ရှမ်းပြည်နယ်သတင်းများ

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏိုင္ငံေတာ္သမၼတႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ အဆင့္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္ - ၁၂

119

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊  ျပည္နယ္ဝန္ႀကီးမ်ား၊ တိုင္းရင္းသားေရးရာ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ား၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ အဆင့္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံပြဲကို ဇူလိုင္ ၉ ရက္ နံနက္ ၁၀ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က လမ္းၫႊန္အမွာစကား ေျပာၾကားၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းေဆာင္႐ြက္မႈမ်ားအားရွင္းလင္းတင္ျပျခင္း၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္မွ လႊတ္ေတာ္ေရးရာလုပ္ငန္း ေဆာင္႐ြက္မႈမ်ားအားရွင္းလင္းတင္ျပျခင္း၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္မွ တရားလႊတ္ေတာ္ ဆိုင္ရာလုပ္ငန္းေဆာင္႐ြက္မႈမ်ားအား ရွင္းလင္းတင္ျပၿပီး ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကား ခဲ့ေၾကာင္းသိရသည္။ 

ဆက္လက္၍ ႏိုင္ငံေတာ္သမၼတႏွင့္ တာဝန္ရွိသူတို႔သည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ အေဆာက္အဦဦးစီးဌာန၊ အေဆာက္အဦအထူးအဖြဲ႕(၁၁)မွ တာဝန္ယူေဆာက္လုပ္ေနေသာ ေတာင္ႀကီးၿမိဳ႕၊ မိခင္ႏွင့္ကေလးေဆး႐ုံတိုးခ်ဲ႕ေဆာင္သို႔ ေရာက္ရွိကာ ရွင္းလင္းေဆာင္ခန္းမ၌ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကၿပီး၊ အေဆာက္အဦအား လွည့္လည္ၾကည့္႐ႈ စစ္ေဆးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတႏွင့္ တာဝန္ရွိသူတို႔သည္ စဝ္စံထြန္းေဆး႐ုံသို႔ သြားေရာက္၍ ကင္ဆာဓါတ္ေရာင္ျခည္ဌာန သို႔ လွည့္လည္ၾကည့္႐ႈၿပီး လူနာမ်ားေအာက္ေထာက္ပံ့ေငြေပးအပ္ကာ အစည္းအေဝးခန္းမတြင္ ေဆး႐ုံအုပ္ႀကီးႏွင့္ တာဝန္ရွိ သူမ်ား ဆရာဝန္မ်ားႏွင့္ ေတြ႕ဆုံရာ ေဆး႐ုံအုပ္ႀကီးမွ စဝ္စံထြန္းေဆး႐ုံႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပျခင္း၊ ျပည့္ဝကုမၸဏီမွ တာဝန္ရွိသူတစ္ဦးမွ အသစ္တိုးခ်ဲ႕ေဆာက္လုပ္ေနေသာ ေဆး႐ုံအေဆာက္အဦႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပကာ ႏိုင္ငံေတာ္သမၼတႏွင့္ တာဝန္ရွိသူတို႔သည္ အသစ္ေဆာက္လုပ္ေနေသာ ေဆး႐ုံအေဆာက္အဦ အား လွည့္လည္ၾကည့္႐ႈစစ္ေဆးၾကၿပီး၊ စဝ္စံထြန္းေဆး႐ုံမွတဆင့္ ေတာင္ႀကီးၿမိဳ႕က်က္သေရေဆာင္ ေ႐ႊဘုန္းပြင့္ေစတီေတာ္ သို႔ သြားေရာက္ဖူးေျမႇာက္ကာ ပန္း၊ ေရခ်မ္း၊ ဆီမီး ဆပ္ကပ္၍ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထိုးၿပီး မွတ္တမ္းတင္ ဓါတ္ပုံ႐ိုက္ကူးခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင် - ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲကို ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တရားလွှတ်တော် ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၁)မှ တာဝန်ယူဆောက်လုပ်နေသော တောင်ကြီးမြို့၊ မိခင်နှင့်ကလေးဆေးရုံတိုးချဲ့ဆောင်သို့ ရောက်ရှိကာ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး၊ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူတို့သည် စဝ်စံထွန်းဆေးရုံသို့ သွားရောက်၍ ကင်ဆာဓါတ်ရောင်ခြည်ဌာန သို့ လှည့်လည်ကြည့်ရှုပြီး လူနာများအောက်ထောက်ပံ့ငွေပေးအပ်ကာ အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိ သူများ ဆရာဝန်များနှင့် တွေ့ဆုံရာ ဆေးရုံအုပ်ကြီးမှ စဝ်စံထွန်းဆေးရုံနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခြင်း၊ ပြည့်ဝကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ အသစ်တိုးချဲ့ဆောက်လုပ်နေသော ဆေးရုံအဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူတို့သည် အသစ်ဆောက်လုပ်နေသော ဆေးရုံအဆောက်အဦ အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ စဝ်စံထွန်းဆေးရုံမှတဆင့် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော် သို့ သွားရောက်ဖူးမြှောက်ကာ ပန်း၊ ရေချမ်း၊ ဆီမီး ဆပ်ကပ်၍ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 21 guests and no members online