ရှမ်းပြည်နယ်သတင်းများ


121




ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ လင်းခေးခရိုင် အား/ကာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပည်ြနယ်ကျန်းမာရေး ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှုင် ၊ ပြည်နယ်ကျန်းမာရေးမှူး ဦးဝင်းမောင်၊ မိုးနဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ၊ ပြိုင်ပွဲဝင် အားကစား သမားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀၀)ကျော် တက်ရောက် အားပေးခဲ့ကြပါသည်။


Shan State Ar Kasar

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

 

၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (TSDP) အရ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၄)ရက် မွန်းလွှဲ(၂)နာရီက  ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဥက္ကဌ ဒေါက်တာမျိုးထွန်း က ၂၀၁၈ခုနှစ်၊မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်(TSDP)အရ ကျင်းပ ပြုလုပ်သော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အားကစားပြိုင်ပွဲတွင်အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ 

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ ပြိုင်ပွဲအထောက်အကူပြုအားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါ အားကစား ပြိုင်ပွဲများတွင် ဘောလုံး (၁၂) သင်း၊ ပိုက်ကျော်ခြင်း (၁၂)သင်း၊ မီနီမာရသွန် (၈၈၃) ဦး ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ လင်းခေးခရိုင် အား/ကာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုးနဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ၊ ပြိုင်ပွဲဝင် အားကစား သမားများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀၀)ကျော် တက်ရောက် အားပေးခဲ့ကြပါသည်။

ထို့နောက် ဇူလိုင်၁၅ရက်နေ့ နံနက်(၅း၃၀)နာရီ အချိန်တွင်၂၀၁၈ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်မှုTownship Sports Development Program အရ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် မီနီမာရသွန်ပြိုင်ပွဲ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာ မျိုးထွန်းမှသေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီး အားကစားသမား စုစုပေါင်းအင်အား(၈၈၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Shan State Ar Kasar

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 41 guests and no members online