ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ပိုလန္ႏိုင္ငံထုတ္ မီးသတ္ယာဥ္မ်ားအားၾကည့္႐ႈ

ေတာင္ႀကီး ဇူလိုင္ - ၁၇

124

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ရွမ္းျပည္နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ ဇူလိုင္ ၁၇ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕႐ုံး၌   ပိုလန္ႏိုင္ငံထုတ္ ေခတ္မီမီးသတ္ယာဥ္မ်ားအား ၾကည့္႐ႈခဲ့ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕သစ္လက္ထက္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန၊ မီးသတ္ဦးစီးဌာန၌ အသုံးျပဳရန္အတြက္ ODA ေခ်းေငြ ယူ႐ိုသန္း ၅၀ အစီအစဥ္ျဖင့္ ဝယ္ယူသည့္ မီးၿငိမ္းသတ္ယာဥ္၊ လူနာတင္ယာဥ္၊ ရွာေဖြကယ္ဆယ္ေရးယာဥ္ႏွင့္ အေထာက္အကူျပဳယာဥ္ စုစုေပါင္း (၇၅)စီး အနက္ ရွမ္းျပည္နယ္သို႔ Medium Rescue & Fire Fighting Vehicle (၃)စီး၊ Hydraulic Platfrom Vehicle (25) m(၂)စီး၊ Heavy Resue & Towing (34) Ton(၂)စီး၊ Heavy Resue & Lifting(44)Ton(၁)စီး၊ စုစုေပါင္း(၈)စီး ကို ခြဲေဝခ်ထားရာမွ  ပထမအႀကိမ္ေရာက္ရွိလာေသာ Medium Rescue & Fire Fighting Vehicle ေခတ္မီမီးၿငိမ္းသတ္ယာဥ္ (၃)စီးအား ေတာင္ႀကီး/ လား႐ႈိး/ က်ိဳင္းတုံ ခ႐ိုင္ မီးသတ္ဦးစခန္းမ်ားသို႔ ခြဲေဝခ်ထားေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ Medium Rescue& Fire Fighting Vehicle သည္ ေရလီတာ(၅၀၀၀)ဆံ့ Foam (၆၀၀)လီတာ၊ တန္ခ်ိန္(၂၁)တန္ရွိၿပီး၊ ယာဥ္ကိုလည္းမီးကူးစက္မႈမရွိႏိုင္သျဖင့္ မီးေတာက္အတြင္းသို႔ သြားလာႏိုင္သည့္ ေရျဖန္းစနစ္ ပါရွိျခင္း၊ မီးၿငိမ္းသတ္ရာတြင္လည္း ေရမ်ားကို High Pressure၊ Long Pressure ဟူ၍ ႏွစ္မ်ိဳးပါရွိကာ Model Volvo D 13 A400 Euro 3 အမ်ိဳးအစားျဖစ္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပိုလန်နိုင်ငံထုတ် မီးသတ်ယာဉ်များအားကြည့်ရှု

တောင်ကြီး ဇူလိုင် - ၁၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌   ပိုလန်နိုင်ငံထုတ် ခေတ်မီမီးသတ်ယာဉ်များအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့သစ်လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၌ အသုံးပြုရန်အတွက် ODA ချေးငွေ ယူရိုသန်း ၅၀ အစီအစဉ်ဖြင့် ဝယ်ယူသည့် မီးငြိမ်းသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် အထောက်အကူပြုယာဉ် စုစုပေါင်း (၇၅)စီး အနက် ရှမ်းပြည်နယ်သို့ Medium Rescue & Fire Fighting Vehicle (၃)စီး၊ Hydraulic Platfrom Vehicle (25) m(၂)စီး၊ Heavy Resue & Towing (34) Ton(၂)စီး၊ Heavy Resue & Lifting(44)Ton(၁)စီး၊ စုစုပေါင်း(၈)စီး ကို ခွဲဝေချထားရာမှ  ပထမအကြိမ်ရောက်ရှိလာသော Medium Rescue & Fire Fighting Vehicle ခေတ်မီမီးငြိမ်းသတ်ယာဉ် (၃)စီးအား တောင်ကြီး/ လားရှိုး/ ကျိုင်းတုံ ခရိုင် မီးသတ်ဦးစခန်းများသို့ ခွဲဝေချထားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ Medium Rescue& Fire Fighting Vehicle သည် ရေလီတာ(၅၀၀၀)ဆံ့ Foam (၆၀၀)လီတာ၊ တန်ချိန်(၂၁)တန်ရှိပြီး၊ ယာဉ်ကိုလည်းမီးကူးစက်မှုမရှိနိုင်သဖြင့် မီးတောက်အတွင်းသို့ သွားလာနိုင်သည့် ရေဖြန်းစနစ် ပါရှိခြင်း၊ မီးငြိမ်းသတ်ရာတွင်လည်း ရေများကို High Pressure၊ Long Pressure ဟူ၍ နှစ်မျိုးပါရှိကာ Model Volvo D 13 A400 Euro 3 အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 43 guests and no members online