ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္နီေက်း႐ြာ၊ အေျခခံပညာအလယ္တန္းေက်ာင္း ေက်ာင္းေဆာင္သစ္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၃

137

ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္နီေက်း႐ြာ၊ အေျခခံပညာအလယ္တန္းေက်ာင္း ေက်ာင္းေဆာင္သစ္ဖြင့္ပြဲကို ၾသဂုတ္ ၃ ရက္ နံနက္ ၁၀ နာရီက ၎ေက်ာင္းေဆာင္သစ္ေရွ႕တြင္က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး၊ ေက်ာင္းေဆာင္ဆိုင္းဘုတ္အား အေမႊး နံ႔သာရည္မ်ားပက္ျဖန္းေပးခဲ့ၾကသည္။ 

၎ေနာက္ ေက်ာင္းေဆာင္သစ္အား လွည့္လည္ၾကည့္႐ႈၿပီး ဒုတိယပိုင္းအခမ္းအနားကို ေက်ာင္းခန္းမတြင္ ဆက္လက္ က်င္းပရာ   ျပည္နယ္လူမႈေရးဝန္ႀကီး၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ျပည္နယ္ဘ႑ာေရးဝန္ႀကီးတို႔မွ အမွာစကား အသီးသီးေျပာၾကားခဲ့ၿပီး၊ ကိုယ္စားလွယ္တစ္ဦးမွ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚသန္းေငြ၏ သဝဏ္လႊာကို ဖတ္ၾကားကာ၊ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉးမွ ပညာေရးလုပ္ငန္းမ်ားအားရွင္းလင္းတင္ျပခဲ့သည္။ ထို႔ေနာက္အၿငိမ္းစား မူလတန္းေက်ာင္းအုပ္ဆရာႀကီး ဦးေသာင္းေဖမွ အေျခခံပညာအလယ္တန္းေက်ာင္း(ေက်ာက္နီ) ျဖစ္ေပၚလာပုံသမိုင္းအား တင္ျပခဲ့သည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လႉဒါန္းေသာ ဗလာစာအုပ္ဒါဇင္(၁၀၀) အား ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီးမွလည္းေကာင္း၊ အားကစားပစၥည္းမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီးမွလည္းေကာင္း ေပးအပ္ရာ ေက်ာင္းအုပ္ဆရာမႀကီးမွ လက္ခံရယူခဲ့သည္။ ၎ေနာက္ ေက်ာင္းေဆာင္သစ္ဖြင့္ပြဲအထိမ္းအမွတ္အလံမ်ားအား ေက်ာင္းအုပ္ ဆရာမႀကီးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔မွ တာဝန္ရွိသူမ်ားထံ ေနရာအေရာက္လိုက္လံေပးအပ္ၿပီး အခမ္းအနားကို ႐ုပ္သိမ္း ခဲ့သည္။

အဆိုပါေက်ာင္းေဆာင္သစ္သည္ (၁၄၀×၃၀)ေပ အုတ္ၫွပ္ ၂ ထပ္ေက်ာင္းေဆာင္ျဖစ္ၿပီး ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ေငြလုံးေငြရင္းရန္ပုံေငြ (၁၂၆)သန္းျဖင့္ ျမမိုရ္စံ ေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ယူေဆာက္လုပ္ခဲ့ေၾကာင္း၊ အေျခခံပညာ အလယ္တန္းေက်ာင္းအဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ကိုလည္း ၎ဘ႑ာေရးႏွစ္၌ပင္ရရွိခဲ့ေၾကာင္းသိရွိရသည္။

အဖရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၃

 

တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို သြဂုတ် ၃ ရက် နံနက် ၁၀ နာရီက ၎င်းကျောင်းဆောင်သစ်ရှေ့တွင်ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကျောင်းဆောင်ဆိုင်းဘုတ်အား အမွှေး နံ့သာရည်များပက်ဖြန်းပေးခဲ့ကြသည်။ 

၎င်းနောက် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုပြီး ဒုတိယပိုင်းအခမ်းအနားကို ကျောင်းခန်းမတွင် ဆက်လက် ကျင်းပရာ   ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပြီး၊ ကိုယ်စားလှယ်တစ်ဦးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၏ သဝဏ်လွှာကို ဖတ်ကြားကာ၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးမှ ပညာရေးလုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာကြီး ဦးသောင်းဖေမှ အခြေခံပညာအလယ်တန်းကျောင်း(ကျောက်နီ) ဖြစ်ပေါ်လာပုံသမိုင်းအား တင်ပြခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဗလာစာအုပ်ဒါဇင်(၁၀၀) အား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ အားကစားပစ္စည်းများကို ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။ ၎င်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ကျောင်းအုပ် ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တာဝန်ရှိသူများထံ နေရာအရောက်လိုက်လံပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်သည် (၁၄၀×၃၀)ပေ အုတ်ညှပ် ၂ ထပ်ကျောင်းဆောင်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (၁၂၆)သန်းဖြင့် မြမိုရ်စံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ကိုလည်း ၎င်းဘဏ္ဍာရေးနှစ်၌ပင်ရရှိခဲ့ကြောင်းသိရှိရသည်။

အဖရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 39 guests and no members online