ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ႀကီးမႉးက်င္းပေသာ စုေပါင္းဝါဆိုသကၤန္းဆက္ကပ္လႉဒါန္း

ေတာင္ႀကီး ၾသဂုတ္ - ၆

138

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီးၿမိဳ႕၊ အတုလမာရဇိန္ဆုေတာင္းျပည့္ ျမတ္စြာဘုရား ၿမိဳ႕လယ္ဓမၼာ႐ုံႀကီး ၌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ႀကီးမႉးက်င္းပေသာ စုေပါင္းဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲကို ၾသဂုတ္ ၅ ရက္ နံနက္ ၉ နာရီခြဲက က်င္းပေၾကာင္းသိရသည္။

ဆရာေတာ္၊ သံဃာေတာ္ႀကီးမ်ားႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ အခမ္းအနားကို ဖြင့္လွစ္ၿပီး၊ ရွမ္းျပည္နယ္ သံဃာ့နာယကအဖြဲ႕ဥကၠဌ အဂၢမဟာ ပ႑ိတ ေတာင္ႀကီးၿမိဳ႕၊ မူလမင္းကြန္းပရိယတၱိစာသင္တိုက္ႀကီး၏ ဦးစီးပဓာနနာယက ဘဒၵႏၲပညာသိရီထံမွ ငါးပါး သီလခံယူေဆာက္တည္ၾကကာ ဆရာေတာ္သံဃာေတာ္မ်ားမွ ေမတၱာသုတ္ပရိတ္တရားေတာ္မ်ား ႐ြတ္ပြား ေပးၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက ဆရာေတာ္သံဃာေတာ္မ်ား၊ သီလရွင္ဆရာေလးမ်ားအား လႉဖြယ္ဝတၳဳပစၥည္း ႏွင့္ ဝါဆိုသကၤန္းမ်ားကို ဆက္ကပ္လႉဒါန္းေပးၾကသည္။

ထို႔ေနာက္ လႉဒါန္းမႈအစုစုတို႔အတြက္ ျပည္နယ္သံဃာ့နာယကအဖြဲ႕ဥကၠဌထံ အႏုေမာဓနာတရားနာၾကား၍ ေရစက္သြန္းခ် အမၽွေပးေဝၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တာဝန္ရွိသူတို႔က ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တောင်ကြီး သြဂုတ် - ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံကြီး ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပကြောင်းသိရသည်။

ဆရာတော်၊ သံဃာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာ ပဏ္ဍိတ တောင်ကြီးမြို့၊ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာသိရီထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွား ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာလေးများအား လှူဖွယ်ဝတ္ထုပစ္စည်း နှင့် ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းပေးကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌထံ အနုမောဓနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 17 guests and no members online