ရှမ်းပြည်နယ်သတင်းများ

ခ႐ိုင္အလိုက္ အသက္ (၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္ - ၇

140

၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္ (၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲဖြင့္ပြဲကို ၾသဂုတ္ ၆ ရက္မြန္းလြဲ ၂ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားကြင္း၌ က်င္းပခဲ့ေၾကာင္း သိရသည္။

ခ႐ိုင္အလိုက္ အသက္ (၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲက်င္းပျပဳလုပ္ရသည္ ရည္႐ြယ္ခ်က္မွာ ရွမ္းျပည္နယ္အတြင္းရွိေဒသမ်ားတြင္ ေဘာလုံးအဆင့္အတန္းတိုးတက္ျမင့္မားေရး၊ လူငယ္မ်ိဳးဆက္သစ္အားကစား သမားမ်ား ေမြးထုတ္ေပးႏိုင္ေရး၊ လူငယ္လူ႐ြယ္အခ်င္းခ်င္း ခ်စ္ခင္စည္းလုံးညီၫႊတ္မႈရရွိကာ က်န္းမာၿပီး ႀကံ႕ခိုင္ေသာလူငယ္မ်ားအျဖစ္ ရွမ္းျပည္နယ္၏အားကစားက႑ တိုးတက္လာေစရန္ႏွင့္ ႏိုင္ငံ့ဂုဏ္ေဆာင္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြက္လာေစရန္အတြက္ က်င္းပျပဳလုပ္ရျခင္းျဖစ္ေၾကာင္း၊ ၿပိဳင္ပြဲတြင္ တရားသျဖင့္ယွဥ္ၿပိဳင္ ႏိုင္ေအာင္ႀကိဳးပမ္း၊ ဆိုသည့္စိတ္ဓါတ္ထားရွိၿပီး မိမိကိုယ္စားျပဳခ႐ိုင္အသင္းအႏိုင္ရရွိေအာင္ တရားမၽွတစြာယွဥ္ၿပိဳင္ႀကိဳးစားၾကရန္ အားကစားသမားေကာင္းစိတ္ဓါတ္ထားရွိၿပီး၊ အႏိုင္အ႐ႈံးသည္ပဓာနမက်ဘဲ ယွဥ္ၿပိဳင္ျခင္းသည္သာအဓိက ဆိုသည့္ခံယူခ်က္ထားရွိကာ ယွဥ္ၿပိဳင္မႈတိုင္းကို သန္႔ရွင္းစြာ အေလးထား ယွဥ္ၿပိဳင္ ၾကရန္အထူးမွာၾကားလိုေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္႐ြတ္ဆိုၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ႏွင့္တာဝန္ရွိသူမ်ားက ၿပိဳင္ပြဲဝင္အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကကာ၊ ၿပိဳင္ပြဲပထမ ပြဲစဥ္အျဖစ္ လြိဳင္လင္ခ႐ိုင္ႏွင့္ ေက်ာက္မဲခ႐ိုင္အသင္းယွဥ္ၿပိဳင္ကစားေနမႈကို ၾကည့္႐ႈအားေပးၾကေၾကာင္းသိရသည္။

အဆိုပါၿပိဳင္ပြဲကို ရွမ္းျပည္နယ္အတြင္းရွိ ခ႐ိုင္ (၁၀)ခုမွ ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ၿပိဳင္ပြဲကို ၾသဂုတ္လ ၆ ရက္မွ ၁၇ ရက္ေန႔ထိ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခရိုင်အလိုက် အသက် (၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၇

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို သြဂုတ် ၆ ရက်မွန်းလွဲ ၂ နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်အလိုက် အသက် (၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရသည် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ်အားကစား သမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွှတ်မှုရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏အားကစားကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် တရားသဖြင့်ယှဉ်ပြိုင် နိုင်အောင်ကြိုးပမ်း၊ ဆိုသည့်စိတ်ဓါတ်ထားရှိပြီး မိမိကိုယ်စားပြုခရိုင်အသင်းအနိုင်ရရှိအောင် တရားမျှတစွာယှဉ်ပြိုင်ကြိုးစားကြရန် အားကစားသမားကောင်းစိတ်ဓါတ်ထားရှိပြီး၊ အနိုင်အရှုံးသည်ပဓာနမကျဘဲ ယှဉ်ပြိုင်ခြင်းသည်သာအဓိက ဆိုသည့်ခံယူချက်ထားရှိကာ ယှဉ်ပြိုင်မှုတိုင်းကို သန့်ရှင်းစွာ အလေးထား ယှဉ်ပြိုင် ကြရန်အထူးမှာကြားလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြကာ၊ ပြိုင်ပွဲပထမ ပွဲစဉ်အဖြစ် လွိုင်လင်ခရိုင်နှင့် ကျောက်မဲခရိုင်အသင်းယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် (၁၀)ခုမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို သြဂုတ်လ ၆ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 16 guests and no members online