ရှမ်းပြည်နယ်သတင်းများ

စတုတၳအႀကိမ္ MSMEs Product ေဒသသြင္းထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲဆုေပးပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၂

114

အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ ကယားျပည္နယ္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ ပူးေပါင္းက်င္းပေသာ စတုတၳအႀကိမ္ MSMEs Product ေဒသသြင္းထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲဆုေပးပြဲကို ဇူလိုင္ (၁)ရက္ နံနက္ (၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အမွာစကားေျပာၾကား ရာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ဒုတိယသမၼတမွ ဥကၠဌအျဖစ္ ဦးေဆာင္၍ MSMEs TRADE PROMOTION & REGIONAL AWARD ျပပြဲ၊ ၿပိဳင္ပြဲအား ျဖစ္ေျမာက္ေအာင္ျမင္ေအာင္ ပံ့ပိုးေဆာင္႐ြက္ေပး သည့္အတြက္ လြန္စြာဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ေဒသတြင္းျပပြဲႏွင့္ ၿပိဳင္ပြဲမ်ား က်င္းပေပးသည့္အတြက္ ရွမ္းျပည္နယ္မွ ထြက္ရွိေသာ ထုတ္ကုန္မ်ားအား အျခားေဒသမွ ျပည္သူမ်ားသိရွိၿပီး ပိုမိုသုံးစြဲလာမည္ျဖစ္၍ SME လုပ္ငန္းမ်ားအေနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္လာကာ ေစ်းကြက္မ်ားအခိုင္အမာရရွိလာမွာျဖစ္ေၾကာင္း၊ MSMEs TRADE PROMOTION & REGIONAL AWARD ျပပြဲ၊ ၿပိဳင္ပြဲမ်ားကို ပထမအႀကိမ္တြင္ ကခ်င္ျပည္နယ္ႏွင့္ မႏၲေလး တိုင္းေဒသႀကီး၊ ဒုတိယအႀကိမ္တြင္ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး၊ တတိယအႀကိမ္တြင္ ဧရာဝတီတိုင္းေဒသႀကီးတို႔၌ က်င္းပျပဳလုပ္ခဲ့ၿပီး ယခုစတုတၳအႀကိမ္အား ကယားျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ပူးေပါင္း၍ က်င္းပျပဳလုပ္ရျခင္း ျဖစ္ပါေၾကာင္း၊ ျပပြဲ ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ဆုရရွိသည့္ လုပ္ငန္းမ်ား အတြက္ အထူးဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္းႏွင့္ ဆုရရွိသည့္လုပ္ငန္းမ်ားအေနျဖင့္ ေဒသအက်ိဳးျပဳလုပ္ငန္းမ်ား ျဖစ္လာေအာင္ ႀကိဳးစားေဆာင္႐ြက္ေစလိုပါေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီဥကၠဌ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက အမွာစကား ေျပာၾကားၿပီး၊ စက္မႈဝန္ႀကီး ဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေအးေအးဝင္းက ဆုေ႐ြးခ်ယ္ျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးကာ ႏိုင္ငံေတာ္အသိအမွတ္ျပဳ ေဒသဆိုင္ရာ SME ထုတ္ကုန္ဆုမ်ား ခ်ီးျမႇင့္ရာ တတိယရရွိေသာ အငယ္စား၊ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္မွ ဆုမ်ားခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ အငယ္စား၊ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအား အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္း မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီဥကၠဌ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူး မွ  ဆုမ်ားခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ပထမဆုရရွိေသာ အငယ္စား၊ အေသးစားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဆုမ်ားကို အသီးသီး ခ်ီးျမႇင့္ေပးကာ အမွတ္တရမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စတုတ္ထအကြိမ် MSMEs Product ဒေသသွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆုပေးပွဲကျင်းပ

တောင်ကြီး ဇူလိုင် - ၂

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော စတုတ္ထအကြိမ် MSMEs Product ဒေသသွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆုပေးပွဲကို ဇူလိုင် (၁)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြား ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတမှ ဥက္ကဌအဖြစ် ဦးဆောင်၍ MSMEs TRADE PROMOTION & REGIONAL AWARD ပြပွဲ၊ ပြိုင်ပွဲအား ဖြစ်မြောက်အောင်မြင်အောင် ပံ့ပိုးဆောင်ရွက်ပေး သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပေးသည့်အတွက် ရှမ်းပြည်နယ်မှ ထွက်ရှိသော ထုတ်ကုန်များအား အခြားဒေသမှ ပြည်သူများသိရှိပြီး ပိုမိုသုံးစွဲလာမည်ဖြစ်၍ SME လုပ်ငန်းများအနေနှင့် ဖွံ့ဖြိုးတိုးတက်လာကာ စျေးကွက်များအခိုင်အမာရရှိလာမှာဖြစ်ကြောင်း၊ MSMEs TRADE PROMOTION & REGIONAL AWARD ပြပွဲ၊ ပြိုင်ပွဲများကို ပထမအကြိမ်တွင် ကချင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီး၊ ဒုတိယအကြိမ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ တတိယအကြိမ်တွင် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုစတုတ္ထအကြိမ်အား ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ပူးပေါင်း၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ပြပွဲ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသည့် လုပ်ငန်းများ အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ဆုရရှိသည့်လုပ်ငန်းများအနေဖြင့် ဒေသအကျိုးပြုလုပ်ငန်းများ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြားသွားသည်။

ထို့နောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကား ပြောကြားပြီး၊ စက်မှုဝန်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆုရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ နိုင်ငံတော်အသိအမှတ်ပြု ဒေသဆိုင်ရာ SME ထုတ်ကုန်ဆုများ ချီးမြှင့်ရာ တတိယရရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး မှ  ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆုများကို အသီးသီး ချီးမြှင့်ပေးကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 30 guests and no members online