ရှမ်းပြည်နယ်သတင်းများ

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး   ဇြန္   ၂၆

110

ရွမ္းျပည္နယ္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကို ဇြန္(၂၆)ရက္ နံနက္(၈)နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ ခန္းမတြင္ က်င္းပကာ ရွမ္းျပည္နယ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ နာယက၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ (ကိုယ္စား) ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္က အဖြင့္အမွာစကား ေျပာၾကားၿပီး၊ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္တားဆီး ကာကြယ္ေရး ဗဟို အဖြဲ႕ဥကၠဌ၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြမွေပးပို႔သည့္ သဝဏ္လႊာကို ရွမ္းျပည္နယ္ မႈးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရးဥကၠဌ၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လုံၿခဳံေရး ႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးက ဖတ္ၾကားသည္။

ဆက္လက္၍ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အထက္တန္းအဆင့္ ၊ အလယ္တန္းအဆင့္၊ မူလတန္းအဆင့္၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာၿပိဳင္ပြဲတြင္ ဆုရရွိသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးဥကၠဌ၊ ဒုဥကၠဌတို႔မွဆုမ်ား ကို အသီးသီးခ်ီးျမႇင့္ ေပးၾကသည္။

၎ေနာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ျပခန္းအား ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ ရွမ္းျပည္နယ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဥကၠဌ၊ ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦး၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ရွမ္းျပည္နယ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဒုဥကၠဌ ဦးစိုးစိုးေဇာ္၊ တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူတို႔ကဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ား ႏွင့္ တာဝန္ရွိသူတို႔သည္ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ႕ အားေပးၾကသည္။

အခမ္းအနား ဒုတိယပိုင္းတြင္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးႏွင့္ ဓာတုေဆးရည္မ်ား မီး႐ႈိ႕ ဖ်က္ဆီးျခင္းကို ေတာင္ႀကီးၿမိဳ႕ အေဝရာကုန္းသာယာ မီးပုံးပ်ံကြင္း၌ က်င္းပရာ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ ရွမ္းျပည္နယ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရးအဖြဲ႕ အတြင္းေရးမႉး ျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္မွ မီး႐ႈိ႕ဖ်က္ဆီးျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ ျပည္နယ္ လႊတ္ေတာ္ဥကၠဌ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားသည္ မီး႐ႈိ႕ဖ်က္ဆီးမည့္ မူးယစ္ေဆးဝါးမ်ား၊ ဓာတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ၾကည့္႐ႈ႕စစ္ေဆးၿပီး၊ ဓာတုပစၥည္းႏွင့္ ေဆးရည္မ်ားကို ေျမက်င္းအတြင္းသို႔ သြန္ခ်ဖ်က္ဆီးေပးၾကသည္။

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားသည္ မူးယစ္ေဆးဝါးမ်ားကို မီး႐ႈိ႕ဖ်က္ဆီးရန္အတြက္ သက္မွတ္ထားေသာေနရာ အသီးသီးတြင္ေနရာယူ၍ စက္ခလုတ္ႏွိပ္ မီး႐ႈိ႕ေပးၾကၿပီး၊ မူးယစ္ေဆးဝါးမ်ား မီးေလာင္ေနမႈအား ၾကည္႐ႈ႕အားေပးၾက၍ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္ မီး႐ႈိ႕ဖ်က္ဆီးမည့္ မူးယစ္ေဆးဝါးႏွင့္ ဓါတုပစၥည္းမ်ား၏ စုစုေပါင္းတန္ဖိုးမွာ ျမန္မာေငြက်ပ္ (၁၄၈၃၆၃)သန္းေက်ာ္၊ အေမရိကန္ေဒၚလာ (၁၀၉)သန္းေက်ာ္ အေမရိကန္ ေဒၚလာယေန႔ ေပါက္ေစ်း (၁)ေဒၚလာ(၁၃၅၀)က်ပ္ ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ျပည္နယ္ဝန္ႀကီးမ်ား၊ တိုင္းရင္းသားေရးရာဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ား၊ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ား၊ တိုင္းရင္းသား အဖြဲ႕အစည္းမ်ား၊ လူမႈေရး အသင္းအဖြဲ႕ဝင္မ်ား၊ ဆုရရွိသည့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားႏွင့္ ဆရာ/ဆရာမမ်ား ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး   ဇွန်   ၂၆

ရှမ်းပြည်နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော် ခန်းမတွင် ကျင်းပကာ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ဖတ်ကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဥက္ကဌ၊ ဒုဥက္ကဌတို့မှဆုများ ကို အသီးသီးချီးမြှင့် ပေးကြသည်။

၎င်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဥက္ကဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဒုဥက္ကဌ ဦးစိုးစိုးဇော်၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှု့ အားပေးကြသည်။

အခမ်းအနား ဒုတိယပိုင်းတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ ဖျက်ဆီးခြင်းကို တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်မှ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ် လွှတ်တော်ဥက္ကဌ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှု့စစ်ဆေးပြီး၊ ဓာတုပစ္စည်းနှင့် ဆေးရည်များကို မြေကျင်းအတွင်းသို့ သွန်ချဖျက်ဆီးပေးကြသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးရန်အတွက် သက်မှတ်ထားသောနေရာ အသီးသီးတွင်နေရာယူ၍ စက်ခလုတ်နှိပ် မီးရှို့ပေးကြပြီး၊ မူးယစ်ဆေးဝါးများ မီးလောင်နေမှုအား ကြည်ရှု့အားပေးကြ၍ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ် (၁၄၈၃၆၃)သန်းကျော်၊ အမေရိကန်ဒေါ်လာ (၁၀၉)သန်းကျော် အမေရိကန် ဒေါ်လာယနေ့ ပေါက်စျေး (၁)ဒေါ်လာ(၁၃၅၀)ကျပ် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 34 guests and no members online