ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီအသင္းက ႀကီးမႉးက်င္းပေသာ ဒႆမအႀကိမ္ေျမာက္ စုေပါင္းေသြးလႉဒါန္းပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၁၆

122

ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီအသင္းကႀကီးမႉး၍ ဆရာ/ဆရာမမ်ား၊ ဝန္ထမ္းမ်ား၊ ေက်ာင္းသား/သူ မ်ား၏ ဒႆမအႀကိမ္ေျမာက္ စုေပါင္းေသြးလႉဒါန္းပြဲကို ဇူလိုင္ (၁၂)ရက္ေန႔ နံနက္ (၁၁)နာရီမွစတင္ကာ ေတာင္ႀကီးတကၠသိုလ္ေဆး႐ုံတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ေတာင္ႀကီးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာ မူမူျမင့္ႏွင့္ ဒုတိယပါေမာကၡခ်ဳပ္မ်ား၊ ဘာသာရပ္အသီးသီးမွ ပါေမာကၡဌာနမႉးမ်ား၊ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆး႐ုံ အုပ္ ဆရာဝန္ႀကီးႏွင့္အဖြဲ႕၊ ပါေမာကၡမ်ား၊ ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီမွ ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ား၊ ေသြးဘဏ္မွ တာဝန္ခံဆရာဝန္မ်ား၊ ေတာင္ႀကီးတကၠသိုလ္ၾကက္ေျခနီအသင္းဥကၠဌ ေဒါက္တာ ႏြယ္ႏြယ္စန္းႏွင့္ ေကာ္မတီဝင္ဆရာ/ဆရာမမ်ား၊ သင္ၾကားစီမံဝန္ထမ္းမ်ား၊ ေက်ာင္သား/သူမ်ား စုစုေပါင္းအင္အား (၃၀၀)ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ေရွးဦးစြာ အခမ္းအနားဖြင့္လွစ္ေၾကာင္း ေၾကညာၿပီး၊ ျပည္နယ္လူမႈေရးဝန္ႀကီးက ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္း ေဆး႐ုံအုပ္ဆရာဝန္ႀကီး ဦးေအာင္ေငြစံထံသို႔ ေသြးအိတ္မ်ားလႉဒါန္းေပးၿပီး ဆရာဝန္ႀကီးက ဂုဏ္ျပမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့ပါေၾကာင္း၊ ထို႔ေနာက္ ႂကြေရာက္လာေသာဆရာႀကီး/ဆရာမႀကီးမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားက ေသြးလႉရွင္မ်ားကို လိုက္လံအားေပးစကားမ်ား ေျပာၾကားကာ အဆိုပါေသြးလႉဒါန္းပြဲကို မြန္းလြဲ (၄)နာရီတြင္ ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ၿပီး ဒႆမအႀကိမ္ေျမာက္ စုေပါင္းေသြးလႉဒါန္းပြဲတြင္ ေသြးအိတ္စုစုေပါင္း (၂၂၉)အိတ္ လႉဒါန္းခဲ့ပါေၾကာင္း၊ ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ျပည္နယ္လူမႈေရးဝန္ႀကီးက ၾကက္ေျခနီတပ္ဖြဲ႕ဝင္ အမ်ိဳးသမီး (၁၀)ဦးအတြက္ ဝတ္စုံဖိုးေငြ (၁၅၀၀၀ဝိ/-)ကို လႉဒါန္းခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းက ကြီးမှူးကျင်းပသော ဒဿမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

တောင်ကြီး ဇူလိုင် - ၁၆

 

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းကကြီးမှူး၍ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူ များ၏ ဒဿမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဇူလိုင် (၁၂)ရက်နေ့ နံနက် (၁၁)နာရီမှစတင်ကာ တောင်ကြီးတက္ကသိုလ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မူမူမြင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ အုပ် ဆရာဝန်ကြီးနှင့်အဖွဲ့၊ ပါမောက္ခများ၊ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သွေးဘဏ်မှ တာဝန်ခံဆရာဝန်များ၊ တောင်ကြီးတက္ကသိုလ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာ နွယ်နွယ်စန်းနှင့် ကော်မတီဝင်ဆရာ/ဆရာမများ၊ သင်ကြားစီမံဝန်ထမ်းများ၊ ကျောင်သား/သူများ စုစုပေါင်းအင်အား (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးက တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံအုပ်ဆရာဝန်ကြီး ဦးအောင်ငွေစံထံသို့ သွေးအိတ်များလှူဒါန်းပေးပြီး ဆရာဝန်ကြီးက ဂုဏ်ပြမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း၊ ထို့နောက် ကြွရောက်လာသောဆရာကြီး/ဆရာမကြီးများနှင့် ဧည့်သည်တော်များက သွေးလှူရှင်များကို လိုက်လံအားပေးစကားများ ပြောကြားကာ အဆိုပါသွေးလှူဒါန်းပွဲကို မွန်းလွဲ (၄)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဒဿမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးအိတ်စုစုပေါင်း (၂၂၉)အိတ် လှူဒါန်းခဲ့ပါကြောင်း၊ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီးက ကြက်ခြေနီတပ်ဖွဲ့ဝင် အမျိုးသမီး (၁၀)ဦးအတွက် ဝတ်စုံဖိုးငွေ (၁၅၀၀၀ဝိ/-)ကို လှူဒါန်းခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 41 guests and no members online