ရှမ်းပြည်နယ်သတင်းများ

ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း(ရွမ္းျပည္နယ္) ဖြဲ႕စည္းရန္ ေတြ႕ဆုံပြဲ က်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၂၄

128

ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း(ရွမ္းျပည္နယ္) ဖြဲ႕စည္းရန္၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၊ ၿမိဳ႕မိၿမိဳ႕ဖႏွင့္ လူမႈေရးအဖြဲ႕အစည္းမ်ားအား ေတြ႕ဆုံပြဲကို  ဇူလိုင္ ၂၄ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အမွာစကားေျပာၾကားရာ ျမန္မာႏိုင္ငံတြင္ ေဆး႐ုံ၊ လမ္းေဘးမ်ား၌ စြန္႔ပစ္ခံကေလးငယ္မ်ား မ်ားျပားလာသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ပရဟိတေဂဟာ မ်ားတြင္လည္း ေစာင့္ေရွာက္ထားရွိေသာ ေမြးကင္းစကေလးငယ္မ်ား မ်ားျပားလာေၾကာင္းႏွင့္ ရပ္ကြက္၊ ၿမိဳ႕နယ္မ်ားမွာလည္း ေမြးကင္းစကေလးသူငယ္ စြန္႔ပစ္ျခင္းမ်ားအား မၾကာခဏၾကားသိေနရၿပီး၊ ျမင္ေတြ႕ၾကားသိရသူမ်ားအတြက္ စိတ္မခ်မ္း ေျမ႕ဖြယ္ ျဖစ္သလို ႏိုင္ငံေတာ္၏ ပုံရိပ္လည္း အင္မတန္ထိခိုက္ရပါေၾကာင္း၊ ေမြးကင္းစကေလးငယ္မ်ား စြန္႔ပစ္ျခင္းမွ ကာကြယ္ တားဆီးေရးလုပ္ငန္းမ်ားသည္ အမွန္တကယ္လိုအပ္ေနေသာ လုပ္ငန္းရပ္တစ္ခုျဖစ္သလို စြန္႔ပစ္ခံ ေမြးကင္းစ ကေလးငယ္မ်ားကို စနစ္တက် ျပဳစုေစာင့္ေရွာက္ေရးသည္ ႏိုင္ငံေတာ္အတြက္ လိုအပ္လွေသာ လုပ္ငန္းရပ္တစ္ခု ျဖစ္ေသာေၾကာင့္ စြန္႔ပစ္ခံရေသာ ရင္ခြင္မဲ့ကေလးငယ္မ်ားကို မိခင္ရင္ခြင္တြင္ ေစာင့္ေရွာက္ခံရသကဲ့သို႔ ေစာင့္ေရွာက္မႈရရွိ ရန္ႏွင့္ ေနာက္ထပ္ရင္ခြင့္မွ စြန္႔ပစ္ခံကေလးငယ္မ်ား ထပ္မျဖစ္လာေစရန္အတြက္ ကာကြယ္တားဆီးေရးသည္ အလြန္ အေရးႀကီးလွပါေၾကာင္း၊ ေမြးကင္းစကေလးငယ္မ်ား စြန္႔ပစ္ျခင္းမွ ကာကြယ္တားဆီးေရးအဖြဲ႕သည္ စနစ္တက် ဖြဲ႕စည္းထားရွိ ၿပီး ယခုလိုလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနသည္မွာ အင္မတန္မွ ၾကည္ႏူးပီတိျဖစ္ရၿပီး၊ မိမိတို႔အစိုးရအဖြဲ႕အေနျဖင့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္အတူ ကိုယ္ေရာစိတ္ပါတက္ႂကြစြာျဖင့္ အားလုံးဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း ဒုတိယဥကၠဌ ေဒါက္တာ ယုယုေမက ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း ျဖစ္ေပၚလာပုံအား ရွင္းလင္း ေျပာၾကားၿပီး၊ ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း အေထြေထြအတြင္းေရးမႉး ပါေမာကၡ ေဒါက္တာျမသီတာက ျမန္မာႏိုင္ငံလုံးဆိုင္ရာ အမ်ိဳးသမီးေကာ္မတီတြင္  အသင္း၏ အခန္းက႑မ်ားကို ရွင္းလင္းျခင္းႏွင့္ ယေန႔ေတြ႕ဆုံပြဲ၏ ရည္႐ြယ္ခ်က္မ်ားအား ရွင္းလင္းေျပာၾကားကာ၊ ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း အထိမ္းအမွတ္သီခ်င္းျဖင့္ ေဖ်ာ္ေျဖၿပီး၊ အသင္းဖြဲ႕စည္းပုံ စာအုပ္မ်ား၊ သီခ်င္းေခြမ်ားႏွင့္ ရင္ထိုးတံဆိပ္မ်ားအား ရွမ္းျပည္နယ္အမ်ိဳးသမီးေကာ္မတီဥကၠဌ ၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ထံသို႔ ေပးအပ္ခဲ့သည္။

အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီး မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသမီးေကာ္မတီဝင္မ်ား၊ ရင္ခြင္မဲ့ကေလးငယ္မ်ား ေလၽွာ႔ခ်ေရးႏွင့္ ကာကြယ္ ေစာင့္ေရွာက္ေရးအသင္းမွ တာဝန္ရွိသူမ်ား၊ ပရဟိတအသင္းအဖြဲ႕အသီးသီးမွ ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ အမ်ိဳးသမီးအဖြဲ႕မ်ား၊ လူငယ္အဖြဲ႕မ်ား၊ တကၠသိုလ္ႏွင့္ေကာလိပ္အသီးသီးမွ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ သူနာျပဳေက်ာင္းသူမ်ားတက္ေရာက္ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ရှမ်းပြည်နယ်) ဖွဲ့စည်းရန် တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး ဇူလိုင် - ၂၄

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ရှမ်းပြည်နယ်) ဖွဲ့စည်းရန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ မြို့မိမြို့ဖနှင့် လူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံပွဲကို  ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင် ဆေးရုံ၊ လမ်းဘေးများ၌ စွန့်ပစ်ခံကလေးငယ်များ များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ပရဟိတဂေဟာ များတွင်လည်း စောင့်ရှောက်ထားရှိသော မွေးကင်းစကလေးငယ်များ များပြားလာကြောင်းနှင့် ရပ်ကွက်၊ မြို့နယ်များမှာလည်း မွေးကင်းစကလေးသူငယ် စွန့်ပစ်ခြင်းများအား မကြာခဏကြားသိနေရပြီး၊ မြင်တွေ့ကြားသိရသူများအတွက် စိတ်မချမ်း မြေ့ဖွယ် ဖြစ်သလို နိုင်ငံတော်၏ ပုံရိပ်လည်း အင်မတန်ထိခိုက်ရပါကြောင်း၊ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ် တားဆီးရေးလုပ်ငန်းများသည် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းရပ်တစ်ခုဖြစ်သလို စွန့်ပစ်ခံ မွေးကင်းစ ကလေးငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်ရေးသည် နိုင်ငံတော်အတွက် လိုအပ်လှသော လုပ်ငန်းရပ်တစ်ခု ဖြစ်သောကြောင့် စွန့်ပစ်ခံရသော ရင်ခွင်မဲ့ကလေးငယ်များကို မိခင်ရင်ခွင်တွင် စောင့်ရှောက်ခံရသကဲ့သို့ စောင့်ရှောက်မှုရရှိ ရန်နှင့် နောက်ထပ်ရင်ခွင့်မှ စွန့်ပစ်ခံကလေးငယ်များ ထပ်မဖြစ်လာစေရန်အတွက် ကာကွယ်တားဆီးရေးသည် အလွန် အရေးကြီးလှပါကြောင်း၊ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့သည် စနစ်တကျ ဖွဲ့စည်းထားရှိ ပြီး ယခုလိုလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်မှာ အင်မတန်မှ ကြည်နူးပီတိဖြစ်ရပြီး၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ကိုယ်ရောစိတ်ပါတက်ကြွစွာဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဌ ဒေါက်တာ ယုယုမေက ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖြစ်ပေါ်လာပုံအား ရှင်းလင်း ပြောကြားပြီး၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင်  အသင်း၏ အခန်းကဏ္ဍများကို ရှင်းလင်းခြင်းနှင့် ယနေ့တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထိမ်းအမှတ်သီချင်းဖြင့် ဖျော်ဖြေပြီး၊ အသင်းဖွဲ့စည်းပုံ စာအုပ်များ၊ သီချင်းခွေများနှင့် ရင်ထိုးတံဆိပ်များအား ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဌ ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်ထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးကော်မတီဝင်များ၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ၊ တက္ကသိုလ်နှင့်ကောလိပ်အသီးသီးမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ သူနာပြုကျောင်းသူများတက်ရောက်ကြကြောင်းသိရှိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 101 guests and no members online

Latest Updates