ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္လုံးဆိုင္ရာ (၈၄)ႀကိမ္ေျမာက္ ဝိနယာဒိႏုဂၢဟ စာေလၽွာက္ေမးပြဲေတာ္ႀကီးႏွင့္ (၈၇)ႀကိမ္ေျမာက္ အာဂုံစာျပန္ပြဲေတာ္ႀကီး ေအာင္ဆုႏွင္းသဘင္က်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၂

115

ရွမ္းျပည္နယ္လုံးဆိုင္ရာ (၈၄)ႀကိမ္ေျမာက္ ဝိနယာဒိႏုဂၢဟ စာေလၽွာက္ေမးပြဲေတာ္ႀကီးႏွင့္ (၈၇)ႀကိမ္ေျမာက္ အာဂုံစာျပန္ပြဲေတာ္ႀကီး ေအာင္ဆုႏွင္းသဘင္ပြဲကို ဇူလိုင္(၂)ရက္ ေန႔လည္ ၁၂နာရီက ေညာင္ေ႐ႊၿမိဳ႕၊ ဘုရားစံ ေက်ာင္းေတာ္၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ သိမ္ေက်ာင္းေတာ္ ၌ ရွမ္းျပည္နယ္သံဃနာယကဥကၠဌ မူလမင္းကြန္းေက်ာင္းတိုက္ဆရာေတာ္ထံ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး လႉဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္ၾကကာ လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမၽွေပးေဝ၍ ဆရာေတာ္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ၾကေၾကာင္းသိရသည္။

အဆိုပါ ရွမ္းျပည္နယ္လုံးဆိုင္ရာ (၈၄)ႀကိမ္ေျမာက္ ဝိနယာဒိႏုဂၢဟ စာေလၽွာက္ေမးပြဲေတာ္ႀကီးႏွင့္ (၈၇) ႀကိမ္ေျမာက္ အာဂုံစာျပန္ပြဲေတာ္ႀကီးကို ဇြန္လ(၂၄)ရက္ေန႔က စတင္က်င္းပခဲ့ရာ သံဃာေတာ္မ်ား စာခ်တန္းတြင္ အပါး(၃၆)၊ ဆဌမတန္းတြင္(၁၇)ပါး၊ ပၪၥမတန္းတြင္(၆၅)ပါး၊ စတုတၳတြင္(၁၄၅)ပါး၊ တတိယတန္း (၂၆၅)ပါး၊ ဒုတိယတန္း(၃၉၀)ပါး၊ ပထမတန္း(၁၁၀၅)ပါး၊ မူလတန္း(၁၄၆၈)ပါး၊ စုစုေပါင္း(၃၄၉၁)ပါးဝင္ေရာက္ေျဖဆိုခဲ့ရာ ယေန႔ေအာင္ဆုႏွင္းသဘင္တြင္ စာေအာင္သံဃာအပါး(၂၂၄၇)ပါးေအာင္ျမင္ခဲ့ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ျပည္နယ္ဥပေဒခ်ဳပ္၊ တာဝန္ရွိသူတို႔က လႉဖြယ္ဝတၳဳပစၥည္းမ်ား၊ ေအာင္လက္မွတ္ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ေပးခဲ့ေၾကာင္း သိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၄)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီးနှင့် (၈၇)ကြိမ်မြောက် အာဂုံစာပြန်ပွဲတော်ကြီး အောင်ဆုနှင်းသဘင်ကျင်းပ

တောင်ကြီး ဇူလိုင် - ၂

ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၄)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီးနှင့် (၈၇)ကြိမ်မြောက် အာဂုံစာပြန်ပွဲတော်ကြီး အောင်ဆုနှင်းသဘင်ပွဲကို ဇူလိုင်(၂)ရက် နေ့လည် ၁၂နာရီက ညောင်ရွှေမြို့၊ ဘုရားစံ ကျောင်းတော်၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သိမ်ကျောင်းတော် ၌ ရှမ်းပြည်နယ်သံဃနာယကဥက္ကဌ မူလမင်းကွန်းကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်းသိရသည်။

အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၄)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီးနှင့် (၈၇) ကြိမ်မြောက် အာဂုံစာပြန်ပွဲတော်ကြီးကို ဇွန်လ(၂၄)ရက်နေ့က စတင်ကျင်းပခဲ့ရာ သံဃာတော်များ စာချတန်းတွင် အပါး(၃၆)၊ ဆဌမတန်းတွင်(၁၇)ပါး၊ ပဉ္စမတန်းတွင်(၆၅)ပါး၊ စတုတ္ထတွင်(၁၄၅)ပါး၊ တတိယတန်း (၂၆၅)ပါး၊ ဒုတိယတန်း(၃၉၀)ပါး၊ ပထမတန်း(၁၁၀၅)ပါး၊ မူလတန်း(၁၄၆၈)ပါး၊ စုစုပေါင်း(၃၄၉၁)ပါးဝင်ရောက်ဖြေဆိုခဲ့ရာ ယနေ့အောင်ဆုနှင်းသဘင်တွင် စာအောင်သံဃာအပါး(၂၂၄၇)ပါးအောင်မြင်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ၊ အောင်လက်မှတ်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပေးခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 40 guests and no members online