ရှမ်းပြည်နယ်သတင်းများ

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲေတာ္က်င္းပ

ေတာင္ႀကီး ဇူလိုင္ - ၂၆

 132

၂၀၁၈ ခုႏွစ္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕မွ ႀကီးမႉးက်င္းပျပဳလုပ္သည့္ ဟိုပုံးၿမိဳ႕နယ္၏မိုးရာသီ သစ္ပင္စိုက္ပ်ိဳးပြဲေတာ္ကို ဇူလိုင္ ၂၆ ရက္ နံနက္ ၈ နာရီက ပအိုဝ္းမေတာင္သာသနာျပဳနယ္ေျမ၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အမွာစကားေျပာၾကားရာ ယေန႔ကမၻာေပၚရွိ လူဦးေရတိုးပြားမႈ၊ စိုက္ပ်ိဳးေျမစဥ္ဆက္မျပတ္တိုးခ်ဲ႕လာမႈ၊ စက္မႈလုပ္ငန္းတိုးတက္လာမႈ၊ လူေနမႈအဆင့္အတန္းတိုးတက္ ျမင့္မားလာမႈတို႔ေၾကာင့္ သဘာဝပတ္ဝန္းက်င္အေျခအေနမ်ား ယိုယြင္းပ်က္စီးလာၿပီး၊ သစ္ေတာျပဳန္းတီးျခင္း၊ ေလထုညစ္ ညမ္းျခင္း၊ အိုဇုန္းလႊာပ်က္စီးျခင္း၊ အက္စစ္မိုး႐ြာသြန္းျခင္း၊ ေရေျမတိုက္စားျခင္း၊ ကမၻာႀကီးပူေႏြးလာျခင္း၊ တစ္ေန႔ထက္ တစ္ေန႔ ပူျပင္းေျခာက္ေသြ႕လာမႈတို႔ေၾကာင့္ သဘာဝပတ္ဝန္းက်င္အေျခအေနမ်ား ေကာင္းမြန္လာေအာင္ သစ္ပင္စိုက္ပ်ိဳးျခင္း အေလ့အထကို ေဆာင္႐ြက္ရမွာျဖစ္ေၾကာင္း၊ ယေန႔သစ္ပင္စိုက္ပ်ိဳးပြဲေတာ္တြင္ ေရသင္းဝင္ (၁၀၀)ပင္၊ ခ်ယ္ရီ(၂၀၀)ပင္၊ ခါေတာ္မီ(၂၀၀)ပင္၊ ထင္း႐ႉး(၂၀၀)ပင္၊ ပနားမားငု(၁၀၀)ပင္၊ ခေရ(၁၀၀)ပင္၊ ေထာပတ္(၂၀၀)ပင္၊ စိန္ပန္းျပာ(၁၀၀)ပင္၊ စိန္ပန္းနီ(၅၀)ပင္၊ ပိေတာက္(၁၅၀)ပင္၊ စုစုေပါင္းသစ္မ်ိဳး(၁၀)မ်ိဳး၊ အပင္ေပါင္း(၁၅၀၀)ပင္ စိုက္ပ်ိဳးသြားမ်ာျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီးတြင္လည္း ရွမ္းျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ၂၀၁၈ ခုႏွစ္တြင္ ႏွစ္ရွည္သီးပင္စားပင္ (၂)သိန္းေက်ာ္ႏွင့္ သစ္ေတာသစ္ပင္ (၅၀၆၀၀၀)ပင္တို႔ႏွင့္ သစ္ေတာ္ဦးစီးဌာနအေနျဖင့္ လူထုျဖန္႔အပင္ေပါင္း (၁၃)သိန္း ေက်ာ္ကိုလည္း ႏွစ္စဥ္စိုက္ပ်ိဳးေပးလ်က္ရွိေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးခြန္စံလြင္တို႔က ဌာနဆိုင္ရာမ်ားကို ပ်ိဳးပင္မ်ားေပးအပ္၍လည္းေကာင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္ႏွင့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ၏ဇနီး ေဒၚခင္ဝင္းၾကည္တို႔က အမ်ိဳးသမီးေရးရာအဖြဲ႕၊ ၿမိဳ႕နယ္မိခင္ႏွင့္ ကေလး ေစာင့္ေရွာက္ေရးအသင္းအဖြဲ႕တို႔ကို ပ်ိဳးပင္မ်ားေပးအပ္ၾကၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီးတို႔က ခါေတာ္မီသစ္ပင္ကို  စိုက္ပ်ိဳးေပးၾကကာ၊ သစ္ပင္စိုက္ပ်ိဳးေနမႈတို႔အား လွည့္လည္ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တောင်ကြီး ဇူလိုင် - ၂၆

၂၀၁၈ ခုနှစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဟိုပုံးမြို့နယ်၏မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီက ပအိုဝ်းမတောင်သာသနာပြုနယ်မြေ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ယနေ့ကမ္ဘာပေါ်ရှိ လူဦးရေတိုးပွားမှု၊ စိုက်ပျိုးမြေစဉ်ဆက်မပြတ်တိုးချဲ့လာမှု၊ စက်မှုလုပ်ငန်းတိုးတက်လာမှု၊ လူနေမှုအဆင့်အတန်းတိုးတက် မြင့်မားလာမှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးလာပြီး၊ သစ်တောပြုန်းတီးခြင်း၊ လေထုညစ် ညမ်းခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ အက်စစ်မိုးရွာသွန်းခြင်း၊ ရေမြေတိုက်စားခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ တစ်နေ့ထက် တစ်နေ့ ပူပြင်းခြောက်သွေ့လာမှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ကောင်းမွန်လာအောင် သစ်ပင်စိုက်ပျိုးခြင်း အလေ့အထကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရေသင်းဝင် (၁၀၀)ပင်၊ ချယ်ရီ(၂၀၀)ပင်၊ ခါတော်မီ(၂၀၀)ပင်၊ ထင်းရှူး(၂၀၀)ပင်၊ ပနားမားငု(၁၀၀)ပင်၊ ခရေ(၁၀၀)ပင်၊ ထောပတ်(၂၀၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ စိန်ပန်းနီ(၅၀)ပင်၊ ပိတောက်(၁၅၀)ပင်၊ စုစုပေါင်းသစ်မျိုး(၁၀)မျိုး၊ အပင်ပေါင်း(၁၅၀၀)ပင် စိုက်ပျိုးသွားမျာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ်တွင် နှစ်ရှည်သီးပင်စားပင် (၂)သိန်းကျော်နှင့် သစ်တောသစ်ပင် (၅၀၆၀၀၀)ပင်တို့နှင့် သစ်တော်ဦးစီးဌာနအနေဖြင့် လူထုဖြန့်အပင်ပေါင်း (၁၃)သိန်း ကျော်ကိုလည်း နှစ်စဉ်စိုက်ပျိုးပေးလျက်ရှိကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့က ဌာနဆိုင်ရာများကို ပျိုးပင်များပေးအပ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၏ဇနီး ဒေါ်ခင်ဝင်းကြည်တို့က အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တို့ကို ပျိုးပင်များပေးအပ်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ခါတော်မီသစ်ပင်ကို  စိုက်ပျိုးပေးကြကာ၊ သစ်ပင်စိုက်ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 63 guests and no members online