ရှမ်းပြည်နယ်သတင်းများ

တန္႔ယန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉးဖလား ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ ဘတ္စကက္ေဘာ၊ မီနီမာရသြန္ အားကစားၿပိဳင္ပြဲမ်ား ဖြင့္ပြဲက်င္းပ

118

၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္အားကစားဖြံ႕ၿဖိဳးတိုးတက္မႈ အစီအစဥ္(TSDP)အရ တန္႔ယန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉးဖလား ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ ဘတ္စကက္ေဘာ၊ မီနီမာရသြန္ အားကစားၿပိဳင္ပြဲမ်ားဖြင့္ပြဲ အခမ္းအနားကို ဇူလိုင္(၁)ရက္ေန႔တြင္ ၿမိဳ႕နယ္အားကစားကြင္း၌က်င္းပ ျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ဥကၠဌေဒါက္တာမ်ိဳးထြန္းက၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္အားကစားဖြံ႕ၿဖိဳးတိုးတက္မႈအစီအစဥ္ (TSDP) အရက်င္းပျပဳလုပ္ေသာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဖလား အားကစားၿပိဳင္ပြဲတြင္ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး အားကစားပစၥည္းမ်ားေပးအပ္ခဲ့ပါသည္။

ဆက္လက္၍ ေက်ာင္းသား/ေက်ာင္းသူမ်ားက ကာယ ေလ့က်င့္ခန္းမ်ား၊ ေတးသ႐ုပ္ေဖၚ အကအလွ မ်ားျဖင့္ ကျပေဖ်ာ္ေျဖတင္ဆက္ ခဲ့ၾကသည္။ အဆိုပါဖြင့္ပြဲအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕၊ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ရွမ္းျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္မ်ား ၊ ရွမ္းျပည္နယ္အား/ကာဦးစီး ဌာန ၫႊန္ၾကားေရးမႉး ဦးထန္အိတ္၊ လား႐ႈိး ခ႐ိုင္အား/ကာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးလႈိင္ေဌးေအာင္ႏွင့္အဖြဲ႕ဝင္မ်ား၊ တန္႔ယန္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ၊ ဖိတ္ၾကားထားေသာ ဌာနဆိုင္ရာမ်ား၊ ဆရာ /ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ေဒသခံျပည္သူ မ်ားတက္ေရာက္အားေပး ၾကည့္႐ႈခဲ့ၾကသည္။

ထို႔ေနာက္ ဇူလိုင္(၂)ရက္ နံနက္(၆)နာရီအခ်ိန္တြင္ ၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္အားကစားဖြံ႕ၿဖိဳးတိုးတက္မႈTownship Sports Development Program အရ တန္႔ယန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဖလား ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ မီနီမာရသြန္ၿပိဳင္ပြဲ အား က်င္းပျပဳလုပ္ခဲ့ပါသည္။ၿပိဳင္ပြဲဝင္ အမ်ိဳးသား/အမ်ိဳးသမီး အားကစား သမား စုစုေပါင္းအင္အား(၈၅၀)ဦး ပါဝင္ယွဥ္ၿပိဳင္ ခဲ့ပါသည္။ မီနီမာရသြန္ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာ ေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းမွေသနတ္ပစ္ေဖာက္၍တာလႊတ္ေပးခဲ့ပါသည္။ဆက္လက္၍ ၿပိဳင္ပြဲဝင္ ဆုရရွိေသာ အားကစား သမားမ်ားအား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ ပါသည္။

Shan State Ar Kasar

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တန့်ယန်းမြို့နယ်အုပ်ချုပ် ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ မီနီမာရသွန် အားကစားပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ

 

၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(TSDP)အရ တန့်ယန်းမြို့နယ်အုပ်ချုပ် ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ မီနီမာရသွန် အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်(၁)ရက်နေ့တွင် မြို့နယ်အားကစားကွင်း၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဥက္ကဌဒေါက်တာမျိုးထွန်းက၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (TSDP) အရကျင်းပပြုလုပ်သောမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက ကာယ လေ့ကျင့်ခန်းများ၊ တေးသရုပ်ဖေါ် အကအလှ များဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ ၊ ရှမ်းပြည်နယ်အား/ကာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ လားရှိုး ခရိုင်အား/ကာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့်အဖွဲ့ဝင်များ၊ တန့်ယန်း မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဆရာ /ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူ များတက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဇူလိုင်(၂)ရက် နံနက်(၆)နာရီအချိန်တွင် ၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှုTownship Sports Development Program အရ တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဖလား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် မီနီမာရသွန်ပြိုင်ပွဲ အား ကျင်းပပြုလုပ်ခဲ့ပါသည်။ပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီး အားကစား သမား စုစုပေါင်းအင်အား(၈၅၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပါသည်။ မီနီမာရသွန်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းမှသေနတ်ပစ်ဖောက်၍တာလွှတ်ပေးခဲ့ပါသည်။ဆက်လက်၍ ပြိုင်ပွဲဝင် ဆုရရှိသော အားကစား သမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

Shan State Ar Kasar

 

 

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 53 guests and no members online