ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ IOM ဌာေနကိုယ္စားလွယ္ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္ - ၃၁

134

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ရွမ္းျပည္နယ္႐ုံး ၫႊန္ၾကားေရးမႉး ဦးဝင္းလြင္ တို႔ႏွင့္ အတူ ဇူလိုင္ ၃၁ ရက္ နံနက္ ၁၁ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဧည့္ခန္းမ၌ ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္ျခင္းဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕အစည္း IOM မွ ျမန္မာႏိုင္ငံဌာေနကိုယ္စားလွယ္အႀကီးအကဲ Mr. Akio Nakayama ဦးေဆာင္ေသာအဖြဲ႕တို႔ေတြ႕ဆုံေၾကာင္းသိရသည္။

ထို႔သို႔ေတြ႕ဆုံရာတြင္ ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္ျခင္းဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕အစည္း IOM မွ ျမန္မာႏိုင္ငံဌာေန ကိုယ္စားလွယ္အႀကီးအကဲ Mr. Akio Nakayama မွ ပေရာဂ်က္ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးၿပီး၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ က်န္းမာေရးကိစၥရပ္ စစ္တမ္းေကာက္ယူမႈမ်ား ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ရွမ္းျပည္နယ္မွ ေ႐ႊ႕ေျပာင္းသြားလာ မည့္သူမ်ားႏွင့္ ပတ္သက္၍ မေ႐ႊ႕ေျပာင္းမီ သတင္းအခ်က္အလက္မ်ားသိလိုပါေၾကာင္း၊ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား ေကာင္းက်ိဳးမ်ားရရွိေစရန္ႏွင့္ ဆိုးက်ိဳးမ်ားမရွိႏိုင္ေစရန္အတြက္ ေဆြေႏြးပြဲမ်ား ျပဳလုပ္လ်က္ရွိၿပီး ၎ေဆြးေႏြးပြဲတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားလည္း တက္ေရာက္ခဲ့ပါေၾကာင္း၊ လူကုန္တားကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ မိမိတို႔ေတြ႕ရွိခဲ့ ရပါေၾကာင္းႏွင့္ ကိုယ့္ရပ္ကိုယ့္ေဒသတြင္ေနထိုင္လိုသူမ်ားအတြက္ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းကို မည္ကဲ့သို႔ ကူညီ ေဆာင္႐ြက္ေပးႏိုင္မည္ကို သိရွိလိုပါေၾကာင္းေဆြးေႏြးသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းသြားလာမႈတြင္ ေကာင္းက်ိဳးဆိုးက်ိဳးရွိသလို IOM အေနျဖင့္ကူညီေဆာင္႐ြက္ေပးေစလိုသည္မွာအသက္ေမြးဝမ္းေၾကာင္းအတြက္ ပညာရပ္မ်ားေပးေစလိုေၾကာင္းေဆြးေႏြးသြားၿပီး၊  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ရွမ္းျပည္နယ္႐ုံး ၫႊန္ၾကားေရးမႉးမွ ျမန္မာႏိုင္ငံတြင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ထိုင္း(ပထမ)၊ တ႐ုတ္(ဒုတိယ) အမ်ားဆုံးျဖစ္၍ တ႐ုတ္ႏိုင္ငံကို ရွမ္းေျမာက္ဘက္မွ လည္းေကာင္း၊ ထိုင္းႏိုင္ငံကို ရွမ္းအေရွ႕ဘက္မွလည္းေကာင္း သြားေရာက္ၾကေၾကာင္းေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် IOM ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင် - ၃၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ရုံး ညွှန်ကြားရေးမှူး ဦးဝင်းလွင် တို့နှင့် အတူ ဇူလိုင် ၃၁ ရက် နံနက် ၁၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်အကြီးအကဲ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့တွေ့ဆုံကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အကြီးအကဲ Mr. Akio Nakayama မှ ပရောဂျက်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျန်းမာရေးကိစ္စရပ် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်မှ ရွှေ့ပြောင်းသွားလာ မည့်သူများနှင့် ပတ်သက်၍ မရွှေ့ပြောင်းမီ သတင်းအချက်အလက်များသိလိုပါကြောင်း၊ ရွှေ့ပြောင်းသွားလာသူများ ကောင်းကျိုးများရရှိစေရန်နှင့် ဆိုးကျိုးများမရှိနိုင်စေရန်အတွက် ဆွေနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ၎င်းဆွေးနွေးပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း တက်ရောက်ခဲ့ပါကြောင်း၊ လူကုန်တားကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့တွေ့ရှိခဲ့ ရပါကြောင်းနှင့် ကိုယ့်ရပ်ကိုယ့်ဒေသတွင်နေထိုင်လိုသူများအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို မည်ကဲ့သို့ ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းဆွေးနွေးသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုတွင် ကောင်းကျိုးဆိုးကျိုးရှိသလို IOM အနေဖြင့်ကူညီဆောင်ရွက်ပေးစေလိုသည်မှာအသက်မွေးဝမ်းကြောင်းအတွက် ပညာရပ်များပေးစေလိုကြောင်းဆွေးနွေးသွားပြီး၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ရုံး ညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်း(ပထမ)၊ တရုတ်(ဒုတိယ) အများဆုံးဖြစ်၍ တရုတ်နိုင်ငံကို ရှမ်းမြောက်ဘက်မှ လည်းကောင်း၊ ထိုင်းနိုင်ငံကို ရှမ်းအရှေ့ဘက်မှလည်းကောင်း သွားရောက်ကြကြောင်းဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 79 guests and no members online