ရှမ်းပြည်နယ်သတင်းများ


117






Shan State Ar Kasar

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

 

၂၀၁၈ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(TSDP)အရ မိုင်းရယ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မီနီမာရသွန် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာ ဥက္ကဌ ဒေါက်တာမျိုးထွန်းက ၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(TSDP) အရကျင်းပပြုလုပ်သော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း မှ ပြိုင်ပွဲအထောက်အကူပြု အားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘောလုံး ( ၉ ) သင်း၊ ပိုက်ကျော်ခြင်း (၁၅) သင်း၊ စစ်တုရင် ( ၂၅ ) ဦး၊ မီနီမာရသွန် ( ၂၅၀ ) ဦး ပါဝင် ယှဉ်ပြိုင်လျှက် ရှိကြောင်းသိရှိရသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ လားရှိုးခရိုင် အား/ကာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့် အဖွဲ့ဝင်များ၊ မိုင်းရယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဆရာ /ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒေသခံပြည်သူ များ စုစုပေါင်းအင်အား (၅၁၅)ဦး တက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဇူလိုင်လ ၃ ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်တွင်၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု

Township Sports Development Program အရ မိုင်းရယ်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် မီနီမာရသွန်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသား/အမျိုးသမီး အားကစားသမား စုစုပေါင်းအင်အား(၂၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ အဆိုပါမီနီမာရသွန်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းမှ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ဆုရရှိသော အားကစားသမားများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

 

Shan State Ar Kasar

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 44 guests and no members online