ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး သြဂုတ် - ၇

141





\++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

GPS, Global Mapper, Ars GIS Software, Flying Camera UAV (Drone) အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်

တောင်ကြီး သြဂုတ် - ၇

GPS ကိုင်တွယ်အသုံးချခြင်း, Global Mapper နှင့် Ars GIS Software အသုံးပြု၍ မြေပုံထုတ်ခြင်း, Flying Camera UAV (Drone) အသုံးပြုမောင်းနှင်ခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို သြဂုတ် ၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ပြည်နယ်သစ်တောရုံး၊ ရတနာသစ်ခန်းမ၌ကျင်းပသည်။

ယနေ့ဖွင့်လှစ်သော သင်တန်းသည် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများကို သြဂုတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ၅ ရက်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်လုပ်ငန်းကဏ္ဍအသီးသီးတွင် တိုက်ရိုက်အကောင် အထည်ဖော်ဆောင်ရွက်နေသူများဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများ၏ အသိပညာအရည်အသွေး စွမ်းဆောင်ရည် ထက်မြက်မြင့်မားအောင် ဆောင်ရွက်ရေးသည် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သစ်တောကဏ္ဍ၏ စဉ်ဆက်မပြတ် သစ်တော်စီမံအုပ်ချုပ်မှုလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် RS/GIS အဆင့်မြင့်နည်းပညာများကို လူငယ်မျိုးဆက်သစ်များ ကျွမ်းကျင်စွာ အသုံးပြုလာနိုင်စေရန် အရည်အသွေးပြည့်မီသော မြေပုံများကို မြို့နယ်/ခရိုင်/တိုင်းဒေသကြီး/ပြည်နယ်တွင် ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်ပို့ချပေး ရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် အရေးကြီးသောကြောင့် သင်တန်းတက်ရောက် လာသောသင်တန်းသားများအနေဖြင့် မိမိတို့၏ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ အတွေ့အကြုံများကို အစွမ်းကုန်အသုံးပြုပြီး ကြိုးပမ်းလေ့လာကြရန်နှင့် မိမိတို့၏ သက်ဆိုင်ရာ မြို့နယ်/ ခရိုင်များတွင် ပြန်လည် အသုံးချနိုင်သည်အထိ တတ်မြောက်အောင် ကြိုးပမ်းသင်ယူကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောကြား သွားသည်။

ဆက်လက်၍ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြက GPS ကိုင်တွယ် အသုံးချခြင်း, Global Mapper နှင့် Ars GIS Software အသုံးပြု၍ မြေပုံထုတ်ခြင်း, Flying Camera UAV(Drone) အသုံးပြုမောင်းနှင်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း အကြောင်းရှင်းလင်းပြောကြားပြီး သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ ဦးစီးအရာရှိ၊ မြို့နယ်ဦးစီးဌာနမှူး၊ တောအုပ်ကြီး၊ တောအုပ်၊ တောကြပ် စုစုပေါင်း(၃၅)ဦး တက်ရောက်ကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 15 guests and no members online