ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး ဇူလိုင် - ၁၇

125




+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အများပြည်သူအား အကျိုးပြုနေသော ဂနိုင်ရေကန်သို့ ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု

တောင်ကြီး ဇူလိုင် - ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်ရှိ အများပြည်သူများကို အကျိုးပြုနေသော အ.ထ.က (၂)အနီး ကျောင်းကြီးစုရပ်ကွက်တွင်ရှိသော ရေသိုလှောင်မှု (၂ သန်း)ဂါလံ၊ဧရိယာ (၃.၀၀)ဧက၊ ရေပြည့်အမှတ် (၁၃ပေ ၆ လက်မ)၊ ရေပေးဝေမှု တစ်ရက် (၃.၇)သောင်းဂါလံ၊ အိမ်သွယ်ရေတိုင် (၃၂၅)တိုင်၊ ရေစုကန် (၂၂'×၂၂'×၇') (၂၀၀၀၀)ဂါလံ၊ ရေစက်ရုံ (၁၅ ကောင်/ ၂၅ ကောင်)မော်တာဖြင့် အကျိုးပြုနေသော ဂနိုင်ကန်ရေတာဘောင် ပြုပြင်ပြီးစီးမှုများကို ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် သွားရောက်ကြည့်ရှု ရာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအေးကိုနှင့် တာဝန်ရှိသူတို့က ရှင်းလင်းကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့အတွင်းသို့ သွားလာနိုင်ရန် အတွက် ဘုရားဖြူရပ်ကွက်ရှိ သြတချောင်းလမ်း၊ ထီသိမ်-ဇလဲလမ်း တိုးချဲ့ပြုပြင်နေမှုနှင့် ရေနုတ်မြောင်းများ ပြုပြင် နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိက လိုက်လံပြသရှင်းလင်း ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 32 guests and no members online