ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ICRC ဒုတိယဌာေနကိုယ္စားလွယ္ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္ - ၃၁

 133

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ရွမ္းျပည္နယ္႐ုံး ၫႊန္ၾကားေရးမႉး ဦးဝင္းလြင္ တို႔ႏွင့္ အတူ ဇူလိုင္ ၃၁ ရက္ နံနက္ ၁၀ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဧည့္ခန္းမ၌ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC ၏ အသစ္ေရာက္ရွိလာသည့္ ဒုတိယဌာေနကိုယ္စားလွယ္အဖြဲ႕တို႔ေတြ႕ဆုံေၾကာင္းသိရသည္။

ထို႔သို႔ေတြ႕ဆုံရာတြင္ ဒုတိယဌာေနကိုယ္စားလွယ္မွ ICRC ဥကၠဌအေနျဖင့္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ႏွင့္ ေတြ႕ဆုံခဲ့ပါေၾကာင္း၊ အရပ္ဖက္ ႏွင့္သာမက တပ္မေတာ္ႏွင့္ပါပူးေပါင္း၍ လုပ္ငန္းမ်ားေအာင္ျမင္စြာ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ရွမ္းျပည္နယ္တာဝန္ခံ ICRC မွ တာဝန္ရွိသူတစ္ဦးက ယခင္လက ေညာင္ေ႐ႊၿမိဳ႕ရွိ အက်ဥ္းေထာင္သို႔ သြားေရာက္ခဲ့ပါေၾကာင္း၊ အက်ဥ္းေထာင္မွ လြတ္ေျမာက္ သြားသူမ်ား ဘဝရပ္တည္ႏိုင္ရန္အတြက္ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္လည္း ၾကက္ေျခနီအသင္းအဖြဲ႕မ်ားကို ICRC မွသင္တန္းမ်ားေပးခဲ့ပါေၾကာင္း၊ သင္တန္းတြင္ သဘာဝေဘးအႏၲရာယ္က်ေရာက္ ႏိုင္သည့္ ေနရာမ်ားတြင္ လက္ေတြ႕ပိုင္းပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ပူးေပါင္း၍ က်န္းမာေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို နည္းပညာပို႔ခ်ကာ တစ္ဖက္တစ္လမ္းမွ တိုးတက္ႏိုင္ရန္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေဆြးေႏြးသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ICRC ႏွင့္ ယခုလိုေတြ႕ဆုံရသည္မွာ ဝမ္းသာပါေၾကာင္း၊ ICRC ဥကၠဌႀကီး အေနျဖင့္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ ေရာက္ရွိလာသည္ကို ၾကားသိရပါ ေၾကာင္း၊ ICRC မွ ေရွ႕ဆက္လုပ္ေဆာင္မည့္ လုပ္ငန္းႏွင့္ ပတ္သက္၍ ၾကားသိရသည့္ ေကာင္းမြန္ေသာ အစီအစဥ္ျဖစ္ေၾကာင္း၊ မိမိသည္လည္း ကြတ္ခိုင္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာေၾကာင့္ ယခုအခ်ိန္သည္ ကြတ္ခိုင္ၿမိဳ႕သည္ တိုးတက္ေကာင္းမြန္ မႈရွိပါေၾကာင္းေျပာသြားၿပီး၊ ရွမ္းျပည္နယ္တြင္း လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉးမွ ရွင္းလင္းေျပာၾကားသြားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ICRC ဒုတိယဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင် - ၃၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ရုံး ညွှန်ကြားရေးမှူး ဦးဝင်းလွင် တို့နှင့် အတူ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၏ အသစ်ရောက်ရှိလာသည့် ဒုတိယဌာနေကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် ဒုတိယဌာနေကိုယ်စားလှယ်မှ ICRC ဥက္ကဌအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အရပ်ဖက် နှင့်သာမက တပ်မတော်နှင့်ပါပူးပေါင်း၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တာဝန်ခံ ICRC မှ တာဝန်ရှိသူတစ်ဦးက ယခင်လက ညောင်ရွှေမြို့ရှိ အကျဉ်းထောင်သို့ သွားရောက်ခဲ့ပါကြောင်း၊ အကျဉ်းထောင်မှ လွတ်မြောက် သွားသူများ ဘဝရပ်တည်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ကြက်ခြေနီအသင်းအဖွဲ့များကို ICRC မှသင်တန်းများပေးခဲ့ပါကြောင်း၊ သင်တန်းတွင် သဘာဝဘေးအန္တရာယ်ကျရောက် နိုင်သည့် နေရာများတွင် လက်တွေ့ပိုင်းပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို နည်းပညာပို့ချကာ တစ်ဖက်တစ်လမ်းမှ တိုးတက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ ICRC နှင့် ယခုလိုတွေ့ဆုံရသည်မှာ ဝမ်းသာပါကြောင်း၊ ICRC ဥက္ကဌကြီး အနေဖြင့် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရောက်ရှိလာသည်ကို ကြားသိရပါ ကြောင်း၊ ICRC မှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ ကြားသိရသည့် ကောင်းမွန်သော အစီအစဉ်ဖြစ်ကြောင်း၊ မိမိသည်လည်း ကွတ်ခိုင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ယခုအချိန်သည် ကွတ်ခိုင်မြို့သည် တိုးတက်ကောင်းမွန် မှုရှိပါကြောင်းပြောသွားပြီး၊ ရှမ်းပြည်နယ်တွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ ရှင်းလင်းပြောကြားသွားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 44 guests and no members online