ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ေက်ာင္းျပင္ပ မူလတန္းပညာေရးလုပ္ငန္း ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္-၁၄

146

ရွမ္းျပည္နယ္ေက်ာင္းျပင္ပမူလတန္း ပညာေရးႏွင့္ပတ္သက္ၿပီး ၂၀၁၅ ခုႏွစ္ အမ်ိဳးသား ပညာေရးဥပေဒကို ျပင္ဆင္သည့္ဥပေဒတြင္ ေက်ာင္းျပင္ပညာေရးအခန္းက႑ကို ေဖာ္ၫႊန္းထားပါေၾကာင္း၊ယခုအခါ ပညာသင္ယူသူမ်ား အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ ေက်ာင္းျပင္ပႏွင့္ တစ္သက္တာပညာေရးဦးစီးဌာနကို ၂၀၁၆ ခုႏွစ္တြင္ အသစ္ဖြင့္လွစ္ၿပီးျဖစ္ပါေၾကာင္း၊ ယခုလိုဖြင့္လွစ္လိုက္ျခင္းသည္ ေက်ာင္းျပင္ပမူလတန္းပညာေရး လုပ္ငန္းႀကီး ေနာင္အနာဂတ္တိုင္ေအာင္ ခိုင္မာတည္တန္႔ေတာ့မည့္ အလားအလာေကာင္းေသာ အားသာခ်က္ တစ္ရပ္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ ၂၀၁၆-၁၇ ပညာသင္ႏွစ္၌ ဟိုပုံး၊ ေညာင္ေ႐ႊ၊ ဆီဆိုင္၊ ပင္ေလာင္း၊ ဖယ္ခုံ (၅)ၿမိဳ႕နယ္ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၇-၁၈ ႏွစ္ ၂၀၁၈-၁၉ ပညာသင္ႏွစ္တြင္ ဟိုပုံး၊ ေညာင္ေ႐ႊႏွင့္ လြိဳင္လင္ ၿမိဳ႕နယ္တို႔မွာ ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း၊ ဟိုပုံးၿမိဳ႕နယ္ရွိ ဘန္းကြန္အေျခစိုက္စခန္းႏွင့္ ဟိုခိုအေျခစိုက္စခန္းတြင္ ေက်ာင္းသား(၆၄)ဦး၊ ေညာင္ေ႐ႊၿမိဳ႕နယ္ နႏၵဝန္အေျခစိုက္ခစန္းတြင္း ေက်ာင္းသူ(၄၃)ဦးႏွင့္ လြိဳင္လင္ၿမိဳ႕နယ္ရွိ ကိုယ္ထူကိုယ္ထ ေက်ာင္းတြင္ ေက်ာင္းသား/ ေက်ာင္းသူ(၆၀)ဦး တက္ေရာက္ သင္ၾကားလ်က္ရွိပါေၾကာင္း၊ ေက်ာင္းျပင္ပမူလတန္း ပညာေရးအစီအစဥ္ ႀကီးၾကပ္ကြပ္ကဲျခင္းႏွင့္ပတ္သက္ၿပီး သင္တန္းသားကေလးမ်ား စာရင္း ေကာက္ရာတြင္ သင္တန္းစဖြင့္သည့္ရက္၌ အသက္(၁၀)ႏွစ္မွ (၁၄)ႏွစ္အတြင္းရွိ အေျခခံပညာ မူလတန္းမၿပီးဆုံးမီ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းထြက္ေနရေသာ ကေလးမ်ား၊ ေက်ာင္းလုံးဝမေနဖူးေသးေသာ ကေလးမ်ားကိုသာ စာရင္းေကာက္ယူရမွာျဖစ္ေၾကာင္း၊ အေျခစိုက္စခန္း တစ္ခုတြင္ သင္တန္းသားကေလးဦးေရ (၁၀)ဦးမွ (၁၉)ဦးရွိ လၽွင္ ဆရာ/ ဆရာမ (၁)ဦး၊ ပထမဆင့္ ႏွင့္ ဒုတိယဆင့္ (၂)ဆင့္ရွိလၽွင္ (၂)ဦး လ်ာထားၿပီး ပညာသင္ႏွစ္အတြင္း ကေလးဦးေရ ေလ်ာ့နည္း ပါကဆရာ/ ဆရာမဦးေရကို ေလ်ာ့ခ်ထားမည္ျဖစ္ေၾကာင္း၊ ဆရာ/ ဆရာမႏွင့္ ၿမိဳ႕နယ္ ႀကီးၾကပ္ေရးမႉးမ်ား ေ႐ြးခ်ယ္ရာတြင္ ေမတၱာ၊ ဂ႐ုဏာ၊ ဝါသနာရွိေသာ ပုဂၢိဳလ္၊ အနည္းဆုံးပညာသင္ႏွစ္ (၂)ႏွစ္ ဆက္တိုက္ တာဝန္ယူႏိုင္သူမ်ားကို ဦးစားေပးေ႐ြးခ်ယ္ရမည္ျဖစ္ေၾကာင္း၊ ၾသဂုတ္ ၁၄ ရက္ နံနက္ (၉)နာရီက ေတာင္ႀကီးၿမိဳ႕၊ အ.ထ.က (၁) ေဒၚခင္သိန္းခန္းမ၌ က်င္းပေသာ ရွမ္းျပည္နယ္ ေက်ာင္းျပင္ပမူလတန္းပညာေရး လုပ္ငန္းဖြင့္ပြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္၊ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဆရာႀကီးဦးဝင္းေမာင္က ေက်ာင္းျပင္ပ ပညာေရးကိစၥေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးအံ့ေမာ္က ဟိုပုံးၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ လြိဳင္လင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးမ်ားအား ၿမိဳ႕နယ္ႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒တာဝန္ေပးအပ္လႊာမ်ားေပးအပ္ကာ ထူးခၽြန္ေက်ာင္းသား/ေက်ာင္းသူမ်ားအားဆုခ်ီးျမႇင့္ရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး  ေဒါက္တာမ်ိဳးထြန္းတို႔က  ဆုရရွိသူမ်ားအား   ဆုခ်ီးျမႇင့္ၿပီး၊ အလႉေငြႏွင့္ ပစၥည္းမ်ားေပးအပ္ရာ ျပည္နယ္ပညာေရးမႉး ဦးဝင္းေမာင္က ဟိုပုံးၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ လြိဳင္လင္ၿမိဳ႕နယ္ ႀကီးၾကပ္ေရးမႉးတို႔အားေပးအပ္ၿပီး ဟိုပုံးၿမိဳ႕နယ္မွ ေက်ာင္းျပင္ပမူလတန္းပညာေရး သင္တန္းသား ေမာင္ခြန္ထြန္းျဖဴက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားကာ ဟိုပုံးၿမိဳ႕နယ္မွ သင္တန္း ဆရာ/ဆရာမမ်ားက "ကေလးမ်ားအတြက္ ဒီေန႔" သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖ၍ အခမ္းအနားကို ႐ုပ္သိမ္းလိုက္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ်-၁၄

ရှမ်းပြည်နယ်ကျောင်းပြင်ပမူလတန်း ပညာရေးနှင့်ပတ်သက်ပြီး ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ကျောင်းပြင်ပညာရေးအခန်းကဏ္ဍကို ဖော်ညွှန်းထားပါကြောင်း၊ယခုအခါ ပညာသင်ယူသူများ အတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် အသစ်ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ယခုလိုဖွင့်လှစ်လိုက်ခြင်းသည် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းကြီး နောင်အနာဂတ်တိုင်အောင် ခိုင်မာတည်တန့်တော့မည့် အလားအလာကောင်းသော အားသာချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်၌ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ (၅)မြို့နယ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၁၈ နှစ် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဟိုပုံး၊ ညောင်ရွှေနှင့် လွိုင်လင် မြို့နယ်တို့မှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ်ရှိ ဘန်းကွန်အခြေစိုက်စခန်းနှင့် ဟိုခိုအခြေစိုက်စခန်းတွင် ကျောင်းသား(၆၄)ဦး၊ ညောင်ရွှေမြို့နယ် နန္ဒဝန်အခြေစိုက်ခစန်းတွင်း ကျောင်းသူ(၄၃)ဦးနှင့် လွိုင်လင်မြို့နယ်ရှိ ကိုယ်ထူကိုယ်ထ ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၆၀)ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း၊ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ် ကြီးကြပ်ကွပ်ကဲခြင်းနှင့်ပတ်သက်ပြီး သင်တန်းသားကလေးများ စာရင်း ကောက်ရာတွင် သင်တန်းစဖွင့်သည့်ရက်၌ အသက်(၁၀)နှစ်မှ (၁၄)နှစ်အတွင်းရှိ အခြေခံပညာ မူလတန်းမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်နေရသော ကလေးများ၊ ကျောင်းလုံးဝမနေဖူးသေးသော ကလေးများကိုသာ စာရင်းကောက်ယူရမှာဖြစ်ကြောင်း၊ အခြေစိုက်စခန်း တစ်ခုတွင် သင်တန်းသားကလေးဦးရေ (၁၀)ဦးမှ (၁၉)ဦးရှိ လျှင် ဆရာ/ ဆရာမ (၁)ဦး၊ ပထမဆင့် နှင့် ဒုတိယဆင့် (၂)ဆင့်ရှိလျှင် (၂)ဦး လျာထားပြီး ပညာသင်နှစ်အတွင်း ကလေးဦးရေ လျော့နည်း ပါကဆရာ/ ဆရာမဦးရေကို လျော့ချထားမည်ဖြစ်ကြောင်း၊ ဆရာ/ ဆရာမနှင့် မြို့နယ် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရာတွင် မေတ္တာ၊ ဂရုဏာ၊ ဝါသနာရှိသော ပုဂ္ဂိုလ်၊ အနည်းဆုံးပညာသင်နှစ် (၂)နှစ် ဆက်တိုက် တာဝန်ယူနိုင်သူများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း၊ သြဂုတ် ၁၄ ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ အ.ထ.က (၁) ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းမောင်က ကျောင်းပြင်ပ ပညာရေးကိစ္စဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအံ့မော်က ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌတာဝန်ပေးအပ်လွှာများပေးအပ်ကာ ထူးချွန်ကျောင်းသား/ကျောင်းသူများအားဆုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး  ဒေါက်တာမျိုးထွန်းတို့က  ဆုရရှိသူများအား   ဆုချီးမြှင့်ပြီး၊ အလှူငွေနှင့် ပစ္စည်းများပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ လွိုင်လင်မြို့နယ် ကြီးကြပ်ရေးမှူးတို့အားပေးအပ်ပြီး ဟိုပုံးမြို့နယ်မှ ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသား မောင်ခွန်ထွန်းဖြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဟိုပုံးမြို့နယ်မှ သင်တန်း ဆရာ/ဆရာမများက "ကလေးများအတွက် ဒီနေ့" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

 

မောင်မောင်သန်း (တောင်ကြီး)

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 41 guests and no members online