၄၉ ဦးတို့မှ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ချယ်ရီ၊ ရေသင်းဝင်၊ ခါတော်မီ၊ စကားဝါ၊ ခရေ စသည့်သစ်မျိုး (၇)မျိုး သင်ပင်ပေါင်း(၄၃၀)ပင်တို့အား စုပေါင်းစိုက်ပျိုးပေးကြသည်။

ထို့နောက်သစ်ပင်စိုက်ပွဲကို တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးကြပြီး၊ သစ်ပင်စိုက်ပျိုးပွဲအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 46 guests and no members online