ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး(၁/၂၀၁၈)လုပ္ငန္းၫွိႏႈိင္းေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၂၇

112

ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ႏွင့္ ျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး၊ ေတာင္ႀကီးခ႐ိုင္/ ၿမိဳ႕နယ္ စာရင္းစစ္႐ုံးမ်ား (၁/၂၀၁၈)လုပ္ငန္းၫွိႏႈိင္းေဆြးေႏြးပြဲကို ဇြန္ ၂၇ ရက္ နံနက္ ၁၀ နာရီက အဆိုပါ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပသည္။

ဆက္လက္၍ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းမွ အဖြင့္အမွာစကားေျပာၾကားရာ ဘ႑ာေငြမ်ား အေလအလြင့္မရွိေအာင္ စနစ္တက်ထိန္းသိမ္းရန္၊ ေခ်းေငြ၊ ရေငြ၊ ဆပ္ေငြ စာရင္းမ်ားကိုလည္း ထိန္းသိမ္း ေစာင့္ေရွာက္ရန္၊ ဌာနမ်ားအက်ိဳးကို ဦးစားေပးရန္ႏွင့္ မိမိဝန္ထမ္းမ်ားကိုလည္း ေလ့လာ၍သင္ၾကားေပးရန္၊ ေငြရ ေျပစာမ်ားကို စနစ္တက်ထိန္းသိမ္းရန္၊ Project မ်ားစစ္ေဆးရာတြင္ ႏိုင္ငံေတာ္၏ အရင္းအျမစ္ျဖစ္သည့္အတြက္ တျဖည္းျဖည္းခ်င္း စစ္ေဆးရန္ႏွင့္ စစ္ေဆးရာတြင္လည္း မွန္မွန္ကန္ကန္ စစ္ေဆးေဆာင္႐ြက္မွသာ ရလာဒ္ေကာင္း မ်ားရရွိမည္ျဖစ္ၿပီး၊ စာရင္းစစ္ခ်ဳပ္ျဖစ္လာပါက တာဝန္မ်ား၊ လုပ္ငန္းမ်ားတိုးလာမည္ျဖစ္၍ ေအာင္ျမင္မႈမ်ားရရွိ ႏိုင္ရန္ႀကိဳးစားေဆာင္႐ြက္ၾကရန္ေျပာၾကားသြားသည္။

ထို႔ေနာက္ ေတာင္ႀကီးခ႐ိုင္ဦးစီးမႉး၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ပင္ေလာင္းၿမိဳ႕နယ္၊ ဖယ္ခုံၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ႐ြာငံၿမိဳ႕နယ္ ဟိုပုံးၿမိဳ႕နယ္တို႔မွ ဦးစီးမႉး မ်ားက လုပ္ငန္းဆိုင္ရာေဆြးေႏြးတင္ျပၾကၿပီး၊ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးမ်ားက စီမံေရးရာႏွင့္ စစ္ေဆးေရးလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးရာ စစ္ေဆးေရးဌာနခြဲ(၁)မွ စာရင္းအင္း ကိစၥရပ္မ်ား၊ စစ္ေဆးေရးဌာနခြဲ(၂)မွ ေငြစာရင္းဘတ္ဂ်က္ကိစၥရပ္မ်ား၊ စစ္ေဆးေရးဌာနခြဲ(၃)မွ ခြင့္တိုင္ၾကားျခင္း ႏွင့္ ခရီးစရိတ္ကိစၥရပ္မ်ား၊ စစ္ေဆးေရးဌာနခြဲ(၄)မွ ဝန္ထမ္း Service book ႏွင့္ လခ်ဳပ္ျပန္တမ္း ကိစၥရပ္မ်ား အသီးသီးရွင္းလင္းေဆြးၾကၿပီး၊ ေဆြးေႏြးမႈမ်ားအေပၚ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္ေလးက ထပ္ဆင့္ရွင္းလင္းရာ ၿမိဳ႕နယ္႐ုံးမ်ားတြင္ ဝန္ထမ္းမ်ား၏ Service book မ်ားကို စနစ္တက် ေရးသြင္းေပးရန္ႏွင့္ ႐ုံးတက္႐ုံးဆင္း အခ်ိန္မီေရးတို႔က စနစ္တက်ေဆာင္႐ြက္သြားရန္ ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

အင္းသားေလး(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး(၁/၂၀၁၈)လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဇွန် - ၂၇

ရှမ်းပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ တောင်ကြီးခရိုင်/ မြို့နယ် စာရင်းစစ်ရုံးများ (၁/၂၀၁၈)လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ အဖွင့်အမှာစကားပြောကြားရာ ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် စနစ်တကျထိန်းသိမ်းရန်၊ ချေးငွေ၊ ရငွေ၊ ဆပ်ငွေ စာရင်းများကိုလည်း ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဌာနများအကျိုးကို ဦးစားပေးရန်နှင့် မိမိဝန်ထမ်းများကိုလည်း လေ့လာ၍သင်ကြားပေးရန်၊ ငွေရ ပြေစာများကို စနစ်တကျထိန်းသိမ်းရန်၊ Project များစစ်ဆေးရာတွင် နိုင်ငံတော်၏ အရင်းအမြစ်ဖြစ်သည့်အတွက် တဖြည်းဖြည်းချင်း စစ်ဆေးရန်နှင့် စစ်ဆေးရာတွင်လည်း မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်မှသာ ရလာဒ်ကောင်း များရရှိမည်ဖြစ်ပြီး၊ စာရင်းစစ်ချုပ်ဖြစ်လာပါက တာဝန်များ၊ လုပ်ငန်းများတိုးလာမည်ဖြစ်၍ အောင်မြင်မှုများရရှိ နိုင်ရန်ကြိုးစားဆောင်ရွက်ကြရန်ပြောကြားသွားသည်။

ထို့နောက် တောင်ကြီးခရိုင်ဦးစီးမှူး၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ် ဟိုပုံးမြို့နယ်တို့မှ ဦးစီးမှူး များက လုပ်ငန်းဆိုင်ရာဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးများက စီမံရေးရာနှင့် စစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ စစ်ဆေးရေးဌာနခွဲ(၁)မှ စာရင်းအင်း ကိစ္စရပ်များ၊ စစ်ဆေးရေးဌာနခွဲ(၂)မှ ငွေစာရင်းဘတ်ဂျက်ကိစ္စရပ်များ၊ စစ်ဆေးရေးဌာနခွဲ(၃)မှ ခွင့်တိုင်ကြားခြင်း နှင့် ခရီးစရိတ်ကိစ္စရပ်များ၊ စစ်ဆေးရေးဌာနခွဲ(၄)မှ ဝန်ထမ်း Service book နှင့် လချုပ်ပြန်တမ်း ကိစ္စရပ်များ အသီးသီးရှင်းလင်းဆွေးကြပြီး၊ ဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်လေးက ထပ်ဆင့်ရှင်းလင်းရာ မြို့နယ်ရုံးများတွင် ဝန်ထမ်းများ၏ Service book များကို စနစ်တကျ ရေးသွင်းပေးရန်နှင့် ရုံးတက်ရုံးဆင်း အချိန်မီရေးတို့က စနစ်တကျဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 29 guests and no members online