ရှမ်းပြည်နယ်သတင်းများ

(၇၁)ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ လြမ္းသူ႕ပန္းေခြခ်ျခင္းႏွင့္ ဆရာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္

ေတာင္ႀကီး ဇူလိုင္ -၁၉

126

(၇၁)ႏွစ္ေျမာက္ အာဇာနည္ေန႔ လြမ္းသူ႕ပန္းေခြခ်ျခင္းႏွင့္ အေလးျပဳျခင္းအခမ္းအနားကို ဇူလိုင္ (၁၉)ရက္ နံနက္(၈)နာရီက ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ပန္းၿခံရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေရွ႕၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ မ်ား၊ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား တက္ေရာက္ၾကၿပီး ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ အား လြမ္းသူ႕ပန္းေခြခ်ျခင္းႏွင့္ က်ဆုံးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား အေလးျပဳ ကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ တစ္မိနစ္ၿငိမ္သက္ဆုေတာင္းေပးၾကသည္။

ဆက္လက္၍ နံနက္ (၁၀)နာရီခြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ားတို႔မွ ဆရာေတာ္(၁၁)ပါးတို႔အား ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ရာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္ ႐ြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး မူလမင္းကြန္းပရိယတၱိစာသင္တိုက္ ဦးစီးပဓာန နာယက ဘဒၵႏၲပညာသိရီထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္ မ်ားက ေမတၱာသုတ္ ပရိတ္တရားေတာ္႐ြတ္ဖတ္သရဇၨ်ာယ္ေတာ္မူခဲ့ေၾကာင္းသိရသည္။ 

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားတို႔က ဆရာေတာ္ သံဃာေတာ္အရွင္သူျမတ္တို႔အား လႉဖြယ္ဝတၳဳပစၥည္းတို႔ကို ဆက္ကပ္ လႉဒါန္းၾကၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ မူလမင္းကြန္းပရိယတၱိစာသင္တိုက္ ဦးစီးပဓာန နာယက ဘဒၵႏၲပညာသိရီ ထံမွ ေရစက္သြန္းခ် အမၽွေပးေဝကာ ဗုဒၶသာသနံစိရံတိဌတု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုတ္သိမ္းကာ ဆရာေတာ္သံဃာေတာ္မ်ားအား ဝန္ႀကီးခ်ဳပ္ႏွင့္ တက္ေရာက္လာ သူမ်ားက ေန႔ဆြမ္းဆက္ကပ္ လႉဒါန္းခဲ့ေၾကာင္းသိရွိရသည္။

အဆိုပါ (၇၁)ႏွစ္ေျမာက္ အာဇာနည္ေန႔အခမ္းအနားသို႔ ေတာင္ႀကီးၿမိဳ႕ေပၚရွိ အေျခခံပညာ ေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီအသီးသီးမွ အဖြဲ႕အစည္းမ်ားလာေရာက္ၿပီး လြမ္းသူ႕ပန္းေခြခ်ျခင္း၊ က်ဆုံးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ ႀကီးမ်ားအား အေလးျပဳကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ တစ္မိနစ္ ၿငိမ္သက္ဆုေတာင္း ေပးျခင္း၊ ဥၾသသံမ်ား ဆြဲျခင္း ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

(၇၁)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် ဆရာတော်များအားနေ့ဆွမ်းဆက်ကပ်

တောင်ကြီး ဇူလိုင် -၁၉

 

(၇၁)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ဇူလိုင် (၁၉)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး ဗိုလ်ချုပ်ကြေးရုပ် အား လွမ်းသူ့ပန်းခွေချခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးကြသည်။

ဆက်လက်၍ နံနက် (၁၀)နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့မှ ဆရာတော်(၁၁)ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မူလမင်းကွန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တပညာသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များက မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ဖတ်သရဇ္ဇျာယ်တော်မူခဲ့ကြောင်းသိရသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများတို့က ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မူလမင်းကွန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တပညာသိရီ ထံမှ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ဆရာတော်သံဃာတော်များအား ဝန်ကြီးချုပ်နှင့် တက်ရောက်လာ သူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

အဆိုပါ (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအသီးသီးမှ အဖွဲ့အစည်းများလာရောက်ပြီး လွမ်းသူ့ပန်းခွေချခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ဆုတောင်း ပေးခြင်း၊ ဥသြသံများ ဆွဲခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 38 guests and no members online