ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ေငြရည္ပုလဲစြမ္းအင္ ကုမၸဏီ လီမိတက္တို႔ (MoA) သေဘာတူ စာခ်ဳပ္ လက္မွတ္ေရးထိုး

ေတာင္ႀကီး ၾသဂုတ္ - ၈

142

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ေငြရည္ပုလဲ စြမ္းအင္ကုမၸဏီလီမိတက္တို႔အၾကား ေက်ာက္မဲခ႐ိုင္၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဂယ္ေလာင္းေခ်ာင္းအတြင္း ေရအားလၽွပ္စစ္ထုတ္လုပ္ေရးစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္ (MoA) လက္မွတ္ေရးထိုးပြဲကို ၾသဂုတ္ ၈ ရက္ နံနက္ ၁၀ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး၊ ေငြရည္ပုလဲစြမ္းအင္ကုမၸဏီလီမိတက္မွ သေဘာတူစာခ်ဳပ္လက္မွတ္ ေရးထိုးျခင္းႏွင့္ပတ္သက္၍ အမႈေဆာင္ဒါ႐ိုက္တာ ဦးစိန္မ်ိဳးေအာင္က ရွင္းလင္းတင္ျပကာ၊ ျပည္နယ္ ေဒသႏၲရဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဥကၠဌ ျပည္နယ္စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္ ႏွင့္ ေငြရည္ပုလဲစြမ္းအင္ကုမၸဏီလီမိတက္တို႔ သေဘာတူစာခ်ဳပ္ (MoA) လက္မွတ္ေရးထိုးၾက၍ စာခ်ဳပ္မ်ားအျပန္အလွန္လဲလွယ္ၾကေၾကာင္းသိရသည္။

ကၽြန္ေတာ္တို႔ကုမၸဏီအေနႏွင့္ ၂၀၁၁ ခုႏွစ္ေလာက္မွစတင္ၿပီး သၾကားစက္၊ ႀကံစက္ လုပ္ငန္းကို ေဆာင္႐ြက္ခဲ့ပါတယ္။ ရရွိလာသည့္ႀကံဖတ္မ်ားႏွင့္ လၽွပ္စစ္စြမ္းအင္ကို အသုံးျပဳရာမွ ေနာက္ပိုင္းတြင္ ျပည္ေထာင္စုခြင့္ျပဳခ်က္ျဖင့္ ဂယ္ေလာင္းေခ်ာင္းမွအေသးစားေရအားလၽွပ္စစ္ တည္ေဆာက္ၿပီးသၾကားစက္ႏွင့္ ႀကံစက္ ကိုပို႔လႊတ္အသုံးျပဳခဲ့ရာ ယခု ဘိလပ္ေျမစက္႐ုံမွာ တစ္ရက္လၽွင္ တန္ (၄၀၀၀)စမ္းသပ္ထုတ္လုပ္ေနတာ (၁၀)ရက္ေလာက္ရွိပါၿပီ။ လၽွပ္စစ္ဓါတ္အား အေနျဖင့္ မီဂါဝပ္ ၆၀ ခန္႔လိုအပ္မွာျဖစ္သည့္အတြက္ ယခုစီမံကိန္းကို ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ဒီစီမံကိန္းစတင္ေဆာင္႐ြက္ၿပီဆိုပါက ေဒသခံျပည္သူ (၁၅၀)ဦးခန္႔ကို အလုပ္အကိုင္အခြင့္အလမ္း ရရွိေစႏိုင္မွာျဖစ္ၿပီး၊ ေက်း႐ြာ(၃)႐ြာရွိ ဆရာ၊ ဆရာမအား လစဥ္ေထာက္ပံ့ေပးၿပီး၊ ထိုေက်း႐ြာ(၃)႐ြာ အား လၽွပ္စစ္မီးအခမဲ့ေပးျခင္း၊ လမ္း၊ တံတား တို႔ကိုလည္း ကူညီေဆာင္႐ြက္ေပးသြားမည္ဟု ေငြရည္ပုလဲစြမ္းအင္ကုမၸဏီလီမိတက္ အမႈေဆာင္ဒါ႐ိုက္တာ ဦးစိန္မ်ိဳးေအာင္ကေျပာၾကားသြားသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ေငြရည္ပုလဲစြမ္းအင္ကုမၸဏီ လီမိတက္မွ တာဝန္ရွိသူမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ငွေရည်ပုလဲစွမ်းအင် ကုမ္ပဏီ လီမိတက်တို့ (MoA) သဘောတူ စာချုပ် လက်မှတ်ရေးထိုး

တောင်ကြီး သြဂုတ် - ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ငွေရည်ပုလဲ စွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဂယ်လောင်းချောင်းအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဆိုင်ရာ သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၈ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ငွေရည်ပုလဲစွမ်းအင်ကုမ္ပဏီလီမိတက်မှ သဘောတူစာချုပ်လက်မှတ် ရေးထိုးခြင်းနှင့်ပတ်သက်၍ အမှုဆောင်ဒါရိုက်တာ ဦးစိန်မျိုးအောင်က ရှင်းလင်းတင်ပြကာ၊ ပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် ငွေရည်ပုလဲစွမ်းအင်ကုမ္ပဏီလီမိတက်တို့ သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးကြ၍ စာချုပ်များအပြန်အလှန်လဲလှယ်ကြကြောင်းသိရသည်။

ကျွန်တော်တို့ကုမ္ပဏီအနေနှင့် ၂၀၁၁ ခုနှစ်လောက်မှစတင်ပြီး သကြားစက်၊ ကြံစက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ရရှိလာသည့်ကြံဖတ်များနှင့် လျှပ်စစ်စွမ်းအင်ကို အသုံးပြုရာမှ နောက်ပိုင်းတွင် ပြည်ထောင်စုခွင့်ပြုချက်ဖြင့် ဂယ်လောင်းချောင်းမှအသေးစားရေအားလျှပ်စစ် တည်ဆောက်ပြီးသကြားစက်နှင့် ကြံစက် ကိုပို့လွှတ်အသုံးပြုခဲ့ရာ ယခု ဘိလပ်မြေစက်ရုံမှာ တစ်ရက်လျှင် တန် (၄၀၀၀)စမ်းသပ်ထုတ်လုပ်နေတာ (၁၀)ရက်လောက်ရှိပါပြီ။ လျှပ်စစ်ဓါတ်အား အနေဖြင့် မီဂါဝပ် ၆၀ ခန့်လိုအပ်မှာဖြစ်သည့်အတွက် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းစတင်ဆောင်ရွက်ပြီဆိုပါက ဒေသခံပြည်သူ (၁၅၀)ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေနိုင်မှာဖြစ်ပြီး၊ ကျေးရွာ(၃)ရွာရှိ ဆရာ၊ ဆရာမအား လစဉ်ထောက်ပံ့ပေးပြီး၊ ထိုကျေးရွာ(၃)ရွာ အား လျှပ်စစ်မီးအခမဲ့ပေးခြင်း၊ လမ်း၊ တံတား တို့ကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ငွေရည်ပုလဲစွမ်းအင်ကုမ္ပဏီလီမိတက် အမှုဆောင်ဒါရိုက်တာ ဦးစိန်မျိုးအောင်ကပြောကြားသွားသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ငွေရည်ပုလဲစွမ်းအင်ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 32 guests and no members online